Breaking News

နိုင်မွန်အောင်သွင် - မကြောက်တရား

Image- Crd
မကြောက်တရား
နိုင်မွန်အောင်သွင် 
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၃

ဆီးနှင်းတွေကိုကြောက်ရင် ချယ်ရီမဟုတ်ဘူး
နွေကိုကြောက်ရင် ပိတောက်မဟုတ်ဘူး
ဆူးကြောက်ရင် မုဆိုးခြေထောက်မဟုတ်ဘူး
လောင်ကျွမ်းခြင်းကိုကြောက်ရင်
မီးတောက်မဟုတ်ဘူး
ချစ်သူရေ
လွမ်းရမှာကိုကြောက်ရင် 
ငါ ခပ်ဝေးဝေးကလူတစ်ယောက်မဟုတ်တော့ဘူး။

၁၃.၁.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar