ဧရာ(မန္တလေး) - ကပ်ဘေးကို ဘယ်လို ရင်ဆိုင် ကျော်လွှားကြမလဲ

(မိုးမခ) ဧပြီ ၈၊ ၂၀၂၀ဝူဟန်မြို့က စခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်က တကမ္ဘာလုံးကို အရှိန်အဟုန်နဲ့ ကူးစက်ပြန့်ပွားသွားတော့ နိုင်ငံ အသီးသီးကလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အသည်းအသန် ခုခံကာကွယ်နေကြရတယ်။ ဒီကပ်ဘေးကြီး ဘယ်တော့ ပြီးမလဲ...။ ဒီကပ်ဆိုးကြီးကို ဘယ်လို ကျော်လွှားနိုင်မလဲ ဆိုတာ ဖြစ်နိုင်တဲ့ နည်းလမ်း သုံးသွယ် ရှိပါတယ်။
⚠
ပထမနည်းလမ်းကတော့ ၂၀၀၃-ခုနှစ် SARS ကပ်ဘေးတုန်းကလို နိုင်ငံအားလုံးက တပြို်ငနက်တည်း တညီတညွတ် ပူးပေါင်းပြီး အနိုင်တိုက်ခဲ့တာပါ။ ဒါပေမယ့် အခုကပ်ဘေးမှာတော့ ဒီလိုလုပ်နိုင်ဖို့ အတော်လေးခက်သွားပါပြီ။ ရောဂါစ ဖြစ်ချိန်မှာ တရုတ်က သတင်း အချက်အလက်တွေကို ဖုံးဖိထားခဲ့တယ်။ ဒီဗိုင်းရပ်စ်က ဘယ်လို မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ပြီး လူတွေဆီကို ကူးစက်လာနိုင်တာလဲ ဆိုတာကို နားလည်ဖို့နဲ့ ကာကွယ်ဆေး ထုတ်ဖော်နိုင်ဖို့ အတွက် အလွန် အရေးကြီးလှတဲ့ ပထမဆုံးလူနာ patient zero နဲ့ ပတ်သက်တဲ့ အချက်လက်တွေကို တရုတ်က ကမ္ဘာကို ချပြခဲ့ခြင်း မရှိပါဘူး။ ဒါတွေကြောင့်လည်း အချို့က ဇီဝလက်နက် တခုများလေလားလို့ သံသယ ဝင်ခဲ့ကြတာပါ။
WHO ကလည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေကို အချိန်မှီ ဖိတ်ခေါ်ရမယ့် အစား၊ တရုတ်ရဲ့ ကူးစက်ရောဂါ ကိုင်တွယ်ပုံတွေကို မဟာချီးမွမ်းခန်း ဖွင့်ပြီး အချိန်ဖြုန်းခဲ့ပါတယ်။ ဒါဟာ တရုတ်က WHO အပေါ် ဩဇာလွှမ်းမိုးမှု ကြီးလာခြင်းရဲ့ အကျိုးဆက် ဖြစ်တယ်လို့ အချို့က ထောက်ပြပါတယ်။
အရင်က ခေါင်းဆောင်မှုပေးခဲ့တဲ့ အမေရိကန်နိုင်ငံကလည်း မူဝါဒ အပြောင်းအလဲတွေကြောင့် ခေါင်းရှောင် နေခဲ့ရုံသာမက၊ အစပိုင်းမှာ သာမာန် ရာသီတုတ်ကွေး သာသာ သဘောထားခဲ့ပြီး၊ ကိုယ့်နိုင်ငံအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ကိုတောင် ပျက်ကွက်ခဲ့တယ်။ ဒါကြောင့် ဒီအချိန်မှာ ဒီနည်းလမ်းက အတော်လေး နောက်ကျသွားပြီလို့ ဆိုနိုင်ပါတယ်။
⚠
ဒုတိယလမ်းကတော့ လူတိုင်းရောဂါ ပြီးသွားတာပါ။ ဒါကို herd immunity လို့ခေါ်ပါတယ်။ ကာကွယ်ဆေး ကြောင့် ဖြစ်စေ၊ လူတွေရဲ့ ပင်ကိုယ်သဘာဝ ကိုယ်ခံအားကြောင့် ဖြစ်စေ လူအတော်များများ ရောဂါပြီးသွားရင် ဆက်ပြီး ကူးစက်မှု ဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေး ထုတ်တယ်ဆိုတာက နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ အဆင့်ဆင့် စမ်းသပ် သုတေသနပြုပြီးလို့ တရားဝင် ဆေးဝါးထုတ်လုပ်ခွင့် ရပြီဆိုရင်တောင် လူတိုင်းအတွက် လုံလောက်တဲ့ ပမာဏကို ထုတ်နိုင်ဖို့ အတွက် အချိန် ထပ်ပြီး ယူပါလိမ့်ဦးမယ်။
