ဖလော်ဒါဟန် - အလင်းနဲ့ အမှောင်ကြားက ပညာရေးနှင့် လူငယ်များရဲ့ အနာဂတ်
ဖလော်ဒါဟန် - အလင်းနဲ့ အမှောင်ကြားက ပညာရေးနှင့် လူငယ်များရဲ့ အနာဂတ်
မိုးမခ ၊ ဇွန် ၂၁ ၊ ၂၀၂၆
ဒီကနေ့ ကျွန်မအတွက် မထင်မှတ်ထားသည့် အပြောတွေ ကြားရချိန်မှာ သာမန်လူတွေအတွက် နိုင်ငံရေး၊ ပညာရေးသည် တိမ်ဝှက်ပျောက်ကွယ်နေတာ မဟုတ်ရပါ။ ဤသည်မှာ ပြည်သူများရဲ့ လွတ်လပ်ခြင်းတွေလို့ မြင်မိပါတယ်။
ကျွန်မ ကလေးငယ်လေးတွေကို စာတတ်လိမ္မာ ယဉ်ကျေးစေချင်သည့်စိတ်ဖြင့် အပင်ပန်းခံ ပညာသင်ပေးသည်။ ဒါကို ကျွန်မကို တွန်းအားပေးသူ ရှိသလို၊ ယနေ့ခေတ် အဖြစ်အပျက်များနဲ့ ချိန်ထိုးပြောဆိုနေတာတွေလည်း ရှိပါတယ်။
ပညာရေးမှာ အတန်းပညာသည် မြန်မာပြည်အတွက် သေးသိမ်လှသည့် စနစ်တစ်ခုမှာ ရပ်တည်နေရတာပါ။ ယနေ့အချိန် အင်တာဗျူးများစွာမှာ ရေပန်းစား (Popular) ဖြစ်နေသည့် သုတစုံလင် ဗုဒ္ဓဝင်မှ ဆုရသွားသူများသည် ဗုဒ္ဓစာပေနှင့်ပတ်သက်လို့ စာမျက်နှာအရွက် ၅၀၀ လောက်ကို ထုံးလိုချေ ရေလိုနှောက် အလွတ်ကျက်ပြီး ငွေကြေးအမြောက်အမြားနဲ့ ဆုချီးမြှင့်မှုများစွာကို ဆွတ်ခူးခဲ့ကြတာပါ။ ဒါက ပညာရေး မဟုတ်သလို၊ နိုင်ငံတကာအဆင့် Global ပညာရပ်တော့ မဟုတ်ပါဘူး။ သို့ပေမဲ့ မြန်မာပြည်မှာ နှစ်စဉ်ကျင်းပနေသည့် ဘာသာရေးဆိုင်ရာ ဉာဏ်စွမ်းရည်ပြိုင်ပွဲကြီးပါ။
သူငယ်တန်း (KG) မှစလို့ တက္ကသိုလ်ဝင်ခွင့်အောင်ဖို့ ကျောင်းစာကို လူငယ်များ ကြိုးစားကြရသည်။ သို့သော် ဘာအထောက်အပံ့မှ မရကြပါ။ ဒီနေရာမှာ ပြောချင်တာက မြန်မာပြည်မှ ကျောင်းသားလူငယ်များသည် ပညာရေးအခွင့်အရေး မရှိသလို၊ ပံ့ပိုးပေးမည့်သူ (Sponsor) လည်း မရှိပါ။ ငွေကြေးမပြည့်စုံပါက ကျောင်းမတက်နိုင်တော့ပါ။
မြန်မာပြည်၏ ပညာရေးနှင့် ဘာသာရေးသည် အလွန်အင်မတန်မှ အဆင့်အတန်း ကွာခြားလှပါသည်။ ဘာသာရေးအဆောက်အအုံများနှင့် နေထိုင်မှုစနစ်သည် အလွန်ကို ပြည့်စုံလှသည်။
အစိုးရကျောင်း (State Schools) များသည် ချို့တဲ့ကြသည်၊ အထောက်အပံ့ မရှိကြပါ။ ကျောင်းများ ယိုယွင်းလာသည်၊ ပညာရေး အထောက်အပံ့များသည် တဖြည်းဖြည်းနှင့် မှေးမှိန်လာသည်။ မြန်မာပြည်၏ လူနေမှုစနစ်မှာ ဘာသာရေး အဆောက်အအုံများနှင့် ထောက်ပံ့မှု၊ ချီးမြှင့်မှုများ တဟုန်ထိုး မြင့်မားလျက်ရှိသည်။ ထိုအခါ ကျောင်းသားလူငယ်များသည် ယနေ့အချိန် ဘာသာရေးနဲ့ ဆက်နွှယ်သည့် ကဏ္ဍများကို မှီခိုလာကြသည်။
လက်တွေ့မှာတော့ အမှောင်သည် အလင်းကို အန်မတုနိုင်သလို၊ ပညာရေးသည်လည်း ငွေကြေးဆိုသည့် အတိုင်းအတာတစ်ခုအောက်မှာ ကျရှုံးလျက်ရှိပါကြောင်း။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar