မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၄ ရက် မြောက်နေ့ မြင်ကွင်း ...
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၄ ရက် မြောက်နေ့ မြင်ကွင်း ...
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁လူကြီးတွေက လူငယ်တွေရှေ့က ထွက်ရပ်ကြဖို့ အချိန်
ဖေဖော်ဝါရီ ၁၄ ရက်က လူငယ်တွေရဲ့ ချစ်သူများနေ့ဖြစ်ပါတယ်။ ဆန်းဒေးလည်း ကျတယ်။ လူငယ်တွေဟာ လမ်းပေါ်ထွက်လာတယ်။ ဒါပေမယ့် ချစ်သူများနေ့အတွက် မဟုတ်ပါဘူး။ သူတို့ တောက်လျောက် ဆန္ဒပြတောင်းဆိုနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ ဝန်ထမ်းသပိတ် အောင်မြင်ရေးအတွက် ဖြစ်ပါတယ်။
မနေ့ညက ၈ နာရီသတင်းမှာ မင်းကိုနိုင်၊ ဂျင်မီနဲ့တကွ လှုပ်ရှားသူ ၇ ဦးကို ဖမ်း၀ရမ်းထုတ်လိုက်တယ်။ လူထုကိုအကာအကွယ်ပေးတဲ့ နိုင်ငံသားလွတ်လပ်ခွင့်၊ ကာကွယ်ရေးဆိုင်ရာ ဥပဒေကို ဆိုင်းငံ့လိုက်ပြီး ဧည့်စာရင်းဆိုင်ရာပြဌာန်းထားတာတွေကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးတော့ တနင်္လာနေ့မှာ ဝန်ထမ်းတွေ ရုံးတက်ကြဖို့ကိုလည်း သတိပေးလိုက်တယ်။ သဘောကတော့ စစ်အာဏာရှင်လက်အောင်မှာ နိုင်ငံသားတိုင်းမှာ လွတ်လပ်ခွင့်မရှိတော့ဘူး၊ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် မရှိတော့ဘူး။ သူတို့ ဖမ်းချင် လုပ်ချင်တာတွေ လုပ်ခွင့်ရှိပြီလို့ စစ်ကြေညာလိုက်တာပါပဲ။
သည်ထုတ်ပြန်ချက်တွေဟာ - စည်းရုံးလှုံ့ဆော်သူတွေကို ပစ်မှတ်တခု၊ တက်ကြွလှုပ်ရှားနေတဲ့ လူထုနဲ့ လူငယ်ထုကို ခြိမ်းခြောက်တဲ့ ပစ်မှတ်တခု၊ ပြီးတော့ CDM ကို ဆင်နွှဲနေတဲ့ ဆင်နွှဲလာမယ့် ဝန်ထမ်းတွေကိုလည်း ပစ်မှတ်တခု - စတဲ့ အသီးသီးသတ်မှတ်ပြီး စစ်ကောင်စီက ထိုးနှက်လိုက်တာ ဖြစ်တယ်လို့ မြင်ကြပါတယ်။
သို့သော်လည်း လူထုကတော့ ယနေ့တနင်္ဂနွေနေ့မှာ ဆက်ပြီး တက်ကြွစွာ ချီတက်နေဆဲပါပဲ။ စောင့်ကြည့်နေတဲ့ စာနယ်ဇင်းသမားအချို့ကတော့ လက်ရှိတို်င်းပြည်၏ နိင်ငံရေးအကြပ်အတည်း အရေးတော်ပုံကို ဦးဆောင်မှုပေးတယ်ဆိုတဲ့ အတိုက်အခံလူပုဂ္ဂိုလ်အဖွဲ့အစည်းများရဲ့ တိုက်ရိုက် ထဲထဲဝင်ဝင် ပတ်သက်မှုတွေ ဦးဆောင်တာဝန်ခံမှုတွေကို မေးခွန်းထုတ်နေကြပါတယ်။