လူတွေရဲ့ ပင်ကိုယ် ကိုယ်ခံအားနဲ့ ရောဂါပြီးတယ်ဆိုတာကတော့ ရှင်းရှင်းပြောရရင် ကူးနိုင်သလောက် ကူးပြီး ခံနိုင်ရည် မရှိသူတွေ ဆုံးပါး, ခံနိုင်ရည် ရှိသူတွေသာ ကျန်တဲ့ အဖြစ်မျိုးပါ။ COVID-19 ရဲ့ ရောဂါကူးစက်မှုနှုန်းက (Reproductive rate R0 = 2 to 2.5) လူတစ်ယောက်ကနေ နောက်ထပ်လူ နှစ်ယောက်ကနေ နှစ်ယောက်ခွဲလောက်ထိကို ကူးစက်နိုင်ပါတယ်။ ဒီတော့ လူဦးရေရဲ့ 60% လောက်အထိ ကူးစက်ပြီးမှ herd immunity ကို ရနိုင်ပါတယ်။ ဒီရောဂါရဲ့ သေနှုန်းက 1% လောက်ရှိတော့ လူဦးရေရဲ့ 0.6% လောက် သေဆုံးရနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးကိရိယာ မလုံလောက်တဲ့ နိုင်ငံတွေမှာ ဆိုရင်တော့ သေဆုံးနှုန်းက ဒီထက်မက မြင့်သွားနိုင်ပါတယ်။ မတတ်နိုင်တဲ့ အဆုံးမှသာ ဒီလိုအခြေအနေမျိုးကို အရောက်ခံကြမှာပါ။ ဒီအခြေအနေကို ရောက်သွားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
⚠
တတိယလမ်းကတော့ ကာကွယ်ဆေး မရမီ ကာလအတွင်းမှာ ကူးစက်မှုနှုန်းက ကုသပေးနိုင်တဲ့ ဆေးဝါးကိရိယာ, ကျန်းမာရေးဝန်ထမ်း အင်အားထက် မကျော်အောင် ထိန်းထားနိုင်ဖို့ပါ။ ဒီလို ထိန်းဖို့ဆိုတာက ပထမအဆင့်အနေနဲ့ကတော့ မျက်နှာဖုံးတပ်ထားတာ, လက်ကို ဆပ်ပြာနဲ့ ဆေးကြောတာ, သံသယရှိသူတွေ, ရောဂါရှိသူနဲ့ ထိတွေ့ထားသူတွေကို ထောက်လှမ်းရှာဖွေပြီး သီးသန့်ခွဲခြားတာ, လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေကို တားမြစ်တာ, လူတွေ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေတာ စတာတွေပါ။ ဒါပေမယ့် လက်တွေ့မှာ ဒီဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်စွမ်းက ပထမအဆင့်နဲ့ မလုံလောက်တော့ပါဘူး။ မြို့ရွာတွေ အဝင်အထွက် အသွားအလာ ကန့်သတ်ပိတ်ပင်တာ၊ ကျောင်းတွေ, အလုပ်တွေ ပိတ်တာ, ဖြစ်နိုင်ရင် အလုပ်တွေကို ကိုယ့်အိမ်ကနေ လုပ်ခိုင်းတာ၊ နောက်ဆုံးအဆင့် အိမ်ပြင်မထွက်ရ တားမြစ်ချက်ထုတ်တာမျိုးတွေထိ လုပ်ဖို့ လိုလာပါတယ်
ပိတ်ဆို့တားမြစ်မှုတွေက ပုံစံအမျိုးမျိုး အဆင့်အမျိုးမျိုး ရှိနေနိုင်ပါတယ်။ စင်္ကာပူမှာ Lockdown ဆိုတဲ့ စကားလုံးအစား Circuit Breaker လို့ သုံးသွားပါတယ်။ အိန္ဒိယမှာတော့ ၂၁-ရက် အိမ်အပြင် မထွက်ဖို့ တားမြစ်ပါတယ်။ ရာမာယနဇာတ်ထဲမှာ လက္ခဏမင်းသားက သီတာဒေဝီကို စည်းဝိုင်း တားပြီးပေးခဲ့သလို ကိုရိုနာ ဘီလူးအဆွဲ မခံရဖို့အတွက် ကိုယ်အိမ် နယ်နိမိတ်ကို ‘လက္ခဏ ရေခ’ စည်း အဖြစ် မှတ်ယူပြီး နေပေးကြဖို့၊ မဟာဘာရတမှာ ကုရုခေတ္တစစ်ပွဲကို ၂၁-ရက်နဲ့ အနိုင်ယူသလို ကိုရိုနာဗိုင်းရပ်စ်ကို ၂၁-ရက်နဲ့ အနိုင်ယူမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ စည်းအဖြစ် မှတ်ယူရမယ့် အိမ်ရယ်လို့တောင် မယ်မယ်ရရ မရှိတဲ့ အခြေခံလူတန်းစားတွေက သန်း ၆၀ ကျော်ရှိပါတယ်။ အလုပ်တွေကို ကိုယ့်အိမ်ကနေ လုပ်လို့ မဖြစ်နိုင်တဲ့ အခြေခံလူတန်းစားတွေ, လူလတ်တန်းစားတွေလည်း အများကြီးရှိပါတယ်။ အစိုးရကနေ လုံလောက်တဲ့ ထောက်ပံ့မှုမျိုးတွေ မလုပ်နိုင်ခဲ့ရင် ရောဂန္တရကပ်ဘေး အပြင်၊ ဒုဗ္ဘိကန္တရဘေးကိုပါ ထပ် ကြုံရနိုင်ပါတယ်။ အိန္ဒိယကို သာဓကပြုပြီး ပြောပေမယ့် ဒါဟာ နိုင်ငံတော်တော် များများ ရင်ဆိုင်ကြရမယ့် အခက်အခဲပါ။
♥
ကူးစက်မှုနှုန်းကို ထိန်းချုပ်ပြီး ကယ်တင်နိုင်မယ့် လူတွေရဲ့ အသက်တွေနဲ့ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာနိုင်မယ့် စီးပွားရေး အကြပ်အတည်းကို ဟန်ချက်ညီအောင် ချိန်ဆကြရမှာပါ။ ဟန်ချက် ပျက်သွားတာနဲ့ မတွေးဝံ့စရာ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ ခေါင်းဆောင်မှု တစ်ခုတည်းနဲ့တင် မဟုတ်ဘဲ၊ ပြည်သူလူထုက ပူးပေါင်းပါဝင်ပြီး ညီညီညွတ်ညွတ် ကြံ့ကြံ့ခံ ရင်ဆိုင်ကြရမှာပါ။

တိုင်းအလိုက်, မြို့အလိုက်, နေရာအလိုက် အသွားအလာ ကန့်သန့်မှုတွေကို ထိထိရောက်ရောက် လုပ်နေချိန်မှာ, တဖက်ကလည်း ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး လူမှုရေး အကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို ရှာကြံကြရပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ မြန်မာပြည် အစိုးရက ပြည်သူကို ဗဟိုပြုတဲ့ မဟာဗျူဟာကို ကျင့်သုံးပါတယ်။ မိဘက သားသမီးတွေကို ကြည့်ရှု စောင့်ရှောက်သလို တတ်နိုင်သမျှ အစိုးရကနေ တာဝန်ယူ ဖြေရှင်းနေရတာကို တွေ့ရပါတယ်။ ထို့အတူပဲ သားသမီးတွေက မိဘရဲ့ တာဝန်ကို မျှဝေယူသလို ရဟန်းရှင်လူ ပြည်သူတွေကနေ အစိုးရကို ပြန်ပြီး ဝိုင်းဝန်းကူညီထောက်ပံ့ နေကြတာကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ တွေ့နေရပါတယ်။
“ကပ်ဘေးသင့်နေတဲ့ ကာလကြီးအတွင်း ရလိုက်တဲ့ သင်ခန်းစာတစ်ခု ဖြစ်တဲ့ လူတွေမှာ စက်ဆုပ်ရွံရှာစရာတွေထက် ချစ်မြတ်နိုးစရာက ပိုများတယ် ဆိုတာကို ရိုးရိုးရှင်ရှင်း ပြန်ပြောပြဖို့” မှတ်တမ်းတင်တာပါလို့ ကမူးရဲ့ ပလိပ်ဝတ္ထု နိဂုံးမှာ ရေးထားပါတယ်။ ကျွန်တော်တို့လည်း ကပ်ကြီး ပြီးသွားတဲ့အခါ ကျွန်တော်တို့ ပြည်သူတွေရဲ့ အလွန်ချစ်မြတ်နိုးဖို့ ကောင်းတဲ့ ညီညွတ်မှု, တာဝန်ယူမှု, ကိုယ်ချင်းစာနာမှုတွေ အကြောင်းကို တဆင့်ပြန်လည် ပြောပြနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အားလုံး ဘေးကင်းရန်ကွာ ကျန်းမာကြပါစေ။
ဧရာ (မန္တလေး)
၇၊ ဧပြီလ၊ ၂၀၂၀
Ref:
• Ed Yong, "How the Pandemic Will End", The Atlantic, Mar 25, 2020
• Antonio Regalado, "What is herd immunity and can it stop the coronavirus"? MIT Technology Review, Mar 17, 2020