Breaking News

ဖိုးရွှေညီမှိုင်း - ဒုက္ခနိုင်ငံတော်

Art- KT# 
ဒုက္ခနိုင်ငံတော်
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၆


နေကောင်းလားဆိုတော့
ကောင်းပါတယ်
တကယ်ကောင်းနေတာလည်း
မဟုတ်ဘဲနဲ့
အဆင်ပြေလားဆိုတော့
ပြေပါတယ်
တကယ်ပြေနေတာလည်း
မဟုတ်ဘဲနဲ့
ဘယ်သူ့မှမထိခိုက်စေချင်တော့
မုသားဖြူတွေ
ငါပြော ပြော နေရ။

ဒီခေတ်ထဲမှာ
ဘယ်သူတွေများ တကယ်နေကောင်းနေလို့လဲ
ကောင်းနေသူတွေဆိုတာ
လက်ချိုးရေလို့ရ
ဘယ်သူတွေများ တကယ်အဆင်ပြေနေလို့လဲ
အဆင်ပြေနေသူတွေဆိုတာ
လက်ချိုးရေလို့ရ။

တနိုင်ငံလုံးပေါင်း
လက်ဆယ်ချောင်းမပြည့်ဘူး
ဒီနိုင်ငံမှာ
ငါတို့နေ နေကြ။

(၂၀၂၆ ဇူလိုင်လ)
-
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar