Breaking News

ဝါကျဖြူ - ဆိပ်ကမ်း

ဆိပ်ကမ်း
ဝါကျဖြူ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၃

အမှောင်တွေကငါ့ကိုရီပြနေတဲ့မျှော်စင်တွေဖြစ်တယ်။
ဝတ်လစ်စားလစ်သစ်ရွက်တွေရဲ့အရုဏ်ဦးနာမကျန်းမှုထဲက ရွက်ဖျင်တဲလေးတွေရဲ့ဂီတတွေကျောက်ကြိုးချ တန့်ရပ်တုန်ရင်နေပုံကကြေကွဲစရာ။
အင်္ကျီအသစ်တစ်ထည်ရဲ့ကောက်ကျစ်မှုထဲကနေလုံးထဲမှာဝိညာဥ်တွေမွန်းကြပ်နေတဲ့ရွက်တိုင်ဖျားလေးတွေရဲ့အမြစ်တွယ်ကပ်နေရတဲ့စကားလုံးတို့ရဲ့စုရပ်တွေ။
သွေးမမီနိုင်တော့တဲ့ ဆိပ်ကမ်းတို့ရဲ့
အင်္ဂါအစိတ်အပိုင်းများ ။
 22/1/23
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar