Breaking News

မောင်ကြူးရင့် - ကြယ်ရောင်ထဲကပုံရိပ်

ကြယ်ရောင်ထဲကပုံရိပ်
မောင်ကြူးရင့်
(မိုးမခ) မတ် ၂၆၊ ၂၀၂၀

ကိုဗစ်ကပ်ရောဂါအတွက်
ဘော်လန်တီယာလိုပ်ဖို့
အဆိုပြုသူ ပေါ်လာတယ်

ကိုဗစ်ကပ်ရောဂါအတွက်
တာဝန်ထမ်းဆောင်ဖို့
ကိုယ်တိုင်အဆိုပြုသူ
ဆရာဝန်တွေပေါ်လာတယ်

ကိုယ်ဗစ်ကပ်ရောဂါအတွက်
လိုရာအသုံးပြုဖို့
လှုဒါန်းသူတွေပေါ်လာတယ်

ယုံကြည်ရာလုပ်ဖို့
အသက်စွန့်သူတွေရှိတယ်

သူရဲကောင်းဆိုတာ
အရေးအခင်းတခုကြုံလာရင်
အသက်ကိုမငဲ့ကွက်ပဲ
လူများစုကိုရွတ်ရွတ်ချွန်ချွန်
ကယ်တင်လုပ်ဆောင်သူကို
သူရဲကောင်းလို့ခေါ်တယ်

၂၅. ၃. ၂၀၂၀