ကိုအောင်မှိုင်း - စစ်မြေပြင်တခု ( သို့ ) နိဂုံးတွက်နိဒါန်း
ကိုအောင်မှိုင်း - စစ်မြေပြင်တခု ( သို့ ) နိဂုံးတွက်နိဒါန်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၂
အာဇာနည်ဆိုတာ....
မိုးဦးကြိုတေး
ဖြစ်ချင်မှဖြစ်မယ်။
နွေဦးမျှော်မှန်း
အလွမ်းစခန်းလည်း
ဖြစ်ချင်မှဖြစ်မယ်။
ချစ်သူနှုတ်ခမ်း
နှုတ်ဆက်အနမ်း
ဖြစ်ချင်မှဖြစ်မယ်။
မျက်ရည်ယိုစီး
တဦးတည်းတွက်
ဖြစ်ချင်မှဖြစ်မယ်။
အလွမ်းတရာ
ပန်းကမ္ဘာကို
အလှဆင်သူ
ဖြစ်ချင်မှဖြစ်မယ်။
အညာသူတွေ
တော်လှန်တေး
သီကြွေးနေကြဆဲ။
ကချင်ပြည်သူတွေ
တော်လှန်တေး
သီကြွေးနေကြဆဲ။
ကရင်ပြည်သူတွေ
တော်လှန်တေး
သီကြွေးနေကြဆဲ။
ချင်းပြည်သူတွေ
တော်လှန်တေး
သီကြွေးနေကြဆဲ။
ရခိုင်ပြည်သူတွေ
တော်လှန်တေး
သီကြွေးနေကြဆဲ။
ကရင်နီပြည်သူတွေ
တော်လှန်တေး
သီကြွေးနေကြဆဲ။
ငါ
အာဇာနည်သီချင်း ဆိုငြီး
ဂန္တဝင်သစ်တွေကို ဖန်တီး
စစ်မီးတောက်ကို ကျော်နင်းပြီး
ရင်းနှီးများလှတဲ့စစ်ပွဲကြီး
မပြီးသမျှ ပြည့်ဖုံးကားမချလိုတော့။
အာဇာနည်ဆိုတာ....
သွေးသားနဲ့ထုဆစ်
သွေးမြစ်များစွာ
ပင်လယ်သမုဒ္ဒရာဖြစ်
အသားစများစွာ
တောတောင်တို့မှစုစည်း
အုပ်တံတိုင်းကြီးတွေဖြစ်
ကဗ္ဗည်းသစ်တွေရေးထိုး
အာဇာနည်မျိုး သေရိုးမရှိ။
နက်ဖြန်
စစ်မြေပြင်က
မျှော်နေတယ်လေ
စစ်တိုက်ထွက်ရဦးမယ် သူငယ်ချင်း
တမ်းတမ်းတတ
စစ်မြေပြင်က မင်းကိုလွမ်းနေဆဲပါ။
ကိုအောင်မှိုင်း
(အာဇာနည်အပေါင်းအား ဦးညွှတ်လျှက်)