Breaking News

နွေဦးတော်လှန်ရေးကဗျာများ အီးဘုတ် - မိုးဦးဆွေညိန်း စီစဉ်ထုတ်ဝေ



နွေဦးတော်လှန်ရေးကဗျာများ အီးဘုတ် - မိုးဦးဆွေညိန်း စီစဉ်ထုတ်ဝေ
(မိုးမခ) မတ် ၂၁၊ ၂၀၂၁

နွေဦးတော်လှန်ရေးကဗျာများ ၊ ကမ္ဘာ့ကဗျာနေ့၊ ၂၀၂၁၊ အမှတ်တရအဖြစ် မိုးဦးဆွေညိန်းက စီစဉ်ထုတ်ဝေပါတယ်။ ခွင့်ပြုချက်ကြိုတင်တောင်းခံနိုင်ခြင်းမရှိဘဲ အမြန်ဆုံး ကဗျာချစ်သူများ တော်လှန်ရေးတိုက်ပွဲဝင်နေသူများအတွက် ခွန်အားတစုံတရာ ထည့်ဝင်ခြင်း ဖြစ်ပါတယ်။ ခွင့်ပြုကြစေလိုပါတယ်။ ဆက်ပြီး
နွေဦးတော်လှန်ရေးကဗျာများ
ကမ္ဘာ့ကဗျာနေ့၊ ၂၀၂၁
၁။ သုခမိန်လှိုင်
၂။ မောင်စိန်ဝင်း(ပုတီးကုန်း)
၃။ ဇေယျာလင်း
၄။ အောင်ဝေး
၅။ လင်းသဏ်ညီ
၆။ ကြည်ဇော်အေး
၇။ ညီလင်းနိုင်
၈။ နှင်းခါးမိုး
၉။ အေဖော်ခိုင်
၁၀။ ဗမွန်
၁၁။ ကိုရွေး
၁၂။ မြတ်
၁၃။ မိုးကျော်သူ
၁၄။ ကေဇဝင်း
၁၅။ မင်းနဒီခ
၁၆။ နီဟိန်းမော်
၁၇။ မိုးဝေး
၁၈။ သစ်ကောင်းအိမ်
၁၉။ ဝင်းမြင့်
၂၀။ မိုးဦးဆွေညိန်း
နွေဦးတော်လှန်ရေးကဗျာများ
၂၀၂၁ ကမ္ဘာ့ကဗျာနေ့ဟာ ကျနောတို့ရဲ့ မပြီးသေးတဲ့ တော်လှန်ရေးနေ့ရက်များထဲမှာ ကြုံရတာကြောင့် နွေဦးတော် လှန်ရေးကို အကြောင်းပြုထားတဲ့ ကဗျာများကို ဘယ်သူ့ဆီကမှ တောင်းမထားဘဲ လက်လှမ်းမီသ၍ စုစည်းဖြစ်ပါတယ်။ တစ်စုတစ်တည်း ဖတ်ရအောင် PDF ဖိုင် ပြုလုပ်ပြီးတင်ပေးထားပါတယ်။ ပါဝင်သောကဗျာဆရာများနှင့် သရုပ်ဖော်ပုံအဖြစ် သုံးထားတဲ့ ပုံများ၏ မူလပိုငရှင် များကလည်း တော်လှန်ရေးအတွက် နိုင်တဲ့ဘက်က
ထည့်ဝင်သယ်ပိုးခြင်းအဖြစ် နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ချွတ်ချော်မှုတစ်စုံတစ်ရာ ရှိခဲ့ရင်လည်း စီစဉ်သူ ကျနော့်ကို ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်အပ်ပါတယ်။
စီစဉ်သူ
မိုးဦးဆွေညိန်း
မတ် ၂၁၊ ၂၀၂၁။
ဒေါင်းလုပ်လင့် - https://drive.google.com/.../1R0u1GkrNKdpX7RVTGML.../view...
#MoeMaKaMedia 
#WhatsHappeningInMyanmar