Breaking News

စိုးရိမ် - နေ့ရက်များ

နေ့ရက်များ
စိုးရိမ်
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃

ဉာဏ်ပညာမွဲခဲ့တော့
အဖြစ်တွေက
အပျက်ဆီရွေ့လျားကုန်ကြပြီမဟုတ်လား
ကောင်းကင်ကို
ရေအိုင်ထဲကကြည့်တဲ့ခေတ်မဟုတ်တော့ဘူးလေ
ငါတို့ရဲ့ဦးခေါင်းတွေ
အပေါ်ကိုမော့ခွင့်ရှိတယ်မဟုတ်လား
ဘိုးတံကိုစိတ်နာနေတဲ့တယောက
ကြိုးတွေကိုဖြုတ်ပစ်ခွင့်ရှိတယ်မဟုတ်လား
ဂီတဟာ သေဆုံးသွားခဲ့ပြီ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar