Breaking News

မင်းငြိမ်းအေး - တစ်ပတ်အတွင်းသတင်းအနှစ်ချုပ်

တစ်ပတ်အတွင်းသင်းအနှစ်ချုပ်
မင်းငြိမ်းအေး
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၂

ငြိမ်းချမ်းရေးအမှတ်အသားက
လက်နှစ်ချောင်းကိုယ်တိုင်တောင်
ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲမသိသေးဘူး ။

ဆားပေါက်နေတဲ့အပြာရောင်နံရံပေါ်
ရေညှိတွေကစိမ်းစိမ်းစိုစို
(ငါတို့)လည်း
ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရူပြီး
အောက်စီဂျင်ကိုပြန်ထုတ်တဲ့
အိပ်မက်မရှိတဲ့သစ်ပင်အဖြစ်
ဇီဝအဆင့်အတန်းနိမ့်ခဲ့ရပြီ ။

အာကာသထဲမှာတောင်
အမှိူက်နဲ့မလွတ်တော့ဘူး
နေမျိုးရဲ့ကြေးရုပ်မြို့တော်မှာ
ကဗျာဆရာတွေက
တခါသုံးအိတ်ဖြစ်ခဲ့တယ် ။

နိုင်ငံတော်မှာ
ကဗျာဆရာရှိရင်
ခိုးသားဓားပြမထူပြောနိုင်ဘူး
တော်လှန်ရေးကတော့၊ ဘယ်တော့မှ
မျိုးဆက်ဖြတ်မရဘူး
အဲဒါ့ သူတို့ပြောတဲ့ကဗျာပဲ ။

ငါ့အရိပ်ဘယ်မှာလဲမေးနေတဲ့သစ်စေ့တွေ
မတွေ့တာတောင် အတော်ကြာပြီ
သူတို့ကျန်းမာရေးကောင်းကြပါစေ ။ 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar