ကိုအောင်မှိုင်း - CRPH နဲ့ခေါင်းဆောင်မှုအနုပညာပြဿနာ
ကိုအောင်မှိုင်း - CRPH နဲ့ခေါင်းဆောင်မှုအနုပညာပြဿနာ
(မိုးမခ) မတ် ၁၇၊ ၂၀၂၁
CRPH ဆိုတာလက်တလောမြန်မာနိုင်ငံရဲ ့တခုတည်းသော တရားဝင်အဖွဲ ့အစည်းတရပ်ဖြစ်တယ်လို့ပြောရ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးကလဲ လက်ခံအတည်ပြုသလို ကမ္ဘာ့နိုင်ငံအားလုံးနီးပါးကလဲ လက် ခံအတည်ပြုထားတဲ့ တရားဝင်အဖွဲ ့အစည်းတရပ်ဖြစ် တာတွေ ့ရမှာဖြစ်ပါတယ်။အကြောင်းကတော့ မြန်မာ နိုင်ငံပြည်သူလူထုသန်း၅၀ကျော်ရဲ ့ ဆန္ဒမဲပေါင်း ၈၀%ကျော်ရခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ ့ စည်းထားခဲ့တာကြောင့် ဖြစ်တာကိုလဲတွေ ့ရပါတယ်။
ဗမာပြည်မှာ ကနေ့ဖြစ်နေတဲ့ အဓိကပြဿနာကတော့ စစ်တပ်ပုန်ကန်မှုလို့ပြောရမှာပါ။ နိုင်ငံတခုရဲ ့စစ်တပ် က တိုင်းပြည်အာဏာကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အာဏာဘဲသိမ်းသိမ်း အာဏာဘဲထိမ်းထိမ်း အဲဒီ လိုလုပ်ခြင်းဟာ ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်သာ ဖြစ်တာကတော့ အငြင်းပွါးဖွယ်မရှိတဲ့ကိစ္စဖြစ်ပါတယ်။ က နေ့ဗမာ့တပ်မတော်အမည်ခံ ဗမာစစ်တပ်ကတော့ ပုန်ကန်တဲ့နေကစပြီး နိုင်ငံတခုရဲ ့ တပ်မတော်တရပ် မဖြစ် တော့ပါဘူး။ ဒီအတွက် ဗမာစစ်တပ်ထဲမှာရှိတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေ ဆုံးဖြတ်ရမဲ့အချိန် ရောက် လာတော့မှာပါ။ ဆိုလိုတာက ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တရပ်ပေါ်လာတဲ့အခါ ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ လက်တွဲမလားပြည်သူနဲ့လက်တွဲမလား ဆိုတာတော့ အခိုင်အမာ ကိုယ့် ဘာသာကိုယ် ဆုံးဖြတ်ရမဲ့ကိစ္စဘဲဖြစ်မှာပါ။
ကနေ့ ကမ္ဘာကြီးမှာ နိုင်ငံတကာမှာဖြစ်ဖြစ် နိုင်ငံတခုချင်းစီမှာဖြစ်ဖြစ် အာဏာပြဿနာကို လက်တွေ့ကျင့် သုံးကြတဲ့အခါ soft power နဲ့ hard power ဆိုပြီးခွဲသုံးလေ့ရှိတာတွေ့ရပါတယ်။ သဘောကတော့ အာဏာ ကို ပျော့ပျော့ပြောင်းပြောင်းသုံးစွဲတာနဲ့ ပြင်းပြင်းထန်ထန်သုံးစွဲတာလို့ ပြောလို့ရမယ်ထင်ပါတယ်။ ကနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကျင့်သုံးနေတာကိုကြည့်ရင် soft power ကိုအဓိက သုံးစွဲနေကြတာဖြစ်ပါ တယ်။ ဖမ်းထားသူတွေပြန်လွတ်ပေးရေး ဆွေးနွေးရေး လူထုဆန္ဒပြမှုတွေအပေါ် အကြမ်းမဖက်ရေး စတာ တွေကိုတောင်းဆိုတာက အစပြုကြပါတယ်။ စစ်ကောင်စီက အားလုံးကိုဂရုမစိ်ုက်ဘဲ ပိုပြီးရက်ရက် စက်စက် တွေလုပ်လာပါတယ်။ ဒုတိယအကြိမ်အစည်းအဝေးမှာ ပြင်းပြင်းထန်ထန်ရှုံ ့ချတယ်ဆိုတဲ့အသုံးအနှုံးနဲ့ အတူ အရေးယူမှုတွေစလုပ်ကြပါတယ်။
