မောင်နွေထက် - အာဇာနည်သူရဲကာင်းတွေ ရဲ့ သွေးဝိညာဉ်တွေ နဲ့ ထုဆစ်ထားတဲ့ ငါ့ နိုင်ငံတော်
သွေးဝိညာဉ်တွေ နဲ့ ထုဆစ်ထားတဲ့ ငါ့ နိုင်ငံတော်
မောင်နွေထက်
(မိုးမခ) မတ် ၁၇၊ ၂၀၂၁
တပေါင်းနေက
အဟောင်းတွချွေ အသစ်ဝေဖို့
ရွက်နုကုဋေ
ပန်းအင်္သချေပွင့်ဝေဖို့ဟေ့
အခုတော့
ကံ့ကော်ပန်းတွေ ချွေရုံမက သတ်လို့နေ
တမာပန်းတွေ ချွေရုံမက သတ်လို့နေ
စိန်ပန်းနီတွေ ချွေရုံမက သတ်လို့နေ
ကုက္ကိုပန်းနုတွေ ချွေရုံမက သတ်လို့မေ
ထနောင်းပွင့်တွေ ချွေရုံမက သတ်လို့နေ
ချယ်ရီပွင့်တွေ ချွေရုံမက သတ်လို့နေ
တောင်ဇလပ်တွေ ချွေရုံမက သတ်လို့နေ
ထင်းရှူးပျိုတွေ ချွေရုံမက သတ်လို့နေ
နေကြာရိုင်းတွေ ချွေရုံမက သတ်လို့နေ
ခရေပွင့်တွေ ချွေရုံမက သတ်လို့နေ
ဝါးပင်ပျိုတွေချွေရုံမက သတ်လို့နေ
ပိတောက်သစ်တွေ ချွေရုံမက သတ်လို့နေ
သတ်လို့နေလဲ အပိုပဲဟေ့
တရဲရဲတောက် နောက်မဆုတ်တမ်း
ကြမ်းချင်ကြမ်းစမ်း
သံမဏိခြေလှမ်း သန်းပေါင်းကုဋေ
နွေဦတော်လှန်ရေး အောင်နိမိတ်တွေ
ငါတို့ ရင်မှာ
နာကျည်းဒေါသ ခံပြင်းမျက်ရည်
နှလုံးသွေးတွေ စီးထွေထွေကျ
ရင်နာရပြီ
မကျေနပ်ချက် တောက်ခေါက်သံတွေ
ကောင်းကင်ယံဖောက်နေ
ဒင်းတို့တတွေ
တံတွေးခွက်ထဲ ပက်လက်မျောလို့
ချွေရုံမက
ဝိဉာဉ်ကိုနှုတ် ပြုတ်မတဲ့လား
အာဇာနည်တွေ
သူရဲကောင်းတွေ နေတဲ့မြေဟေ့
လက်နက်မပါ
လက်ဗလာနဲ့
လက်နကိဆိုးတွေကို ခံယူချက်နဲ့ အနိုင်ယူ
တိုက်ပွဲအောင်လံ ထူပြီဟေ့
သွေးဝိညာဉ်နဲ့ အသက်ပေး
တိုက်တိုင်းအောင်တဲ့ မျိုးဆက်သစ်တွေရဲ့
နွေဦးမဟာတော်လှန်ရေး
ရဲရဲရင့်ရင့် ရင်ကော့ကြွေးကြော်
သေအောင်သတ်လဲ မကြောက်ဖူးဟေ့
စစ်ယုတ်မာတွေ ကောက်ကျစ်မဆုံး
အသက်တွေကို ချွေနေတတုန်း
ပြည်သူအတွေတွက် တစက်ကလေးတောင်မငဲ့
မျိုးဆက်သစ်တွေအတွက်တစက်ကလေးတောင်မငဲ့
နိုင်ငံအတွက် တစက်ကလေးတောင်မငဲ့
အနာဂဂတ်အတွက် တစက်ကလေးတောင်မငဲ့
အတ္တကိုယ်ကျိုးစီးပွား ဦးထိပ်ထားပြီး
အာဏာရူးတွေ လက်တဆုပ်စာ အုပ်စုဖွဲ့
ငါ့ နိုင်ငံကို သတ်နေရဲ့
ငါ့ နိုင်ငံက
သတ်လို့မသေ
မျိုးဆက်တွေလဲ သတ်လို့မရ
အနာဂတ်ကိုနင်းမရ
ဟေ့
စစ်ယုတ်မာတွေ နောက်ဆိုတ်စမ်းဟေ့
အာဇာနည်မဟာသူရဲကောင်းတွေရဲ့
သွေးဝိညာဉ်အောင်လံ တလူလူ
နွေဦးအောင်ပွဲ ယူကြမယ်
ငါ့ သူရဲကောင်းတွေရဲ့နိုင်ငံတော်
တိုက်ပွဲပျော်တေး
ငြိမ်းချမ်းရေးအတွက်
အသက်တွေပေး
သွေးတွေပေး
ဝိညာဉ်တွေနဲ့ တော်လှန်ရေးကို ရဲရဲရေး
လူထုအောင်ပွဲ ခြိမ့်ခြိမ့်သဲဟေ့
ရဲရင်လာစမ်း
မကြောက်တမ်းဟေ့
စမ်းကြည့်လိုက်စမ်း
တိုက်ပွဲပျော်လမ်း အောင်ပန်းဝေ
နွေဦးတော်လှန်ရေး ရဲရင့်မြေ
အာဇာနည်
မဟာသူရဲကောင်းတွေရဲ့ နိုင်ငံတော်ဝိညာဉ်တေး
အာဏာရှင်တွေကျဆုံးရေး
နွေဦးမဟာတော်လှန်ရေး
( နွေဦးတော်လှန်ရေးအတွက်
အသက်ပေးသွားကြတဲ့
အာဇာနည်သူရဲကောင်းအပေါင်း အား
နှလုံးသားနဲ့ဦးညွှတ် ပူဇော်လိုက်ပါတယ် )
နွေဦးတော်လှန်ရေး
အရေးတော်ပုံ အောင်ရမယ်
မောင် နွေ ထက်
16-မတ် -2022-အင်္ဂါနေ့
- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။