Breaking News

နီမင်းထက် - လေရူးနဲ့ ငြိစွန်းမိသောသစ်ရွက်များ

နီမင်းထက် - လေရူးနဲ့ ငြိစွန်းမိသောသစ်ရွက်များ
(မိုးမခ) နို၀င်ဘာ ၁၀၊ ၂၀၂၁

ဘယ်ဘုရားမှ ကယ်မရနိုင်သောဝဋ်ကြွေးများ
ဘယ်တရားမှ ဖယ်မရနိုင်သောပါရမီတော်ခန်းများ

တရစ်ပြီးတရစ်ပြုန်းလာတဲ့စနစ်မှာ ကိုယ့်မှာမရှိရင် ကမ္ဘာမှာလည်းမရှိသလို နေ့ရက်များဖြစ်ခဲ့ရတယ်

ဉာဏ်ရည်မွဲတော့ ကံသီလို့လွဲခဲ့ရတာပဲနဲ့ဖြေရ
ဖန်ရည်မွဲတော့ မှန်အကြည်နဲ့လွဲခဲ့ရတာပဲနဲ့နေရ

လက်ရည်တပြင်ထဲအသက်ရှင်ရေးဟာ စားရိတ်မျှပေးလမ်းကလေးပဲ

ရေးတတ်ဖတ်တတ်တာနဲ့ ဘေးထွက်ရပ်နေတော့တာပဲ
မင်းတို့ကချစ်တတ်ရင်လည်း ပစ်သတ်ချင်ကြတယ်။ ။

နီမင်းထက်
နို၀င်ဘာ ၇၊ ၂၀၂၁ 

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar