Breaking News

လင်းလက်နွေဦး - အမွေ


လင်းလက်နွေဦး - အမွေ

မိုးမခ ၊ ဇူလိုင် ၂၂ ၊ ၂၀၂၆


မဆုံးမတော့ စုန်းမတွေ ဖြစ်

ဆုံးမ မရ အဆုံးထိမိုက်ကြ

မိမဆုံးမ ဖမဆုံးမနိုင်ငံမှာ

စိတ်တောင်ပံကျိုး

ပိုးထိုးမျိုးစေ့

လယ်ယာမြေကောင်း ဘယ်တွေ့မလဲ။


မနေ့က အာဇာနည်

ဒီနေ့ အာဇာနည်

လာမယ့် အာဇာနည်

အာဇာနည်သွေးနဲ့ စတေးရတဲ့ ဓလေ့။


ကေသရာဇာခြင်္သေ့အဆီ

သိင်္ဂီရွှေခွက်နဲ့မှ ထိုက်တန်သတဲ့

'လုံ' အတွင်း

ခုန်ဆင်းလိုက်ရုံပေါ့။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar