လင်းလက်နွေဦး - အမွေ
လင်းလက်နွေဦး - အမွေ
မိုးမခ ၊ ဇူလိုင် ၂၂ ၊ ၂၀၂၆
မဆုံးမတော့ စုန်းမတွေ ဖြစ်
ဆုံးမ မရ အဆုံးထိမိုက်ကြ
မိမဆုံးမ ဖမဆုံးမနိုင်ငံမှာ
စိတ်တောင်ပံကျိုး
ပိုးထိုးမျိုးစေ့
လယ်ယာမြေကောင်း ဘယ်တွေ့မလဲ။
မနေ့က အာဇာနည်
ဒီနေ့ အာဇာနည်
လာမယ့် အာဇာနည်
အာဇာနည်သွေးနဲ့ စတေးရတဲ့ ဓလေ့။
ကေသရာဇာခြင်္သေ့အဆီ
သိင်္ဂီရွှေခွက်နဲ့မှ ထိုက်တန်သတဲ့
'လုံ' အတွင်း
ခုန်ဆင်းလိုက်ရုံပေါ့။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar