Breaking News

မောင်စွမ်းရည် - ကဗျာအစွမ်း



မောင်စွမ်းရည် - ကဗျာအစွမ်း

(မိုးမခ) မတ် ၈၊ ၂၀၂၁

ကျည်ဆံတတောင့်ဟာ
လက်ဖြောင့်ပါမှ တခါတတောင့်
တတောင့်တတောင့် တယောက်တချက်
တသက်လောက်ပဲ ခြွေနိုင်တယ်။

ကဗျာတပုဒ်ဟာ
တပုဒ် လေးငါး ဆယ်ယောက်
အယောက် ရာထောင် နှစ်ပေါင်းရာထောင်
နာအောင် သေအောင် စွမ်းဆောင်နိုင်တယ်

မတ် ၆၊ ၂၀၂၁

#MoeMaKaMedia #WhatsHappeningInMyanmar