Breaking News

ကိုဗစ်နာတာရှည် (Long Covid) ကို ရင်ဆိုင်ကြရမည်ဟု ဆေးပညာရှင်တွေ သတိပေး

ကိုဗစ်နာတာရှည် (Long Covid) ကို ရင်ဆိုင်ကြရမည်ဟု ဆေးပညာရှင်တွေ သတိပေး
(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၂

ကိုဗစ်ကပ်ဘေး (၂) နှစ်ကျော်ပြီဖြစ်သော်လည်း ခုထိ ကိုဗစ်မျိုးကွဲတွေ တိုးနေဆဲဖြစ်နေပါတယ်။ ဒါကြောင့် အသက် ၄၀ နဲ့အထက် လူရွယ် လူကြီးတွေဆီမှာ Long Covid လို့ အမည်တတ်ထားတဲ့ ကိုဗစ်နာတာရှည်ဝေဒနာတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြရလိမ့်မယ်လို့ အမေရိကန်ဆေးပညာရှင်တွေက ထုတ်ပြောကြပါတယ်။

ကိုဗစ်နာတာရှည် ဆက်ဖြစ်မယ်ဆိုတာက ကိုဗစ်ကူးစက်လို့ ပြန်လည်သက်သာသွားသော်လည်း ကိုဗစ်လက်ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း မောပန်းခြင်း စိတ်ကြည်လင်မှုမရှိဘဲ ထိုင်းမှိုင်းခြင်း အသက်ရှုမ၀ခြင်း၊ အစာအိမ်နဲ့ အဆုပ်ဆိုင်ရာဝေဒနာများ ခံစားရခြင်းတို့ကို ရေရှည် ဆက်လက်ကြုံတွေ့ရမယ်လို့ ဆိုလိုပါတယ်။ ချောင်းဆိုးခြင်း လည်ချောင်းယားခြင်း စတဲ့ ရေတိုလက္ခဏာတွေကိုလည်း ၁ လလောက် ဆက်ပြီးဖြတ်သန်းကြရမယ်ဆိုလို့ ဆိုပါတယ်။

မြန်မာပြည်မှာကတော့ စစ်ဘေးတွေအပြင် ကိုဗစ်ဘေးကို ရင်ဆိုင်နေကြရတာမို့ ဝေဒနာရှင်များမှာ ကိုယ်စိတ်နှစ်ပါးလုံး ရောဂါဝေဒနာများ ပိုမိုဖိဆီးကြရမှာဖြစ်ပြီး အများပြည်သူတွေက အချင်းချင်းပိုမို အားပေးစောင့်ရှောက်ကြဖို့လိုတယ်လို့ မြန်မာဆေးဆရာဝန်တဦးက မှတ်ချက်ပေးပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar