Breaking News

ကိုကျော် (မြစ်ကြီးနား) - ပြင်သစ် TotalEnergies (ယခင်နာမည် Total) မြန်မာပြည်မှ ရုတ်သိမ်းပြီ

ကိုကျော် (မြစ်ကြီးနား) - ပြင်သစ် TotalEnergies (ယခင်နာမည် Total) မြန်မာပြည်မှ ရုတ်သိမ်းပြီ 
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၂၂

ကမ္ဘာ့အင်အားကြီး ရေနံကုမ္ပဏီ ၇ ခုထဲက တစ်ခုဖြစ်တဲ့ ပြင်သစ် TotalEnergies (ယခင်နာမည် Total) က မြန်မာပြည်မှ ရုတ်သိမ်းတော့မယ်လို့ ဇန်နဝါရီလ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

TotalEnergies က မြန်မာနိုင်ငံ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းနဲ့ မုတ္တမသဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ MGTC (Moattama Gas Transportation Company) လုပ်ငန်းနှစ်မျိုးလုံးမှ ရုတ်သိမ်းတော့မယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းခဲ့ချိန်မှစပြီး လူအခွင့်အရေး နဲ့ တရားဥပဒေစိုးမိုးရေး တို့အပါအဝင် အခြေအနေများ ပိုမိုဆိုးဝါးလာတာကြောင့် ကုမ္ပဏီအနေနဲ့ ပြန်လည်သုံးသပ်ခဲ့ရကြောင်း၊ အခြေအနေအရ TotalEnergies မှ တိုင်းပြည်အတွင်း အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှု လုပ်ဆောင်နိုင်ခွင့်မရှိတော့ကြောင်း၊ ဒါကြောင့် ရလဒ်အားဖြင့် အခုလိုဆုံးဖြတ်ခဲ့ရကြောင်း စသဖြင့် ဖော်ပြထားပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar