ဆလိုင်းဇုန် - မဆိုရသေးတဲ့ တေးသွား
မဆိုရသေးတဲ့ တေးသွား
ဆလိုင်းဇုန်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၆
ကမ္ဘာက သစ်ပြီးရင်းသစ်လာတော့
ငါ့ပေါင်မုန့်ချပ်ကြား
အသင့်စားသတင်းနဲ့
ထိုထိုဤဤရုပ်သံ အတိုအထွာနဲ့
မနက်ခင်း ….
နေကောင်းကျန်းမာရဲ့လား လို့
တနေ့တာ နှုတ်ဆက်ရင်း
ငါကိုယ်တိုင် အဖျားတက်ခဲ့တယ်….
အစစ်က မသေဘူးတဲ့
နေ့လယ်ခင်းမှာ
Elton John ရဲ့ တေးသီချင်းများ ကြားခဲ့တယ်
ခုမှ ချက်ချင်းသတိရမိ
တေးသွားများစွာ
ရင်အုံထဲ သိမ်းဆည်း
မဆိုညည်းနိုင်သေး ….
ညနေ ဆည်းဆာရေ …..
ဆလိုင်းဇုန်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၆
ကမ္ဘာက သစ်ပြီးရင်းသစ်လာတော့
ငါ့ပေါင်မုန့်ချပ်ကြား
အသင့်စားသတင်းနဲ့
ထိုထိုဤဤရုပ်သံ အတိုအထွာနဲ့
မနက်ခင်း ….
နေကောင်းကျန်းမာရဲ့လား လို့
တနေ့တာ နှုတ်ဆက်ရင်း
ငါကိုယ်တိုင် အဖျားတက်ခဲ့တယ်….
အစစ်က မသေဘူးတဲ့
နေ့လယ်ခင်းမှာ
Elton John ရဲ့ တေးသီချင်းများ ကြားခဲ့တယ်
ခုမှ ချက်ချင်းသတိရမိ
တေးသွားများစွာ
ရင်အုံထဲ သိမ်းဆည်း
မဆိုညည်းနိုင်သေး ….
ညနေ ဆည်းဆာရေ …..
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