နိင်ငံတော်ကြီးတခုလုံး လမ်းခုလပ်မှာ နောက်ပြန်လှည့်မလား၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခြေလှမ်းဆက်မည်လား ရွေးရမယ့်အချိန်ကို ရောက်နေပါတယ်။ ပြည်သူတရပ်လုံး လူငယ်မျိုးဆက်သစ်တရပ်လုံးကတော့ ဒီမိုကရေစီနိုင်ငံတော် ဆက်လက်တည်ဆောက်ရေးကို ရွေးထားပါတယ်။
နိုင်ငံခေါင်းဆောင်တွေ ပါတီတွေ အမတ်တွေ အစိုးရတာဝန်ခံတွေ နိုင်ငံရေးသမားလို့ ခံယူထားသူတွေက ပြည်သူတွေ လိုလားတဲ့ နိုင်ငံတော်သစ်ဆီသို့ ပုခုံးထမ်းပြီး အကောင်အထည်ဖော်ကြရမှာ ဖြစ်တယ်။
ပြည်သူက ပြည်သူ့တာဝန်ကျေတယ်ဆိုရင် နိုင်ငံရေးသမားကလည်း နိုင်ငံရေးသမားတာဝန်ကို ရှေ့ကနေ ထွက်ပြီး လူထုကို လမ်းပြရမှာ ဖြစ်တယ်လို့ ယူဆပါတယ်။
သည်အရေးကြီးတဲ့ အဆုံးအဖြတ်အချိန်ကာလ စစ်အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်တဲ့ စိန်ခေါ်မှုတွေ ထုတ်လာတဲ့အချိန်မှာ - လူငယ်မျိုးဆက်သစ်တွေကတော့ ရဲရဲဝံ့ဝံ့ တာဝန်ကျေနေပါတယ်။ သူတို့ မိဘ ဦးလေးတွေကလည်း ၈၈မျိုးဆက်တွေအဖြစ် ဖြတ်သန်းခဲ့ကြသူတွေမို့ သူတို့သားသမီးတွေ အနာဂတ်မပျောက်ရေး ၊ ရင်သွေးတွေရဲ့ အသက်သွေးချွေးတွေ ပေတရာလမ်းမှာ ထောင်တွေ အကျဉ်းစခန်းတွေမှာ စွန်းထင်းဖိတ်စင်မှု နောက်တကြိမ်ထပ်ပြီး မရှိစေရေးအတွက် သူတို့ရဲ့ အသက်တွေကို ကလေးတွေ ရှေ့က ရပ်ဆီးကာကွယ်ပြီး တွန်းလှန်ဖို့ အဆင်သင့်ပဲလို့ ဆိုကြပါတယ်။
၈၈ အရေးတော်ပုံတုန်းက ၂၀၀၇ ရွှေဝါရောင်တုန်းက သူတို့ သွေးတွေ ချွေးတွေ ကျခဲ့ရတယ်။ အဲသည်တုန်းက အကာအကွယ်မဲ့ နင်းချေ သတ်ဖြတ်ခံခဲ့ရသလိုမျိုး သူတို့သားသမီးတွေ မျိုးဆက်သစ်တွေကို ခံစားစေမှာ မဟုတ်တော့ပါဘူး။ အိမ်ပေါ်တက် ကျူးကျော်ပြီး စော်ကားလာမယ့် ဖက်ဆစ် စစ်ဘီလူးကို ဖခင်မိခင်တွေက ရှေ့ကမားမားရပ်ပြီး ရှိတဲ့ဒုတ်ဒါးလက်နက်နဲ့ ကလေးတွေ လူငယ်တွေရှေ့ကနေ လူကြီးတွေက အသက်ချင်းလဲပြီး ကာကွယ်ကြရမယ့် အချိန်ပဲ ဖြစ်ပါတော့တယ်။
အဲသည်တော့ …. ဆက်ရေးရဦးမယ်ဆိုရင် တီဗီအစီအစဉ်တခုက ကြေညာသလို မီးတွေ ပိတ်ပေးပါ။ ပြီးရင် ပြန်လာမယ် လို့ ဆိုရလေမလား။