ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တပ်ပြုတ်တို့ ဇာတ်ထုပ်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တပ်ပြုတ်တို့ ဇာတ်ထုပ်
(မိုးမခ) ဧပြီ ၁၀ ၊ ၂၀၂၃
ဖွတ်ပါတီကြည့်ပြီး ရွေးကောက်ပွဲလုပ်မယ်မှတ်လို့ ကြောင်တောင်တောင်နဲ့ မှတ်ပုံလိုက်တင်ကြတယ်။ သိန်းတထောင်ရင်းလိုက်လို့ ပွဲတက်လက်မှတ်ရသွားတဲ့ ကိုကိုကြီးဟာ မိုက်ကယ်ကျော်မြင့်ဘေး ခုံနေရာပေးထားမှ ဆိုးတဲ့ မျက်နှာကြီးဆူပုတ် မအလကို စိတ်ကောက်ပုံလုပ်နေတာကြီးက တကယ့်အခွီးဇာတ်။ တကယ်က ကြင်စိုးက ဗိုလ်ပြုတ်ကြီးတွေကို အကျယ်ချုပ်ချဖို့ လုပ်ထားတာလေ။ ရွေးကောက်ပွဲလုပ်ဖို့မှမဟုတ်တာ။ ကြံ့ဖွတ်ပါတီတာ တပ်ထဲ မထားချင်တဲ့ဘူကောင်တွေ အကျယ်ချုပ်ချတဲ့ထောင်လေ။ ဗိုလ်ပြုတ်တိုင်းသိ။
အဲလိုဘဲ တပ်မတော်နေ့ကလဲ ဗိုလ်ပြုတ်ကြီးတွေကို ကန်တော့တယ်ဆိုပြီး လုပ်ပြန်ရော။ ဗိုလ်ချုပ်ကြီးတွေခမျာ ကန်တော့ခံရမယ်ဆိုတော့ တုန်လို့။ မချိသွားဖြဲ တဟဲဟဲသွားလုပ်ရ။ မလိုက်ဘဲလဲ မနေရဲ။ သိတယ်လေ၊ ဒီပွဲက သူတို့ကို ပြည်ပမထွက်ရဲအောင် စာရင်းလုပ်တယ် ဆိုတာ။ မထွက်ရရုံတင်မက ဆက်ကြေးပါတောင်းမယ့် အထာ။ အစောပိုင်းက လစ်သွားတဲ့သူတွေသာ လွတ်တာ။ ရွှေမန်းသာကြည့်၊ ကျန်းမာရေးလိုလို ဘာလိုလိုနဲ့ လစ်သွားတာ၊ ပါတီတောင် မှတ်ပုံပြန်မတင်တော့ဘူးရယ်။ သူက ဘာရမလဲ သာဝရာ၊ ငါသည် လနာငအ မဟုတ်ပါပေါ့။
ကြင်စိုးက ဖျင်ရိုးမယ်ဆိုတာ သူတို့အသိ။ သိဆို သူတို့နဲ့ တကျင့်တည်း တကြံတည်းကိုး။ သူ ဖျင်ယားပြီးအာဏာသိမ်းတုန်းက ပူတင်က မယားသေးဘူးလေ။ ပူတင်က သူ့ထက် ယားလိုက်တော့ သူပါ ပြေးလမ်းပျောက်ရော။ အဲလိုဖြစ်လာမှတော့ ကြင်စိုးက ဗိုလ်ပြုတ်တွေရှေ့ကတော့ ဘယ်အသေခံမလဲ။ ဗိုလ်ပြုတ်တွေ ပိုင်ဆိုင်ထားတဲ့ မနည်းမနောစည်းစိမ်တွေကို မျက်စောင်းထိုးပြီလေ။ ဗိုလ်ပြုတ်တွေစည်းစိမ်နဲ့ ကတုတ်လုပ် ခံစစ်ထိုးတော့မယ်ဆိုတာ သူတို့ သင်ပေးခဲ့တဲ့ လက်ချာတွေဆိုတော့ သူတို့ကောင်းကောင်းသိတာပေါ့။ သိပေမယ့်လဲ မရဲတရဲ ကျွဲပြဲမစီးဝံ့။ ပေါ်တင် မပြောရဲ မဆိုရဲ ဘယ်သူနဲ့မှ မတိုင်ပင်ရဲ။ တကိုယ်ရေ လွတ်လမ်းရှာသူကများ။ သားသမီးတွေနဲ့ စည်းစိမ်တွေတော့ ကဲ့ထုတ်နေကြ။ အစောထဲကလဲ လုပ်သလောက် လုပ်ထားပြီးသား။ ဒါကိုလဲ ပလ္လင်သူခိုး ကြင်စိုးက အသိ။ သူတောင် ထိုင်းသွား ကွန်ဒိုဝယ်ထားသေးတာလေ။
တပ်ပြုတ်တွေရဲ့ ဇာတ်ထုပ်က အငိုမလွယ် အရှိုက်ခက်။ ဆုတ်ဆူး စားရူး။ ရှေ့တိုး ထမ်းပိုး နောက်ဆုတ် လှည်းတုတ်။ ငုပ်မိငရဲ တက်လဲ အဝီစိ။ NUGသာ အမိ အဖ ဆိုကပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar