တာရို - ၂၀၂၂ စက်တင်ဘာလ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
တာရို - ၂၀၂၂ စက်တင်ဘာလ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၂
၂၀၂၂ စက်တင်ဘာလ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ ရည်ရွယ်ပြီး တားရော့ကဒ်တွေ ချကြည့်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသောကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရား တရား မမေ့ကြပါနဲ့။
၂၀၂၂ စက်တင်ဘာလ ရန်ကုန်မြို့မှာ နေထိုင်နေကြသော ပြည်သူများ ကံတရားနဲ့ ဖြစ်နိုင်တဲ့ အခြေအနေကို ကြည့်မိတော့ အခြေအနေဟာ ဆိုးရာကနေ အကောင်းဘက်ကို ရွေ့လာတဲ့ ပုံစံမျိုးတွေ ဖြစ်လာတာ၊ ပိုပြီးလွတ်လပ်လာတာ၊ အစစအရာရာကို ရင်ဆိုင်လာကြုံတွေ့လာရတာတွေကနေ တည်ငြိမ်တဲ့ အနေအထားရောက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေးလုပ်ကိုင်နေသူတွေ လုပ်နိုင်ကိုင်နိုင်လာတာတွေအပြင် ထူးထူးဆန်းဆန်း စိတ်ပိုင်းဆိုင်ရာမှာ ခွင့်လွှတ်တဲ့စိတ်တွေ ကြီးစိုးလာတာတွေ မြင်ရပါတယ်။ မိသားစုတွင်း ပျော်ရွှင်ရတာ၊ ပွဲကျင်းပရတာ အခမ်းအနား ကျင်းပရတာမျိုးတွေ၊ ပြင်ဆင်ရတာမျိုးတွေ ဖြစ်လာတတ်တာကြောင့် ဘာပဲဖြစ်ဖြစ် ကုသိုလ်ကေင်းမှုများနဲ့ ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ မကောင်းတာတွေ ဖြစ်လာတတ်တာကတော့ သစ္စာဖောက်ခံရမှာကို ကြောက်နေတတ်တာ၊ ကိုယ့်စိတ်ကို မကောင်းမြင်ပြီး လှောင်ပိတ်နေနေမိတာမျိုးတွေ စိတ်ပိုင်းဆိုင်ရာ အကျဉ်းကျနေရသလို ခံစားနေရတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ တချို့သောသူများအတွက် ဘ၀ကို ခုမှစရသလိုမျိုး အလုပ်သစ်လုပ်ရတာ၊ မသွားဖူးတဲ့ခရီးတစ်ခု ထွက်ရတာနဲ့ အိမ်အသစ်မှာ နေဖို့ စတင်ရတာမျိုး တွေ့ကြုံရတတ်ပါတယ်။
မြန်မာတပြည်လုံး ပြည်သူလူထု အနေအထားဟာ ခုနက ရန်ကုန်မြို့လူတွေလိုပဲ စိတ်ပိုင်းဆိုင်ရာမှာ အကျဉ်းကျနေသလိုမျိုး ဖြစ်နေရတာတော့ လာတူနေတယ်။ စိတ်ထဲမှာ အိပ်မက်ဆိုးတွေမက်ပြီး စိတ်ကို အတော်လေးကို ပြုပြင်နေထိုင်နေရတတ်တယ်။ ကောင်းတာလေးတွေကတော့ မိသားစုကိစ္စအဆင်ပြေတာ စီးပွားရေး လုပ်ကိုင်လာနိုင်တာ အလုပ်အကိုင် အခွင့်အလမ်း ရလာတာတွေနဲ့ အခုလအတွင်း အစစအရာရာ အစကနေ ပြန်စရသလို စွန့်စားမှုအသစ်တွေနဲ့ ရှေ့ဆက်ရပါလိမ့်မယ်။ နောက်ကောင်းတာတစ်ခုကတော့ ကြုံလာရတဲ့ အဆိုးတွေကနေ အကောင်းဘက်ကို ရောက်လာတာမျိုး ဖြစ်သော်လည်း အကောင်းဘက်ကို ရွေ့လာပုံက အလွန်နှေးကွေးတာကြောင့် မသိသာတာ ဖြစ်နေတတ်တယ်။ စိတ်ကို ရှည်ရှည်ထားပြီး ရှေ့ဆက်ကြဖို့ တိုက်တွန်းပါရစေ။
အုပ်ချုပ်သူတွေဆီကို ကြည့်မိတော့ သူတို့က အတော်လေးကို အာဏာနဲ့ ငွေကြေးက သူတို့ဘက်မှ အားကောင်းနေတယ်။ ဒါ့အပြင် သူတို့အတွက် ရင်းနှီးမြှုပ်နှံမူတွေလည်း ရလာတတ်တာကြောင့် သူတို့အတွက်တော့ ပျော်ပြီးရင်း ပျော်နေရသလိုပဲတဲ့။ ရပြီးရင်း ရနေတဲ့ အောင်မြင်မှုတွေဟာ သူတို့အတွက် ရောက်လာတော့မယ့် တစ်ခုခုအတွက် စစ်လက်နက်တွေ ပြင်ဆင်ထားရတာမျိုးတွေ၊ တစ်ခုခု ဖြစ်လာတော့မှာအတွက် ကြိုတင် ပြင်ဆင်ထားရတာမျိုးတွေ လုပ်ကြရတော့မယ်လို့ ဆိုတယ်။ ဘာလဲတော့ မသိပါ။ တိုက်ပွဲတစ်ခု ဆင်နွှဲရမယ်ဆိုပါက သူတို့က တိုက်တာထက် ခုခံစစ်မျိုး ဖြစ်ဖို့များပါတယ်။ မမျှော်လင့်တဲ့ ၀န်ထုပါ၀န်ပိုးတစ်ခု ရုတ်တရက် ကျရောက်လာတတ်ပါတယ်။ တာ၀န်ယူထားတဲ့ ကိစ္စတစ်ခုဟာ ပြီးစီးသွားလို့ လက်လွှဲလိုက်ရတာမျိုး ဖြစ်လာတတ်ပါတယ်။ သို့မဟုတ် တာ၀န်ပြီးသွားတဲ့ သဘောတရားမျိုး ကြုံလာရတတ်ပါတယ်။ နှစ်ဖက် ပြေလည်အောင် ညှိနှိုင်းရတာမျိုး ဖြစ်တတ်တယ်။
အကျဥ်းကျနေတဲ့သူတွေ၊ မမျှော်လင့်ဘဲ အမှုတွေဆင်ပြီး ဖမ်းခံလိုက်ရသူတွေကို ခြုံပြီးကြည့်မိတော့ စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်ကြရမယ့်ကာလတွေ ဖြစ်နေတယ်။ ဘ၀ရဲ့ အတက် အဆင်း အကျ အတက်မှာ တခုခုကြောင့် အဆင်းဖြစ်သွားရတာ၊ အကျဖြစ်သွားရတာမျိုးတွေ ဖြစ်နေတယ်။ ထို့ကြောင့် ပြန်ပြီး အတက် ဆိုတာ ရှိလာနိုင်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး ကျော်ဖြတ်ကြရမယ်။ ရုတ်တရက် သတင်းကောင်းကြားရတာမျိုး ရှိလာတတ်ပါတယ်။ သို့မဟုတ် ရုတ်တရက် သတင်းစကားရလာတာမျိုး၊ အရင် မရခဲ့တဲ့ သတင်းတွေ ပြန်စီး၀င်လာတာမျိုး အဆက်အသွယ်ပြတ်တောက်တာ ကြာနေရင်လည်း ရုတ်တရက် ပြန်ရတာမျိုး ကြုံလာရတတ်ပါတယ်။ စိတ်ဆင်းရဲရမယ့် သတင်းမျိုးထက်ကို စိတ်သက်သာရာရအောင် နေဖို့ သတင်းစကားမျိုးပဲ ကြားရတတ်ပါတယ်။
ရုရှားနဲ့ မြန်မာပြည် ဆက်ဆံရေး ရှေ့လျှောက် ဘယ်လို ဆက်ဖြစ်နိုင်မလဲ ကြည့်ပေးလိုက်ပါတယ်။ ငွေကြေးကိစ္စတွေ ဆောင်ရွက်လို့ကောင်းလာမယ်။ ဆုံးဖြတ်ချက်တွေ ချရမယ်။ အပေးအယူတွေ လုပ်လာရဖို့ရှိတယ်။ ချိန်ဆနေရတဲ့ ကိစ္စတွေ များလာမယ်။ ဆုံးဖြတ်ချက်တခုကို ခက်ခက်ခဲခဲ ချလိုက်ရဖို့ ရှိတယ်။ အဲဒီလိုအခြေအနေရမျိုး ကြုံလာရပါက အပြောင်းအလဲ ကြီးကြီးမားမား ကြုံကြရလိမ့်မယ်။ ရုရှားဘက်က ပေးပေမယ့် ဒီဘက်က ချီတုံချတုံဖြစ်ပြီး ဆုံးရှုံးသွားတဲ့အရာတွေအတွက် စိတ်ပင်ပန်းနေရတတ်တယ်။ ပူတင်ဟာ သူ့အခြေအနေ ပြန်လည်နာလန်ထူလာဖို့ တော်တော်ကြိုးစားနေနေရတယ်တဲ့။ သူ စခဲ့တဲ့ စစ်ပွဲတွေအတွက် သူ့မှာ အပြောင်းအလဲ ကြီးကြီးမားမား တခု ကြုံရလိမ့်ဦးမယ်လို့ ဆိုတယ်။ သူလည်း ဆုံးဖြတ်ချက်တခု ချဖို့ ချီတုံချတုံ ဖြစ်နေရလိမ့်အုံးမယ်။ ဒီဘက်က ခေါင်းဆောင်ပိုင်းမှာ စိတ်ဆင်းရဲစရာ ကြီးကြီးမားမားတခု မကြာမီ ကြုံရလိမ့်မယ်လို့ ဆိုထားတယ်။ သို့သော်လည်း ပြောရခက်ခဲတဲ့ အနေအထားတော့ ဖြစ်နေလိမ့်မယ်။
ဒေါ််အောင်ဆန်းစုကြည်အတွက် စက်တင်ဘာအနေအထားဟာ ဘာသာရေးဘက်ကို ပိုပြီး လုပ်လာတာမျိုးတွေ တွေ့လာရပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ ဖြစ်လာတတ်ပေမယ့် စိတ်ကြံ့ခိုင်သူဖြစ်လို့ အေးဆေးစွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဖြစ်လာသမျှဟာ သူ့အတွက်ကောင်းလာဖို့ကို ဦးတည်လာနေပြီလို့ပဲ အားပေးစကားပြောလိုက်ပါရစေ။
စက်တင်ဘာလအတွက် ၇ ရက်သားသမိးတွေအတွက် ဖြစ်ပါတယ်။ အခု ဖတ်တဲ့အချိန်ကနေ ၂ ပတ်စာလောက်ပဲလို့ ဆိုလိုက်ပါရစေ။ ကိုယ်နဲ့ကိုက်မှပဲ ယူပါ။ မကိုက်ရင်လည်း မစိုးရိမ်ပါနဲ့။ ကျော်သွားလိုက်ပါ။
တနင်္ဂနွေ
၀န်ထုပ်ဝန်ပိုးတွေနဲ့ ခရီးဆက်နေရတတ်တယ်။ သို့သော် ခဏပါပဲ။ အကြာကြီးလို့ မထင်ပါနဲ့တဲ့။ လိုရင်းရောက်လာရင် ပန်းတိုင်ရောက်တာနဲ့ ၀န်ထုပ်ဝန်ပိုးတွေကို လွှတ်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ တိုက်ပွဲတခု တိုက်ရတော့မယ်ဆိုပြီး ပြင်ဆင်နေမိတာ စိတ်ကို နှစ်နေမိတာတွေ လျှော့ပါ။ လက်တွေ့ကျတဲ့အလုပ်ကို လုပ်ပါ။ စိတ်ကူးယဥ်တတ်တာတွေ ရှိရင် ပြင်ပါ။ အခုလမှာ စိတ်ကပဲ ဒုက္ခပေးနေတာမျိုးပဲ ကြုံရတာ များနေပါတယ်။ သတိထားလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်။
တနင်္လာ
ရွေးချယ်စရာ နှစ်ခု ကြုံရတတ်ပါတယ်။ သို့သော် ကိုယ်က ဒီထက်မက ပိုလိုချင်နေတတ်တယ်။ ရတာကို မလုံလောက်ဘူး ထင်နေတာမျိုး ဖြစ်တတ်တယ်။ ကံတရားက ကိုယ့်ဘက်မှာ ရှိနေတာကြောင့် အဆင်ပြေသွားတတ်ပါတယ်။ အလုပ်လုပ်ဖို့ စဥ်းစားနေတာ စီးပွားရေးတခုခု လုပ်ဖို့ စဥ်းစားနေရင် ဖခင်ဖြစ်ဖြစ် တိုင်ပင်ဆုံးဖြတ်ပါ။ သို့မဟုတ် ဆရာတို့၊ သူငယ်ချင်းဆိုလည်း ယုံကြည်ရသော အမျိုးသားတဦးဦးနဲ့ တိုင်ပင်တာမျိုး လုပ်ပါ။ ပျော်စရာကိစ္စလေးတွေလည်း ကြုံရတတ်ပါတယ်။
အင်္ဂါ
အလကားနေရင်း စိတ်တိုနေတတ်တယ်။ ကိုယ့်မှာ အကောင်းမြင်စိတ် ရှိနေတတ်တယ်။ ‘ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကြောင့် အရာရာ လုပ်ကိုင်မှု အဆင်ပြေနေတတ်တယ်။ မုန်တိုင်းကိုလည်း ခံဖူးထားပြီးဆိုတော့ အတွေ့အကြုံတွေ စုံနေလိမ့်မယ်။ ရှေ့လျှောက် စိတ်ညစ်စရာတွေ ကြုံလာရလည်း ခံနိုင်ရည်ရှိနေလိမ့်မယ်။ နားလည်မှု လွဲတာမျိုး ကြုံရတတ်လို့ သတိထားလုပ်ကိုင်ဖို့လိုပါတယ်။ တခုခု လိုနေသလို ခံစားနေရတတ်တယ်။ စိတ်တိုင်းမကျလည်း ဆက်လုပ်ဖို့ အကြံပေးချင်ပါတယ်။ Relationship တွေဆိုရင် ပြတ်တောက်တဲ့ ဆက်ဆံရေး ဖြစ်လာတတ်လို့ စိတ်ညစ်စရာဖြစ်လာတတ်တယ်။ အဲဒါကို ကာကွယ်ချင်ရင် တရက်လောက် အိမ်တွင်းအောင်းနေလိုက်ရင် အလိုလို ပြေလည်သွားတတ်တယ်လို့ အကြံပေးထားပါတယ်။
ဗုဒ္ဓဟူး
