မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၈ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၉၊ ၂၀၂၂
ဧပြီလ ၈ ရက် - စုစည်းဖွဲ့စည်းဖို့ လိုအပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး
စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်သေနတ်၊ တူးမီးနဲ့ မောင်းပြန်ရိုင်ဖယ်၊ ကာဘိုင် စတဲ့ လက်နက်အမျိုးမျိုးနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့ကာ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်တာ၊ ရဲစခန်းတွေ စစ်ကင်းစခန်းတွေ၊ မြို့တွေနယ်တွေက အုပ်ချုပ်ရေးရုံးတွေ၊ အစိုးရရုံးတွေကို တိုက်ခိုက်လာခဲ့ကြပါတယ်။
အဲဒီလိုတပ်ဖွဲ့တွေကတော့ ချင်းပြည်နယ်မှာ ခုခံတိုက်ခိုက်နေတဲ့ ချင်းလူမျိုး လက်နက်ကိုင် အဖွဲ့တွေကို CDF ခေါ်ကြပြီး၊ ကယားပြည်နယ်မှာ KNDF အမည်နဲ့ တဖန် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အချို့ဒေသတွေမှာ PRA ဆိုတဲ့ နာမည်နဲ့ ဖွဲ့စည်း လှုပ်ရှားကြပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ မင်းကင်း စသဖြင့် မြို့နယ်တွေ တိုက်နယ်တွေအလိုက်ကို အမည်အမျိုးမျိုးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားကြတာပါ။
ဒါတွေက ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ဖွဲ့စည်းလှုပ်ရှားနေကြတဲ့ အဖွဲ့နာမည်တွေ ဖြစ်ပြီး မြို့ပြပြောက်ကျားအဖွဲ့တွေ အနေနဲ့ဆို အသေးဆုံး အရွယ်အစားနဲ့ အစုအဖွဲ့တွေဖွဲ့ပြီး မြို့တမြို့မှာ အဖွဲ့ပေါင်း ဒါဇင်နဲ့ချီ ရှိလောက်တဲ့အထိ အသီးသီး ဖောက်ခွဲတာ၊ အုပ်ချုပ်ရေးမှူး၊ သတင်းပေးသူ၊ စီဒီအမ် မလုပ်တဲ့ အရပ်ဘက်ဝန်ထမ်းတွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
နယ်မြေတခုမှာ ယာယီစခန်းဖွင့်ကာ သင်တန်းပေးတာ၊ လေ့ကျင့်တာ၊ လက်ဖြစ် လက်နက်ထုတ်လုပ်တာတွေ အထိလုပ်တဲ့ လက်နက်ကိုင်အဖွဲ့ သို့မဟုတ် မြို့တွေမှာပဲ သာမန်လူထုနဲ့ ရောနှောနေထိုင်ကာ မြို့ပြပြောက်ကျားအဖြစ် ဗုံးခွဲတာ၊ လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ဆောင်တဲ့ အမျိုးအစားရယ်လို့ အကြမ်းဖျင်း ၂ မျိုးခွဲလို့ ရနိုင်မယ် ထင်ပါတယ်။
ဒီလို အစုအဖွဲ့တွေ သူ့ မြို့၊ ရွာ အလိုက် သူ့အစုအဖွဲ့အလိုက် စုဖွဲ့ကြတာဟာ လုံခြုံရေး အကြောင်းကြောင့်နဲ့ ရန်ပုံငွေရရှိမှုအပေါ် အခြေခံကြတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လက်နက်ကိုင် တော်လှန်ရေး တနှစ်နီးပါး ကြာလာတဲ့အခါမှာတော့ လက်နက်ကိုင်တော်လှန်ရေးကို နှိုးဆော်ခဲ့ပြီး လက်ရှိ ဦးဆောင်မှုနေရာမှာရှိနေတဲ့ NUG အစိုးရအနေနဲ့ ရောက်နေတဲ့ အနေအထားနဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဥ် ဖြစ်သင့်တဲ့ အနေအထားတွေကို ပြန်သုံးသပ်ဖို့ အရေးတကြီးလိုအပ်ပြီလို့ ထင်ပါတယ်။
ဘာကြောင့် လိုအပ်သလဲဆိုခဲ့ရင် လက်နက်ကိုင်တော်လှန်ရေး ရှည်ကြာပြီး သူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာမျိုး မဖြစ်ဖို့ရာအတွက် သွားစေချင်တဲ့ လမ်းကြောင်းကို မောင်းနှင်နိုင်ဖို့အတွက် နိုင်ငံရေး သဘောတရားအရ ထိန်းကျောင်းနိုင်ဖို့ ၊ စစ်ရေး စုစည်းမှု တခုအောက်မှာ အချိတ်အဆက်နဲ့ မဟာဗျူဟာ တခုတည်းအောက် လှုပ်ရှားနိုင်ဖို့အတွက် အရေးတကြီး လိုအပ်တယ်လို့ ယူဆပါတယ်။
အဲဒီလို မစုစည်းနိုင်ခဲ့ရင် အမိန့်တခုတည်းအောက်မှာ မရှိတဲ့ အကျိုးဆက်အနေနဲ့ ယင်းမာပင် PDF က အခြားသော PDF အဖွဲ့ဝင်တွေအပါအဝင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ အဖြစ်မျိုးလို လက်လွန်ခြေလွန် လုပ်ဆောင်မှုမျိုးတွေ ဖြစ်ပေါ်လာနိုင်ပြီး အဲဒီဖြစ်ရပ်တွေက လက်နက်ကိုင်တော်လှန်ရေးရဲ့ ဦးတည်ချက်၊ အောင်မြင်မှုကို ကြီးကြီးမားမားထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်တော်လှန်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီလုပ်တဲ့ အရပ်သားတွေကို ဥပဒေမဲ့ ဖမ်းဆီးတာ နှိပ်စက်ညှဉ်းပန်းတာ၊ သတ်ဖြတ်တာမျိုးတွေ မလုပ်မိဖို့အတွက် အမိန့်တခုတည်းအောက်မှာ ရှိဖို့လိုသလို အဲဒီလို လုပ်ရပ်မျိုး ကျူးလွန်ခဲ့ရင်လည်း အပြစ်ပေးအရေးယူတဲ့စနစ် ရှိနေဖို့ လိုအပ်တာ ဖြစ်ပါတယ်။
အရေးကြီးတဲ့အချက်ကတော့ PDF အဖွဲ့တွေအနေနဲ့ တစုတစည်းတည်း ဖြစ်မနေဘဲ ဒေသအလိုက် သူ့ဘဏ္ဍာသူ ရှာပြီး တည်ထောင်ကြရတဲ့အခါ ဘဏ္ဍာရဖို့ လူထုရဲ့ ထည့်ဝင်ကူညီမှုလို မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်တာမျိုးလည်း ရှိသလို ပြန်ပေးဆွဲတာမျိုး ဓားပြတိုက်တာမျိုးတွေလည်း ဖြစ်လာနိုင်ခြေရှိတာကို သတိမူဖို့ လိုအပ်ပါတယ်။
နောက်တချက်ကတော့ စစ်ရေးအရ အမိန့်တခုတည်းအောက်မှာ မဟုတ်တဲ့အခါ လှုပ်ရှားမှုတွေ ခုခံမှု တိုက်ပွဲတွေ၊ ရန်သူ စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်မှုတွေက တကွဲတပြားစီဖြစ်နေမှာ ဖြစ်ပြီး စုစည်းမှု အင်အား ချိန်ကိုက်ဖြစ်မှု၊ အင်အားကောင်းဖို့ အခြေအနေတွေ ရရှိဖို့ မလွယ်ကူတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ တိုက်ခိုက်တဲ့အချိန်မှာ ချင်းပြည်နယ်နဲ့ ဆက်စပ်ဒေသတွေ ဖြစ်တဲ့ ပခုက္ကူ၊ ပေါက်၊ ဆော၊ ယော၊ ကလေး ၊ ဂန့်ဂေါ စတဲ့ဒေသတွေမှာ ဘယ်လိုစစ်ရေးလှုပ်ရှားမှုတွေ လုပ်သင့်သလဲ၊ ကယားပြည်နယ် တိုက်ပွဲတွေနဲ့ အခြားဒေသက တိုက်ပွဲတွေ ဘယ်လို အချိန်ကိုက်လှုပ်ရှားသင့်သလဲဆိုတဲ့ အရေးကိစ္စတွေ ရှိနေတာ သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။
အခု ဆွေးနွေးရေးပြခဲ့တာတွေက ဆယ်စုနှစ်တွေကတည်းက သို့မဟုတ် ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီကတည်းက တည်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ထည့်သွင်းမရေတွက်သေးဘဲ စစ်အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကို ပုံပေါ်လာအောင် စဥ်းစားကြည့်တဲ့ သဘောလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေမှာ အတွေ့အကြုံများစွာရှိတဲ့ လွတ်မြောက်နယ်မြေတွေကို ထိန်းချုပ်ကာကွယ်ထားနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ် လုပ်နိုင်ဖို့ကလည်း အရေးကြီးဆုံးအချက်တွေထဲ ပါဝင်နေပါတယ်။ စစ်ရေးအရ နိုင်ငံရေးအရ မဟာမိတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ရပ်တည်ချက်၊ ကတိကဝတ် ရိုးသားစွာနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။
ဒီနေရာမှာ အမိန့်တခုတည်းအောက် စုစည်းဖို့အတွက် ထောက်ပံ့နိုင်တဲ့ ဘဏ္ဍာရေး ရှိဖို့၊ ဆက်သွယ်တဲ့ စနစ် တည်ဆောက်ဖို့ လိုအပ်တဲ့ လက်နက်တွေ ရရှိဖို့ စတဲ့ စိန်ခေါ်မှုတွေ တန်းစီပြီး ရှိနေနိုင်ပါတယ်။
စိန်ခေါ်မှုတွေ ရှိနေသည့်တိုင် အထက်က လိုအပ်ချက်က စစ်အာဏာရှင်စနစ် ဖယ်ရှားရေးမှာ မဖြစ်မနေ လိုအပ်တာမို့လို့ နည်းလမ်းရှာပြီး ဖြည့်ဆည်းရမှာ အသေအချာလို့ ဆိုချင်ပါတယ်။