ပစ်မှတ်ထားပိတ်ဆို့မှု target sanctions တွေကို အမေရိကန် အင်္ဂလန် ဥရောပသမဂ္ဂနဲ့ အခြားဒီမိုကရေစီ နိုင်ငံကြိးတွေက စတင်လိုက်ကြတာပါ။ ပိတ်ဆို့တာကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး တဦးချင်းပိုင်ဆိုင်မှု ငွေကြေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးလုပ်ငန်းတွေကို အဓိကပိတ်ဆို့တာ ပါ။ စစ်ကောင်စီကလဲ ဒီပိတ်ဆို့မှုတွေကို ဂရုမစိုက်ဘူးဆိုတဲ့ မောက်မောက်မာမာဘဲ တုန့်ပြန်ခဲ့တာတွေ့ရပါ တယ်။ နောက်ထပ်ပိတ်ဆို့မှု ကတော့ soft power ကနေ hard power ဘက်ကို ဦးတည်လာတာတွေ ့ရ ပါတယ်။ hard power ရဲ ့နောက်ဆုံးဆောင်ရွက်မှုကတော့ R2P ပါဘဲ။ လက်နက်ရောင်းဝယ်မှုပိတ်ဆို့တာ ကနေ လာမဲ့သေကြာနေ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ အရေးယူမှုအသစ်တွေထပ်ရောက်လာမှာ က တော့သေချာပါတယ်။
ဒါကကုလသမဂ္ဂဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေဖြစ်ပါတယ်။ကျနော်ဆွေးနွေးချင်တာက ကျနော်တို့နိုင်ငံရဲ့ တခုတည်းသောတရားဝင်အဖွဲ့အစည်းဖြစ်တဲ့ CRPH ရဲ့ကနေ့ ဖြတ်သန်းမှုဖြစ်စဉ်ဖြစ်ပါတယ်။ သေချာတာ က ရွေးကောက်ပွဲနိုင်ပါတီဖြစ်တဲ့ NLD ပါတီမှာကြိုတင်ပြင်ဆင်မှုရှိတယ်လို့ မထင်ပါ။ ရှိရင်လဲ soft power ဖြစ်တဲ့တရားဝင်မှုဖြစ်တဲ့ ဥပဒေအရစဉ်းစားတာတွေဘဲ ဖြစ်ဘို့သေချာပါတယ်။ တကယ်လက်တွေ့ စစ်တပ်ကပုန်ကန်လိုက်တဲ့အခါ NLD ပါတီအတွင်း အတော်ဗရုန်းသုံးကားဖြစ်သွားတာကတော့ သေချာပါ တယ်။ လူထုတိုက်ပွဲတွေနဲ့အတူ လွတ်တော်ကိုယ်စားလှယ်တွေက CRPH ကိုအခိုင်အမာ တည်ထောင်လိုက် နိုင်ခဲ့ပါတယ်။ဒါကြောင့်လဲ CRPH အနေနဲ့ ကနေ့ ပြည်တွင်းရောပြည်ပ မှာပါ တရားဝင်မှုကို အခိုင်အမာတည် ထောင်နိုင်ခဲ့ပြီး soft power ရော hard power ပါ သုံးစွဲနိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
လူထုတိုက်ပွဲရဲ ့အသီးအပွင့်တခုလို့ပြောရမှာဖြစ်ပြီး ဒီအောင်သီးအောင်ပွင့် ကလဲ Gn Z တို့ဦးဆောင် တိုက်ခဲ့ တာဖြစ်သလို ပေးဆပ်ခဲ့ရတဲ့ အနာဂတ်ရှိတဲ့လူငယ်တွေ အမြောက်အမြားပါပဲ။ ဆိုလိုချင်တာက CRPH ဆို တာ သွေးတွေနဲ့ရေးထားတဲ့ သမိုင်းမှတ်တိုင်ဆိုရင် မှားမယ်မထင်ပါ။ CRPH ဟာ သူ့ရဲ့တရားဝင်မှုပေါ်က နိုင်ငံ တကာတရားဝင်မှုကို တည်ဆောက်နိုင်ခဲ့တယ်။ ဒီနေရာမှာ နိုင်ငံတကာမှာရှိတဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ် အပြည့်အဝရှိတဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝ အခိုင်အမာရရှိလို့ အောင် မြင်မှုတွေကြီးကြီးမားမားရခဲ့တာလဲဖြစ်ပါတယ်။ ပြည်တွင်းမှာ CDM လှုပ်ရှားမှုဟာ ရာနုန်းပြည့်အောင်မြင် တယ်လို့ ပြောနိုင်ပါတယ်။ အစိုးရရုံးတွေမှာ လက်ရှိကျန်တဲ့ဝန်ထမ်းဆိုလို့ စစ်ဗိုလ်မယားတွေ စစ်တပ်မိသား စုတွေနဲ့ကြေးစားတချိူ ့ဘဲကျန်တော့တာပါ။ လူထုအုပ်ချူပ်ရေးတွေမှာလဲ စစ်တပ်ကတွေ ့ရာပစ်ခတ် သတ် ဖြတ်နေပေမဲ့ လူထုကကိုယ့်အုပ်ချူပ်ရေးကိုကိုယ်အ ခိုင်အမာတည်ဆောင်နိုင်ခဲ့ကြပါတယ်။ ကျနော်ဒါတွေ ရေးနေတာ CRPH ကသူ့ရဲ ့တရားဝင်မှုကနေ soft power ကိုသုံးနိုင်ခဲ့တာဖြစ်ပါတယ်။
ကနေ့မြန်မာနိုင်ငံလက်ရှိအခြေအနေက အသတ်မခံရသေးတဲ့ မြို့ဆိုလို့ သိတ်မကျန်တော့ ပါဘူး။ အနည်းဆုံး တယောက် နှစ်ယောက်ကနေ ရာချီအသတ်ခံနေရချိန်ဖြစ်ပါတယ်။ လူထုကတကယ့်ကို သတ္တိရှိကြသလို တာ ဝန်ကျေကြပါတယ်။ ဒီအတွက်လူထုက ထိုင်နေလဲအသတ်ခံရ အိပ်နေလဲအသတ်ခံရ ဈေးဝယ်သွားလဲ အ သတ်ခံရ ဆန္ဒပြလဲအသတ်ခံရ အိမ်တွေထဲလဲ တရားမဲ့ဝင်ရောက်ပစ်ခတ်သတ်ဖြတ်တာတွေ လုယက်တာ တွေ ရိုက်နှက် ဓားပြတိုက်နေကြတာတွေစတဲ့ မင်းမဲ့လုပ်ငန်းတွေကို စစ်တပ်နဲ့ရဲက လုပ်နေကြတာ သက်သေ သက်ကာယတွေ နဲ့ ဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ လူထုတောင်းဆိုမှုကတော့ CRPH အနေနဲ့ ဖက်ဒရယ်တပ်မတော်တရပ်အမြန်ဖွဲ ့စည်းပြီး လက်ရှိအကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ဘို့ဆိုတာဘဲဖြစ်ပါတယ်။
ပြောမယ်ဆိုရင် ဒါဟာ CRPH အတွက် hard power လုပ်ငန်းပါ။ CRPH မှာ ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင် မှု မရှိသလို စစ်ကိုဦးစီးနိုင်မဲ့ပုဂ္ဂိုလ်တွေ မရှိနိုင်ပါဘူး။ ဒါကလဲ သဘာဝကျတဲ့ ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ ဒီမိုကရေစီစနစ်ကိုတည်ထောင်ဘို့ ရည်ရွယ်တည်ထောင်ခဲ့တဲ့ပါတီတခုအတွက် အခက်အခဲ ရှိမှာသေချာပါတယ်။ ခက်တာက လက်ရှိဗမာပြည်အခင်းအကျင်းကလဲ ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း လူမဆန်အောင်ရမ်းကားနေကြတဲ့ လူဆိုးသူခိုးဓါးပြတွေကို လက်နက်နဲ့ခုခံမှ လက်နက်နဲ့ကာကွယ်မှ ဖြစ် တော့မယ်ဆိုတာကလဲ ဘဝတွေက အခိုင်အမာပြဌာန်းနေပြီဖြစ်ပါတယ်။ ကျနော်အမြင်က CRPH ရဲ ့ ၂၀ဝ၈ ဖွဲ ့စည်းပုံဖျက်သိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး ဖက်ဒရယ်ယူနီယမ်တပ်မတော် ဖွဲ ့စည်းရေးသဘောထားတွေအပေါ် အပြည့်အဝထောက်ခံပါတယ်။
