Breaking News

မြင့်အောင်သန့် - လူလိုတယ်

လူလိုတယ်
မြင့်အောင်သန့်
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂

ငါတို့ဘက်ကနိုင်ဖို့
လူလိုသေးတယ်။

လူဖြစ်ပြီး
လူ့တန်ဘိုးမသိတဲ့လူတွေ။

လူဖြစ်ပြီး
လူ့အဓိပ္ပာယ်ရှာမတွေ့တဲ့လူတွေ။

လူဖြစ်ပြီး
လူလိုမသိတဲ့လူတွေ။

လူဖြစ်ပြီး
လူနဲ့တိရစ္ဆာန်မကွဲပြားသေးတဲ့လူတွေ။

လူဖြစ်ပြီး
ကမ္ဘာမြေရဲ့အကျိန်ဆဲခံနေရတဲ့
ဆန်ကုန်မြေလေးတွေ။

သင်္ချိုင်းကုန်းအနားက
လူတွေပါမကျန်
ငါတို့ဘက်ပါလာရင်
ငါတို့သေချာပေါက်နိုင်ပြီ။

ငါတို့လူလိုနေတယ်
ဟုတ် ။

၁၇၊၁၀၊၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar