Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - အောင်ဝေး၊ ဖိုးရွှေညီမှိုင်း

Art - Than Htay Maung

မြန်မာနွေဦးတော်လှန်ရေးကဗျာများ မိုးမခ ဇူလိုင် ၁၅၊ ၂၀၂၁ -
မင်းအောင်လှိုင် ဗိုင်းရပ်စ် အောင်ဝေး လူတွေ သေနေတယ် မျက်ရည်မြစ်ကြီး စီးနေတယ်။ စစ်ကားကြီး လေးစီးနဲ့ တန်းစီထားတဲ့ အောက်ဆီဂျင်အိုးအခွံတွေ သိမ်းသွားသတဲ့။ လူတွေ သတ်နေရဲ့ မင်းအောင်လှိုင်ဗိုင်းရပ်စ်။ ။ (ဇူလိုင် ၁၄၊ ၂၀၂၁) .... MIN AUNG HLAING VIRUS People keep dying The river of tears keeps flowing. With the 4-army trucks The empty oxygen cylinders lined up Captured. Killing the people Min Aung Hlaing virus. AUNG WAY (July 14, 2021) Translated by NEI HTEK NAING ... စစ်ပြေး ဖိုးရွှေညီမှိုင်း ခြေ နှစ်ဖက်က မြင်း နှစ်ကောင် ဝေးရင်ပြီးရော ပြေးကြ။ လက် နှစ်ဖက်က ဓား နှစ်လက် အသက်ဆက်ဖို့ မြှစ်ကိုရှာ ငှက်ပျောပင်မှာ ရေရှိတယ်။ ၂၀၂၁ ဇူလိုင် ၁၄