အရေးအကြီးဆုံးအချက်က ဖက်ဒရယ်ယူနီယမ်တပ်မတော်တရပ်ထူထောင်ရေးလို့ မြင် ပါတယ်။ ဒီအတွက် ကျနော်ပေးချင်တဲ့အကြံပြုချက်ကတော့ တိုင်းရင်းသားတွေကိုအပြည့်အဝယုံကြည်ပါ။ ဖက်ဒရယ်ယူနီယမ် တပ်မတော်အတွက် တိုင်းရင်းသားခေါင်းဆောင်တွေကိုဦးစီးဘို့ တာဝန်ပေးပါ။ ဥပမာ KIA တပ်မတော်က စစ်ဦးစီးမှုးတဦးကို FUA ရဲ ့စစ်ဦးစီးချူပ် တာဝန်ပေးပြီး ဗမာပြည်မြောက်ပိုင်းတခုလုံးကို ဥိးဆောင်စေနိုင် ပါတယ်။ ဒီလိုဘဲ KNU တပ်မတော်က စစ်ဦးစီးမှုးတဥိးကို FUA ရဲ ့ စစ်ဦးစီးချူပ်ခန့်ပြီး ဗမာပြည်တောင်ပိုင်း တခုလုံးကို ဦးဆောင်စေနိုင်ပါတယ်။ အခြားတိုင်းရင်းသားတပ်မတော်များကိုလည်း အဆိုပါ စစ်ဥိးချူပ်များက CRPH ကိုယ်စားညှိနိုင်းဆောင်ရွက်စေနိုင်ပါတယ်။
R2P အတွက်က တရုတ်နိုင်ငံလို တိုင်းပြည်မျိူးရှိနေတဲ့အတွက် အခက်အခဲများစွာရှိနိုင် ပါတယ်။ FUA တပ် မတော်ဖွဲ ့ပြီးရင်တော့ နိုင်ငံတကာမိတ်ဆွေများ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေနဲ့ ရုပ်ဝတ္တု ပစ္စည်းတွေ နည်းပညာတွေ ငွေကြေးအထောက်အပံ့တွေ လွတ်လွတ်လပ်လပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပြည် တွင်းက လူငယ်လူရွယ်တွေကအစ စစ်တိုက်ဘို့အသင့်ရှိတဲ့ လူငယ်တွေအတွက် အစီအစဉ်တွေ အခိုင်အမာ ရေးဆွဲနိုင်ပြီဖြစ်ပါတယ်။ ပြည်တွင်းမြို ့ပြတိုက်ပွဲအတွက် လူငယ်တွေအချိူ ့ကလဲ လူထုကြီးနဲ့အတူ မြို့ပြတိုက် ပွဲစစ်ပညာတွေလေ့လာရင်း လက်နက်တွေကိုယ်စီ ရလာလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ကနေ့ကြေးစားစစ်တပ်ဟာ လက်နက်ဆိုလို့ အပ်တချောင်းတောင်မရှိတဲ့လူထုကို ပက်ပက်စက်စက် ရက်ရက် စက်စက်အနိုင်ကျင့်နိုင်ပေမဲ့ လက်နက်လက်နက်ချင်းတိုက်တဲ့ပွဲတွေမှာ ဘယ်လောက်အစွမ်းရှိတယ်ဆိုတာ ရခိုင်ပြည်နယ်တိုက်ပွဲမှာ ကျနော်တို့သုံးသပ်ကြည့်ပြီးပါပြီ။ ပိုက်ဆံရလို့စစ်တိုက်နေတဲ့လူတွေကို တိုင်းပြည်အ တွက်ယုံကြည်ချက်နဲ့ အသက်စွန့်တိုက်ပွဲဝင်မဲ့လူတွေက နိုင်မှာကတော့ အသေအချာဘဲဖြစ်ပါတယ်။ စိတ် ဓါတ်ကအစ မိုးနဲ ့မြေလိုကွာပါတယ်။ ယူနီဖေါင်းဝတ် လူဆိုးလူမိုက်သူခိုးဓါးပြတွေအတွက် ပြစ်ဒဏ်ခတ်ခံရ မဲ့အချိန်နီးလာပါပြီ။
ကျနော်ကိုယ်တိုင်လဲ စစ်ရေးအတွေ့အကြုံတစုံတရာရှိပါတယ်။ကိုယ့်ကိုယ်ကိုလဲ ဖက်ဒရယ်တပ်မတော်သား တယောက်အဖြစ်ခံယူထားပါတယ်။ အချိန်မရွေးဆက်သွယ်တာဝန် ပေးနိုင်ပါတယ်။
ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်များရဲ့သွေးသစ္စာကို ကျနော်တို့ ထာဝရစောင့်သိရိုသေလျက် အသက်စွန့် တိုက်ပွဲဝင်ပါမယ်လို့လဲ အလေးအနက် သစ္စာအဓိဋ္ဌာန်ပြုပါတယ်။
အရေးတော်ပုံ အောင်ရမည်
ကိုအောင်မှိုင်း
မတ်လ ၁၆ရက်နေ့ ၂၀၂၁ခုနှစ်။
(Illustration - Than Htay Maung)