ယှဉ်ပြိုင်မှုတွေ ကြုံရတတ်တယ်။ အပြိုင်အဆိုင်ကြားက အောင်မြင်မှု ရလာတတ်တယ်။ ကိုယ်လိုချင်တဲ့ ရလဒ်ဟာ ယှဉ်ပြိုင်ရာက ရလာတတ်တာမျိုးဖြစ်လို့ သတိနဲ့ ယှဉ်ပြိုပါလို့ ဆိုတယ်။ ငွေရေးကြေးရေး အဆင်ပြေလာတတ်တယ်။ မိသားစု ပျော်ရွှင်လာရတတ်တယ်။ အဖော်ကောင်း တွေ့တတ်တယ်။ မိတ်ဆွေကောင်း အကြံကောင်းပေးမယ့် သူ တွေ့လာရတတ်လို့ ပျော်ရွှင်ရမယ်။ မိခင်ကဲ့သို့ ကိုယ့်ကို ကြင်နာတတ်တဲ့ အမျိုးသမီးမျိုးနဲ့ တွေ့ကြုံလာရရင် သင် ကံကောင်းတယ်လို့ မှတ်ယူပါလို့ ဆိုပါတယ်။
ကြာသပတေး
အောင်မြင်မှုတွေ ရလာလိမ့်မယ်။ ကိုယ့်ကို လူတွေက သတိထားမိလာတတ်တယ်။ ကိုယ့်လုပ်ရပ်တွေရဲ့ ကောင်းကျိုးတွေ ခံစားရတတ်တယ်။ အပေးအယူမျှတတဲ့ အခြေအနေမျိုး ကြုံလာတတ်လို့ ကံကောင်းတဲ့ လလို့ ဆိုလို့ရပါတယ်။ အကယ်၍များ ဆုတွေ တောင်းနေခဲ့မိတဲ့ ကာလတွေရှိခဲ့ရင် ဆုတောင်းပြည့်လာရတတ်လို့ စိတ်ကို သန့်ရှင်းအောင်ထားပြီး ဘုရား တရား ပိုဆည်းကပ်ပါလို့ အကြံပေးထားပါတယ်။
သောကြာ
ဆက်သွယ်ရေးတွေ ပြန်ရလာတတ်တယ်။ ကိုယ့်လုပ်ရပ်တွေကို ပြန်သုံးသပ်တဲ့အခါ အပေါ်ယံလေး ကြည့်ပြီး သုံးသပ်တတ်တဲ့ အကျင့်ကို ပြင်ပါ။ နို့မို့ဆို တကယ့်အမှန်က ဘာလဲဆိုတာ မသိဖြစ်နေတတ်ယ်။ ကိုယ့်ရဲ့ ၀န်ထုပ်ဝန်ပိုးတွေဟာ တခါတရံ ကိုယ်လျှောက်ရမယ့်လမ်းမှာ ပိတ်နေတတ်တယ်။ ကိုယ်ဟာ သစ္စာရှိတဲ့သူ ဆိုတာ မမေ့ပါနဲ့။ ပြီးတော့ အပေးကြီးပဲ လုပ်နေတတ်တဲ့ ကိုယ့်လုပ်ရပ်တွေက ၀န်ထုပ်၀န်ပိုး ပိုပြီး ကြီးထွားလာစေတာ ဖြစ်တယ်လို့ ဆိုတာကြောင့် တခါတလေလည်း ယူတတ်ဖို့ စဥ်းစားဖို့ အကြံပေးထားပါတယ်။
စနေ
ရာထူးတိုးတာ အလုပ်အသစ်ရတာ တာ၀န်ယူရတာမျိုး ကြုံလာရတတ်တပါတယ်။ အဲသည်ကနေ တိုးတက်မှုတွေ ကြုံလာရတတ်ပါတယ်။ လမ်းဟောင်းကို စွန့်ပြီး လမ်းသစ်ကို ဖောက်ရတတ်တယ်။ အဲဒါကောင်းသော နိမိတ်လို့ မှတ်ယူပါ။ ငွေရေးကြေးရေး အ၀င်ကောင်းတတ်တယ်။ သို့သော် ကိုယ်က အတော်အားစိုက်လုပ်ရတတ်လို့ ပင်ပန်းလိမ့်မယ်။ အခွင့်အရေးကောင်း ရတတ်တယ်။ မက်ဆေ့တွေ ဘာတွေ ဆန်းဆန်းပြားပြား ၀င်လာတတ်တယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်နေပါက သတိတော့ထားပါ။ ဘာလို့ဆို အဲသည်ကနေ ဆုံးဖြတ်ချက်ချတာ မှားတတ်တယ်။ စိုးရိမ်စရာတော့မရှိပါဘူး။
တာရို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar