Breaking News

ကိုသန်းလွင် - ခြစားမှုနှင့်ပြည်သူတို့အကူအညီ





Residents lined up to receive clothing and other items being handed out at a self-funded soup kitchen run by Nuraan Gain, a teacher in Coronationville.Credit...Joao Silva/The New York Times

ကိုသန်းလွင် - ခြစားမှုနှင့်ပြည်သူတို့အကူအညီ

(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၀



(၁)

ကွန်ထရက်များကို မိသားစုဝင်များထံ ချပေးပါသည်။ စားသောက်စရာများ ထည့်ထားသော ပါဆယ်များ လမ်းမှာပင်ပျောက်သွားကြပါသည်။ အလုပ်လက်မဲ့များအတွက် ရည်ရွယ်သောပိုက်ဆံတွေသည် နိုင်ငံရေးသမား သမားများနှင့် ရင်းနှီးသူများ၏အိတ်ထဲ သို့ရောက်ကုန်ပါသည်။ တောင်အာဖရိကနိုင်ငံသည်အာဖရိကတိုက် အ တွက် စီးပွားရေးတွင် ပါဝါအကြီးဆုံးဖြစ်ရာ ဗိုင်းရပ်ပြန့်ပွားခြင်း ကို အများဆုံးပိုက်ဆံများဖြင့် တုန့်ပြန်ခဲ့ပါသည်။ သမိုင်းတွင်အများဆုံးဖြစ်ပြီး ယခင်က ရဲရင့်ပါသည်ဟု ချီးကျူး ခံခဲ့ရသော အစိုးရ၏လုပ်ရပ်များမှာ ခြစားခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းတို့ကြောင့် အစိုးရကို သိက္ခာကျစရာဖြစ်ခဲ့ရပါသည်။

အများအကျိုးဆောင်သည့်လုပ်ငန်းများ(Charities) နှင့် ရိုးရိုးပြည်သူများမှာ အစိုးရ၏လုပ်ဆောင်ချက် များမှ ကွက်လပ်များကိုဖြည့်ပေးနေရပါသည်။ ရောဂါပြန့်ပွားခြင်းကို ထိန်းချုပ်နေသည့်ကြားမှ ယခုအခါပြည်သူ ၆ သိန်းကျော်မျှရောဂါစွဲကပ်ခဲ့ပြီး ၄င်းသည် ကမ္ဘာတွင် ပဉ္စမအများဆုံးဖြစ်ပါသည်။ အာဖရိကတိုက်အတွက်မူ အများဆုံးဖြစ်ပါသည်။

(၂)

မတ်လက ဒေသအတွင်း အကြပ်ဆုံး လော့ဒေါင်း ကိုကြေညာခဲ့ပြီး ကမ္ဘာကချီးကျူးလေးစားခဲ့ကြသော် လည်း အာဖရိက နေရှင်နယ်ကွန်ဂရက်ပါတီ အေအင်စီ (ANC African National Congress) အစိုးရမှာ ရောဂါ ပြန့်ပွားခြင်း အပေါ် တုန့်ပြန်မှုမှာဝေဖန်ခံနေရပြီဖြစ်သည်။ ရောဂါပြန့်ပွားမှု ကာကွယ်ရေးရံပုံငွေမှာ ရမ်ငွေကြေး (Rand) ၅၀ဝ ဘီလီယံ (ဒေါ်လာ ၃၀ ဘီလီယံ) မျှဖြစ်ပြီးလူဦးရေ ၁၁ ဒဿမ ၃ သန်းအတွက်အစားအသောက် များ၊ လူမှုရေးလုပ်ငန်းများ ဖြင့်ထောက်ပံ့ပေးသွားရန်ဖြစ်သည်။

