Breaking News

နေလင်း - အဝေးကွင်း၏အဝေး

Photo- The Myanmar Times
အဝေးကွင်း၏အဝေး
နေလင်း
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၀


ဟဲလို
သမီးပါ
ရပ်ကွက်တွေမှာ လမ်းတွေပိတ်ထားလို့
အခက်အခဲဖြစ်နေကြရပြီ အမေ



လူစုမနေရဘူးတဲ့
တစ္ဆေမှင်စာတွေလို ဇွန်ဘီလားလူလားမကွဲတဲ့ညထဲ
ကျွန်မတို့သတ္တိကောင်းကြရတော့မယ်



ကားခနှစ်ဆနဲ့ ပိတ်ရက်ရွာပြန်လာမိ
ရွာမှာလဲ ရွာရဲ့စည်းမို့မိသားစုနဲ့မနေခဲ့ကြရဘူး
ခြောက်ပေအကွာက မြင်တွေ့စကားပြော
စုထားလို့ရတာလေးတွေ ပေးရုံ
ဂိမ်းအိုဗာဒိတ်အမီ အိမ်မရောက်ခဲ့ရပဲ
အိမ်ကိုပြန်ခဲ့ရ
အိမ်ကပြန်တော့လဲ အငှားအိမ်တွေဟာ
အဝေးကွင်းဖြစ်သွားကြပြန်တာပဲ



ဒီတစ်ခါလဲ
ကံတရားကကျွန်မကိုမှားတယ်တဲ့
သမီးမငိုချင်ဘူးအမေ
အမေတို့များငိုချင်သွားစေမလား
ညထဲ......ဖုန်းလေးကိုစက်ပိတ်လိုက်တယ်
တစ်ယောက်တည်းပဲဘဝကိုအံကြိတ်တော့မယ်အမေ။