တိုးနှောင်မိုး - မြန်မာပြည်
တိုးနှောင်မိုး
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၀
ဗူးသီးသီးပါပြီ
ခွေးလေးပျားတောအနှံ။
အိမ်နောက်ဖေးစျေးဆိုင်တည်ရတယ်
ဘုရားစင်ချီးတက်မယိုနဲ့။
ခေါင်းတစ်ရာသားစားခဲ့တယ်
ဖာတန်းလည်းမီးလောင်ခဲ့တယ်။
လောကနီတိလည်းကြေညက်
၃၈ ဖြာမင်္ဂလာနဲ့လည်းပြည့်စုံ
ငြိမ်းချမ်းရေးတော့မရသေးဘူး။
ဘုရားဝတ်ပြုတယ်
တစ်မ္ဘာလုံးမေတ္တာပို့တယ်
ဘေးအိမ်နဲ့မတည့်ဘူး
ဖေ့ဘုတ်မှာအဆဲမျိုးစုံ။
ဆန့်သောက်လည်းကွေးလို့
စိုသောလက်လည်းခြောက်လို့
မေတ္တာတရားဆိုကန့်တော့ဆွမ်းတောင်နပ်မမှန်
ညောင်ပင်ရွှေချတဲ့နိုင်ငံ။
သီလသမာဓိလည်းလွတ်ရက်မရှိ
ထန်းရေနဲ့ငပိလည်းလူသိသွားတယ်။
ရွဲကုန်သည်ဇာတ်ကကတုန်း
မဟော်သဓာလည်းသားတရားစီရင်တုန်း
လှည်းသားငါးရာကဘယ်ကိုသွားနေလဲ။
သက်ရင့်သစ်ပင်တွေခုတ်ခဲ့တယ်
မျိုးဆက်သစ်သစ်ပင်တွေစိုက်ခဲ့တယ်
သေသလားရှင်သလားမသိ
ဗိုလ်အောင်ဒင်ရဲ့ရာမကတစ်ယောက်ထဲမဟုတ်။
အလံဆိုတာလဲ
လွှင့်ထားမှလှတာပါ။
ကြယ်ဆိုတာ
ကြွေမှလှသလား။
မနေ့ကပွင့်တဲ့စံပယ်တွေ
ဆုတ်ရေကငင်ဝင်ရေကတွန်း
ဧရာဝတီဆိုတာ
အကန်းညီနောင်တောင်
တကောင်းကနေပြည်ရောက်တာဆိုတော့။
လယ်ထွန်သွားမေမဲ့နွားမမေ့ဘူး
တောင်ဆွယ်မှာနေကကွယ်ပြီ
တောသာပြောင်းတယ်ကျားကမသေဘူး
ကုန်းတစ်ဝက်ပြန်မရ
ရေအဆုံးတွေးမရ
ဓားမသာဆုံးတယ်ဖွတ်ကမဆုံးတော့။
ဟမ်ဘာဂါမှာမျက်ရည်စတွေနဲ့
နှမ်းတစ်စေ့နဲ့ဆီထွက်ခဲ့ပေါ့
ရွှေပြောင်ပြောင်တောင်ပေါ်ကဘုရား
အမှန်တရားလည်ဖွတ်မေ့ပတပ်မေ့ပါ။
မီးများရေနိုင်
အများလိုအနည်းစားခြေပြု။
၁၀ စက်တင်ဘာ ၂၀၂၀