သို့သော်ထိုလုပ်ငန်းများမှာ သမ္မတ ရာမာဖိုဆာ (Cyril Ramaphosa) အဖို့ အကြီးအကျယ်စိတ်ပျက်စရာ ဖြစ်လာခဲ့ပါသည်။ ပြင်ပမှ ခြစားမှုများကို တိုက်ဖျက်မည်ဟူသော ခံယူချက်ဖြင့် စည်းကမ်းနည်းလမ်းများကို ချပြ ရမည့် အစားသူ့ပါတီမှ အလွဲသုံးစားလုပ်သူ၊ ခြစားသူများကို အရေးယူရသော လုပ်ငန်းကို လုပ်နေရပါသည်။ တစ်ချိန်တည်းတွင် ကယ်ဆည်ရေးပစ္စည်းများကို ရည်ရွယ်သူများ၏လက်ထဲသို့ရောက်စေရန် ဆောင်ရွက် နေရ ပါသည်။ သူက ထိုကဲ့သို့အကျင့်ပျက်နေ သူများကို “သားကောင်ရှိရာကို ဝိုင်းနေသော ဟိုင်းနီးယား (hyenas) ကောင်” နှင့်နှိုင်းယှဉ် ခေါ်ဝေါ် ခဲ့ပါသည်။

ရေဒီယို (Talk Show) များနှင့် လေလှိုင်းသံတို့တွင် ပြည့်နှက်နေသော ထိုသို့ဝတ္တရားပျက် ဖောက်ဖျက် မှုများမှာ ပီပီအီး (PPE Personal Protection Equipment) ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ဈေးခေါင်ခိုက်အောင်တောင်း နေခြင်း၊ အလုပ်လက်မဲ့များအတွက် အာမခံငွေများကို အစိုးရအရာရှိများက ကဲ့ယူနေခြင်း၊ ပါတီဝင်လူကြီးများကကာကွယ်ရေးရံပုံငွေ များကို အလွဲသုံးစားလုပ်နေခြင်းတို့ပါဝင်ပါသည်။

ထို့ပြင်အလုပ်လက်မဲ့ဖြစ်သောသူ ၄ ဒဿမ ၅ သန်း အတွက် အစားအစာကို စီစဉ်ပေးရေးတို့ပါဝင်ရာ ထိုငွေများကိုဒေသဆိုင်ရာအရာရှိများက အလွဲသုံးစားလုပ်ပစ်ကြပါသည်။ ထိုသို့ပြုလုပ်ခြင်းကိုဘော်လန်တီးယာ များနှင့်စောင့်ကြည့်သူများကသတင်းပေးပို့ကြခြင်းဖြစ်ပါသည်။ အကြမ်းအားဖြင့်တောင် အာဖရိကနိုင်ငံသား ၇ ဒဿမ ၈ သန်းကျော်က လူမှုရေးရံပုံငွေ ဂရန့် ကို တောင်းဆိုခဲ့ကြသော်လည်း ထိုသူများ ကို စေ့ငှအောင်မဖြန့် ဝေပေးနိုင်သေးကြောင်း ပါလီမန်သို့ ယခင်လတွင် လူမှုရေးရာဝန်ကြီးကဝန်ခံ ပြောကြားခဲ့ပါသည်။ ထိုသူများမှာ အစိုးရမဟုတ်သောအခြားအဖွဲ့အစည်းများထံမှအကူအညီ ပြောင်းလဲတောင်းခံခဲ့ရပါသည်။

(Gift Of The Giver) မှာထိုကဲ့သို့အထောက်အပံ့ကို နှစ်ပေါင်း ၃၀ ကျော်ဖြန့်ဝေပေးခဲ့ သောအဖွဲ့ဖြစ်ပြီး အဖွဲ့ ဥက္ကဌက သူ့ထံသို့ အစားအစာတောင်းသူအရေအတွက်မှာ ရီကော့ကျိုးလောက်အောင် များပြား သည်ဟု ပြောခဲ့ပါသည်။ သမိုင်းတွင်ဤမျှဆင်းရဲငတ်ပြတ်ခြင်းကို မတွေ့ခဲ့ဘူးဘဲ “အချို့လူများမှာငိုယိုလျက် ရှိကြသည်” ဟုပြောပါသည်။

သူက ဆက်လက်ပြောပြသည်မှာ သူ့ဧရိယာအတွင်းတွင် လူများသည် မြေကြီးကို တူး၍ သစ်ဥ၊ သစ်ဖု များကို ရှာဖွေစားသောက်နေကြရပြီဟုဆိုပါသည်။ သူ့ကိုအကူအညီတောင်းသောလူတန်းစားမှာ အဆင့်ဆင့် ပြောင်းလဲနေပြီးယခုအခါကုမ္ပဏီဥက္ကဌများ၊ အလယ်လတ်တန်းစား၊ မန်နေဂျာများပါ ပါဝင်လာပြီဟုပြောပါသည်။

