Breaking News

ကိုကျော်(မြစ်ကြီးနား) — ဖေ့ဘုတ်ရှယ်ယာဈေး ၂၆ %ကျ၊ ဘီလီယံ ၂၅၀ ကျော်ရှုံး


ကိုကျော်(မြစ်ကြီးနား) — ဖေ့ဘုတ်ရှယ်ယာဈေး ၂၆ %ကျ၊ ဘီလီယံ ၂၅၀ ကျော်ရှုံး

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၂။

ဖေ့ဘုတ် နေ့စဥ်သုံးစွဲသူ အရေအတွက်က ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံး ၃ လ လောက်ကစပြီး ကျဆင်းလာတယ်။ ကြာသပတေးနေ့မှာ ဖေ့ဘုတ်ရဲ့ စတော့ရှယ်ယာဈေး ၂၆ ရာခိုင်နှုန်းလောက် ကျသွား (သို့မဟုတ်) ၂၅၀ ဘီလီယံကျော် ရှုံးသွားတယ်။

ဖေ့ဘုတ်ရဲ့ကုမ္ပဏီ Meta ကို နာမည်ပြောင်းပြီးနောက် ဇူကာဘတ်က မက်တာဗာ့စ်လို့ ခေါ်တဲ့ ပုံရိပ်ယောင်ကမ္ဘာ လူမှုကွန်ရက်ကိုပဲ အာရုံစိုက်ပြီး ကြိုးစားနေတာ အဲဒီအတွက်က အကုန်အကျလည်း အတော်များပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း သိပ်သဘောမကျဘူး ဖြစ်နေတယ်။ 

​နောက်ဆုံး ၄ လပတ် အရှုံးအမြတ်စာရင်းမှာ မီးနီတချို့ပြလာတယ်လို့ သိရတယ်။ ဇူကာဘတ်ရဲ့ Meta ဘာကြောင့် အခက်အခဲနဲ့ ကြုံလာရတာလဲ ဆိုတာကို ထပ်ပြီးရေးပါအုံးမယ်။

ကိုကျော်(မြစ်ကြီးနား)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar