လွိုင်ကော် ကယားပြည်နယ်နေ့ အခမ်းအနားလက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ၊ တရုတ်-မြန်မာ ကုန်သွယ်ရေး မူဆယ် မန့်ဝိန်းဂိတ် ပြန်ဖွင့်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၅ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၃
လွိုင်ကော် ကယားပြည်နယ်နေ့ အခမ်းအနားလက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ၊ တရုတ်-မြန်မာ ကုန်သွယ်ရေး မူဆယ် မန့်ဝိန်းဂိတ် ပြန်ဖွင့်
ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို ဒေသခံ PDF လက်နက်ကိုင်အဖွဲ့ လို့ ယူဆရတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
ကရင်နီပြည်နယ်လို့လည်း ခေါ်ဆိုကြတဲ့ ကယားပြည်နယ်ကို ပြည်နယ်အဖြစ် ဖွဲ့စည်းခွင့်ပြုခဲ့တဲ့ နေ့ရက်ကို အစွဲပြုပြီး ပြည်နယ်နေ့ အဖြစ်သတ်မှတ်ကာ နှစ်စဥ် ကျင်းပနေခဲ့ကြတဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက လွိုင်ကော်မြို့ ပြည်နယ်ခမ်းမ အနီးကျင်းပတဲ့ အခမ်းအနားကို PDF လို့ယူဆရတဲ့အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လူစုလူဝေးလည်း ဖြစ် အရပ်သားတွေ အများအပြားပါဝင်နေကြတဲ့ နေရာကို တိုက်ခိုက်တဲ့အပေါ် အချို့လူ့အခွင့်အရေး အဖွဲ့တွေက မလုပ်ဆောင်သင့်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ပြည်နယ်နေ့အခမ်းအနားကို အသိအမှတ်မပြုတာ ဆန့်ကျင်တာ မှန်ကန်ပေမယ့် အရပ်သားတွေ ပါဝင်နေတဲ့ နေရာကို အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာဟာ မလုပ်ဆောင်သင့်တဲ့ အရာအဖြစ် ရှုမြင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက KNPP နဲ့ PDF တပ်ဖွဲ့တွေကို စွပ်စွဲပြောဆိုခဲ့ပြီး KNPP ကတော့ ၄င်းတို့အနေနဲ့ အခုလို ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ဖို့ အောက်ခြေ တပ်ဖွဲ့တွေကို ညွှန်ကြားထားတာ မရှိဘူးလို့ KNPP တာဝန်ရှိသူက RFA ကိုဖြေကြားထားတာ ဖြစ်ပါတယ်။ လူထု အများရောနှော ပါဝင်နေကြတဲ့ အခုလို လူစုလူဝေး နေရာမျိုးကို ပစ်ခတ်တိုက်ခိုက်ခြင်းဟာ စစ်ရေးဆိုင်ရာ ကျင့်ဝတ်တွေနဲ့ မညီဘူးလို့ လူ့အခွင့်အရေး မြှင့်တင်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု စောင့်ကြည့်ရေး အဖွဲ့တွေက ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။
PDF အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး အဆင့်၊ ပြည်နယ် ဝန်ကြီးချုပ် အဆင့် နဲ့ စစ်တိုင်းမှူးတွေပါ တက်ရောက်ကြတဲ့ အခုလို အခမ်းအနားကို တိုက်ခိုက်ဖို့ ရည်ရွယ်တာမှန်သော်လည်း ပစ်မှတ်ကို တိတိပပ ထိမှန်အောင် တိုက်ခိုက်နိုင်တဲ့ နည်းပညာ ၊ လက်နက် ပစ္စည်းတွေ မရှိတဲ့အနေအထားမှာ ပါဝင်နေတဲ့ အရပ်သားအများအပြားကို ထိခိုက်သေဆုံးစေနိုင်တာလည်း ဖြစ်ပါတယ်။ လူဦးရေ အားဖြင့် သိန်းဂဏန်းမျှရှိပြီး နယ်မြေအကျယ်အဝန်းလည်း အခြားသော ပြည်နယ်၊ တိုင်းတွေနဲ့ စာရင်သေးငယ်တဲ့ ကယားပြည်နယ် မှာ လက်နက်ကိုင်အဖွဲ့အစည်း အင်အားကောင်းကာ နယ်မြေအများအပြားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KNPP၊ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ KNDF လို့ခေါ်တဲ့ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့ နဲ့ အခြား PDF အဖွဲ့ငယ်တွေက စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေတွေ အဖြစ် လှုပ်ရှားနေကြတာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ လွိုင်ကော်မြို့နဲ့ အချို့သော မြို့တွေ တပ်စခန်းတွေကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေသလို ကယားပြည်နယ်ဟာ လူဦးရေအချိုးအစားနဲ့ တွက်ရင် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် အများဆုံး ရှိတဲ့ပြည်နယ်တခုလည်း ဖြစ်နေတာ တွေ့ရပါတယ်။ လူဦးရေရဲ့ ၅၀ ရာနှုန်းနီးပါးဟာ စစ်ဘေးရှောင် အဖြစ် တိမ်းရှောင်နေထိုင်ကြရတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မူဆယ် မန့်ဝိန်းဂိတ် ပြန်ဖွင့်လှစ်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေး ဖြစ်ကတည်းက ပိတ်ထားခဲ့တဲ့ မူဆယ်မန်ဝိန်းဂိတ်ကို ၃ နှစ်နီးပါး အကြာမှာ ပြန်လည်ဖွင့်လှစ် လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မှာ အရေးပါတဲ့ နယ်စပ်ဂိတ်ဖြစ်ပြီး ကိုဗစ်ကူးစက်မှု ကပ်ဘေး စတင်ဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံဘက်က စတင်ပိတ်ခဲ့တဲ့ မူဆယ်ဂိတ်ကို မကြာသေးခင်က တရုတ်နိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု လုံးဝကင်းစင်ရေး မူဝါဒကို ပယ်ဖျက်ပြီးနောက်မှာ နယ်စပ်ဂိတ်တွေအပေါ် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေ ဖြေလျော့တာ အချို့ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။
တရုတ်မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ပစ္စည်း နဲ့အခြားသော ကုန်ပစ္စည်းတွေ တင်ပို့နေတာဖြစ်ပြီး မြန်မာနိုင်ငံက စိုက်ပျိုးရေး တောင်သူတွေ အနေနဲ့ တရုတ်နိုင်ငံစျေးကွက်ကို အတော်လေးမှီခိုနေကြရတာ ဖြစ်ပါတယ်။ ဆန်စပါး ဝယ်ယူတာ၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ ကြံ၊ ငှက်ပြော စတဲ့ ရာသီအလိုက်နဲ့ တနှစ်ပတ်လုံး စိုက်ပျိုးတင်ပို့ကြခဲ့ကြလို့ အဆိုပါ စိုက်ပျိုးကုန် စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ တရုတ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်တဲ့ အပေါ် ထွက်ကုန်တွေ စျေးပြန်ရလာဖို့ ဝယ်လက်ရှိလာဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။
တဖက်မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်သတ်ဖြတ်တာတွေ ကို တိမ်းရှောင်နေကြရသလို စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အလုပ်လုပ်နိုင်တဲ့ လူငယ် လူလတ်ပိုင်း အလုပ်သမားတွေလည်း အိမ်နီးချင်းနိုင်ငံနဲ့ ပြည်ပနိုင်ငံတချို့ကို ထွက်ခွာနေကြလို့ စိုက်ပျိုးရေးအတွက် ထုတ်လုပ်ရခက်ခဲတဲ့ အနေအထားလည်း ရှိနေတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar