Breaking News

တိုးနှောင်မိုး - နိုင်ငံတော်ကိုဖုန်းဆက်ခြင်း

နိုင်ငံတော်ကိုဖုန်းဆက်ခြင်း
တိုးနှောင်မိုး
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀ မြည်နေတဲ့တယောက အလံကိုလေထဲပြောင်းပြန်လွှင့်တယ်၊၊ နိုင်ငံတော်က ဆွံ့အနားမကြား လွှတ်တော်ကဟမ်ဘာဂါမစားဖူးတဲ့မျောက် နောက်ဂျွန်းကိုငေါ့ပြပြီးထိုးတယ် တရားဥပဒေကဖုန်းမကိုင်ဘူး ပြန်ဖြေနေတဲ့ဟာသ မရယ်ရဘူး မျက်ရည်ပဲကျတယ်၊၊ ငှက်တွေကစစ်ချီလို့ စာပို့ခိုကဖုန်းခေါ်လို့ အိပ်မက်ကဆားရည်စိမ်လို့ အမှန်တရားကကိုယ်တိုင်ကိုယ့်ကိုကိုယ်ပြန်ရှာလို့ အတိတ်ကမျက်မှန်စိမ်းနဲ့၊၊ သစ်ခွဲသားတွေ သွေးစက်လက်အော်နေတယ် တောတွေတောင်တွေရင်ကွဲပက်လက် ဓာတ်ဆီဆိုင်ရှေ့ ကွမ်းတံထွေးတွေမြင်မကောင်းသလို အလံကငိုတယ် ဖုန်ခေါ်တာဘယ်သူလဲ ဖုန်းတွေလာနေပြီ ဖုန်းကိုင်မဲ့သူမရှိဘူး၊၊ မှတ်တိုင်မှာ မိုင်တိုင်အမှတ်၈၉ သတိရလိုက်တာလုပ်ကြံမှုများ နထင်တေ့ပစ်တဲ့သာယာခြင်း လက်တုန့်မပြန်တာပဲကောင်းတယ် မနက်ဖြန်အထိရှည်နေတဲ့သံသရာ ဘယ်အထိသက်ဆိုးရှည်မလဲ၊၊ ငါစိတ်ကူးကိုပြာချခဲ့ပြီ ငါ့အလံကိုတိုင်ထိပ်အထိလွှင့်ခဲ့ပြီ ဖုန်းမရှိပဲဖုန်းဆက်နေမိတာငါအမှား ငါ့မှာလည်းဖုန်းမရှိဘူး နိုင်ငံတော်မှာလည်းဖုန်းမရှိဘူး၊၊ ငါအခု စစ်ပွဲထဲမှာ၊၊