ထိုအထဲမှ လွတ်ကျန်နေခဲ့သည့် အလုပ်သမားများမှာ တစ်လလျင် ဒေါ်လာ ၇၀ ခန့် ရရှိသူများ ပါဝင် သည်။ သူတို့ကိုထောက်ပံ့ရန်မလိုဟု အစိုးရက ယူဆပါသည်။ စားစရာကို ဝယ်ခြမ်းရန်အတွက်ပိုက်ဆံ မရှိတော့ သော ထို လူတန်းစားမှာ ရောဂါမဖြစ်မီကထက် ၂ ဆမျှ တိုးပွားလာသည်ဟုဆိုသည်။

ယခုအခါ အေအင်စီ အရာရှိများထဲမှ ၂ ဦးမှာ ရာထူးမှချထားပြီးပြီဟု ဒေသခံသတင်းဌာနကပြောသည်။ သမ္မတရုံးမှကြေညာသည်မှာ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်မှာ ခွင့်မဲ့ပျက်ကွက်ခွင့်ယူထားရပြီး သူ့ခင်ပွန်း ဖြစ်သူနှင့်အတူ သူတို့ဒေါ်လာ ၇ သန်းတန် ပီပီအီးကာကွယ်ရေးပစ္စည်းများထုတ်လုပ်ရန်ကွန်ထရက်ရခဲ့ကြောင်း နိုင်ငံရေးအရအဆက်အသွယ်မှရသည်ဟု ယူဆရကြောင်း သိရသည်။

တခြားဖြစ်ရပ်တခုမှာ အရှေ့ပိုင်း ကိပ် (Cape Province) ပညာရေးဌာနမှ အဝေးသင်ကမ္ပဏီ တခုကို အေအင်စီ ကိုယ်စာလှယ်တစ်ဦး ဦးဆောင်နေရာ ချပေးထားသော ဈေးမှာမတန်တဆ များလွန်းပြီး ဒေါ်လာ ၂၃ သန်းတန်သည်။ ဆေးပစ္စည်းများတင်သွင်းရန်ကွန်ထရက်ဟုသိရပါသည်။ သမ္မတဖွဲ့စည်းပေးသောဥပဒေဆိုင်ရာ အဖွဲ့မှာ အေအင်စီ အဖွဲ့ဝင်များစွာ တို့ကို ဦးတည်၍ စစ်ဆေးရေးလုပ်နေရသည်ဟု သိရပါသည်။

ဧပြီလအတွင်း (Rays Of Hope) ခေါ် ခရစ်ယာန်အသင်းတော်မှအလုပ်သမားများသည် ဂျိုဟန်နစ္စဘတ် နှင့် နယ်နိမိတ်ချင်းဆက်နေသည့် အလက်ဇန္ဒီးယားရှိ နေအိမ်များကို အစားအသောက်များဝေငှရန်ရောက်ရှိ သွားသည်ကို မဝေနိုင်ရန် အေအင်စီ အဖွဲ့ဝင်များက တားမြစ်ခဲ့သည်ဟုဆိုသည်။

(Rays of Hope) ဒါရိုက်တာပါဝင်သောအဖွဲ့ဝင်များကို ဒေသဆိုင်ရာ အေအင်စီ တာဝန်ခံက ဝင်ခွင့်မပြု သဖြင့် ထရပ်ကားမှာ အစားအသောက်များကိုတင်ပြီး မောင်းထွက်ခဲ့ရသည်ဟု သိရပါသည်။ တယ်လီဖုန်းဆက် သွယ်၍ ဒေသဆိုင်ရာတာဝန်ခံကို မေးမြန်းခဲ့ရာ “ယခုအခါ ပြဿနာမှာ ပြေလည်သွားပါပြီ” ဟုပြောဆိုသည်။ အစားအစာ ဖြန့်ဝေခွင့် ပြုလိုက်ပြီးဖြစ်ကြောင်းပြောဆိုသည်။

