မောင်ကြူးရင့် - ရန်ကုန်
Design- Than Htay Maung
ရန်ကုန်
မောင်ကြူးရင့်
(မိုးမခ) မတ် ၁၉၊ ၂၀၂၁
ရန်ကုန်ဟာ
တိုက်ပွဲရဲ့ဗဟိုချက်ဖြစ်တယ်
ရန်ကုန်ရဲ့လမ်းမတွေပေါ်
ကြယ်တွေဖွေးဖွေးလှုပ်နေတယ်
ရန်ကုန်ဟာ
အမှန်တရားအတွက်
ဘဝတွေပေးခဲ့ပြီးပြီ
ရန်ကုန်ဟာ
လွတ်မြောက်ဖို့အတွက်
အသက်တွေပက်ပက်စက်စက်
ပေးခဲ့ပြီးပြီ
ရန်ကုန်ဟာ
ဘယ်အခါမှ
ဒူးထောက်မှာမဟုတ်
လက်မြှောက်မှာမဟုတ်
နောက်ဆုတ်မှာမဟုတ်
အရှုံးပေးမှာမဟုတ်
ရန်ကုန်ဟာ
ဘုံရန်သူကို
တူးတူးခါးခါးရွံတယ်
အရိုးထဲထိမုန်းတယ်
အဲ့ဒီ့အရိုးထဲကအမုန်းဟာ
မီးဟုန်းဟုန်းတောက်လိမ့်မယ်
ရန်ကုန်ရဲ့အောင်ပွဲဟာ
လက်တကမ်းပဲလိုတော့တယ်
ငါ ရန်ကုန်ကို
ဦးညွှတ်အလေးပြုပါတယ်