Breaking News

ဝင်းမြင့် - ဝင်းမြင့် ၏ မြန်မာ့နွေဦးတော်လှန်ရေးကဗျာစု ...

Art- Than Htay Maung

ဝင်းမြင့် ၏ မြန်မာ့နွေဦးတော်လှန်ရေးကဗျာစု ...
အနက်

ရပ်တန့်မရတဲ့စီးဆင်းမှုကို
အိပ်မွေ့ချပြီး
ချောက်ကမ်းပါးထဲတွန်းချတော့
ရေတံခွန်ဖြစ်လာတယ် ။
ဘယ်အထိလည်းဆိုတော့
သက်တန့်အထိပါ  ။
ရေရဲ့သိပ်သည်းမှုကို
မင်းသိရစေ့မယ်
ရေကနက်တယ်  ။      ။

၇  ၃  ၂၀၂၀
(မနက်ဖြန်တပေါင်းလပြည့်)
...
လက်များ

လက်ငါးချောင်းကို ဆုပ်လိုက်ရင်
လက်သီးဖြစ်တယ်
လက်သီးဟာ ဒို့အရေးဖြစ်တယ် ။
လက်ငါးချောင်းထဲက
လက်သုံးချောင်းထောင်ပြလိုက်ရင်
နွေဦးတော်လှန်ရေးဖြစ်တယ် ။
လက်ငါးချောင်းထဲက
လက်ခလယ်ကိုထောင်ပြလိုက်ရင်
လိ ဖြစ်တယ်
ထီမထင်တဲ့ဟန်ဖြစ်တယ်   ။     ။

၆  ၃  ၂၀၂၁
...

ဒဏ်ရာ

နွေရောက်လာပြီပြောပေမယ့်
ကျနော် မယုံရဲဘူး ။
သစ်ရွက်တွေ ကိုင်ကြည့်တော့လည်း
မျက်ရည်တွေက
အခုထိ စီးနေတုန်း   ။  
မျက်ရည်ကိုစမ်းကြည့်တော့လည်း သွေးလိုပဲ ။ ။

၄  ၃   ၂၀၂၁
...
တော်လှန်ရေး

နွေဦးက
သူ့မှာ မရှိဖူးတဲ့ပန်းတွေကိုတောင်
ထုတ်ပြတယ်။

ကျနော်တို့က
မြေသြဇာဖြစ်လည်း
ကျေနပ်တယ်။ 

၁၉၊ ၀၂၊ ၂၀၂၁