ဒါရိုက်တာ ကမူ ဒေသဆိုင်ရာ တာဝန်ခံသည် နိုင်ငံရေးအရ အေအင်စီ ကို ထောက်ခံသူများကိုသာ အစား အစာခွဲဝေပေးပြီး မထောက်ခံသူကို အစားအစာပေးခွင့်မရှိဟုပြောသည်။ လော့ဒေါင်းကို ကြေညာစဉ်က (Corruption Watch) မှ စောင့်ကြည့်သူများက ဝက်ဆိုဒ်တစ်ခု လွှင့်တင်ခဲ့သည်။ လော့ဒေါင်းသည် ဒေသခံများ ကို ဘယ်တုန်းကမနှင့်မတူသည့် အခွင့်အရေးကိုပေးခဲ့ကြောင်း၊ အဘိုးကြီးအဘွားကြီးများကို မြေး များနှင့်အတူ နေခွင့်ပေးခဲ့ကြောင်း၊ မိမိကားကိုတစ်နေ့လျင်နှစ်ကြိမ်ရေးဆေးနိုင်ခဲ့သည်စသောပုံပြင်များကို ပြောပြကြပါသည်။

သို့သော် မကြာမီမှာပင် ထိုဝက်ဆိုဒ်တွင် အစားအစာဝေငှရာတွင်ကြားဖြတ် ယူဆောင်နေပြီးအမြတ်ကြီး စား၍ ဈေးတင်ရောင်းချမှုများ၊ အစားအစာထုပ် ပျောက်သွားသည့်ကိစ္စများ၊ ဒေသခံအရာရှိများက အစားအစာ ကူပွန်များကို အလွဲသုံးစားလုပ်နေပုံများဖြင့် ပြည့်လာခဲ့ပါသည်။ လူအများက ထရပ်ကားများမှ အစားအစာများ ကို ဒေသဆိုင်ရာတာဝန်ရှိသူ၏ အိမ်တွင်ချနေပုံ ဗီဒီယိုတို့ကို ပေးပို့ကြပါသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် သမ္မတရာမာဖိုဆာက လော့ဒေါင်းကို ဖြေလျော့ပေးခြင်းအမိန့်ကိုကြေညာ ခဲ့ပါသည်။ ၄င်းက အရက်ရောင်းချခွင့်၊ စီးကရက်ရောင်းချခွင့်ပေးခဲ့သည့်အပြင် လူဦးရေ ၅၀ ထက်မများသော လူ စုစည်းပိုင်ခွင့်တို့ကို ပေးခဲ့ပါသည်။ လူသန်းပေါင်းများစွာသော တောင်အာဖရိကတိုက်သားများသည် နောက် ထပ်လူမှုရေးဂရန့် ကို နောက်ထပ် ၃ လလျှောက်ထားနိုင်ပါသည်။

(၃)

နော်ရမ် ဂိမ်း (Noraan Gain) သည်ကျောင်းဆရာမ တစ်ယောက်ဖြစ်ပြီးဟင်းချို (Soup Kitchen)မီးဖို ဖွင့်ထားသူတစ်ယောက်ဖြစ် ပါသည်။ ဂျိုဟန်နစ္စဘတ်မြို့ဆင်ခြေဖုံး ရပ်ကွက်တွင်ရှိသည်။ သူမ၏ ကိုယ်ပိုင်ပိုက် ဆံဖြင့် အများတကာကို ကျွေးမွေးခဲ့ရာ၊ ယခုအခါ လူတန်းမှာ လူ ၃၀ဝ ယောက်ထိရှည်လာသဖြင့် ပြင်ပအကူ အညီကိုယူရတော့သည်။ သူ သည် အစိုးရကဝေငှသည့် အစားအစာနှင့် ဒေသအတွင်းမှ ဗလီများ၊ ဘုရားရှိခိုး ကျောင်းများနှင့်ကောင်းကျိုး လိုလားသူတို့ထံမှ အလှူငွေကို လက်ခံနေရသည်ဟုပြောပါသည်။

ခြစားမှုကြောင့် အစိုးရ မလုပ်နိုင်သည့်ကိစ္စများကို ပြည်သူတို့က ဝင်ရောက်ကူညီလုပ်ကိုင်ပေးခြင်းဖြစ်ပါသည်။

ကိုသန်းလွင်


Ref: Relief Diverted by corruption, By Lynsey Chutel New York Times August 25, 2020