Breaking News

မင်းငြိမ်းအေး - မြေအောက်လူငယ်

Art by Than Htay Maung

မြေအောက်လူငယ်
မင်းငြိမ်းအေး
(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၃

အလင်းနဲ့မှောင်ရတာ
သွေးပျက်တယ်
မြေအောက်တဲ့
ကိုယ့်အမြစ်ကိုဖော်တဲ့အပင်တွေ
အလိုမရှိ
ဆောင်းမှာမဝေတဲ့နှင်းကြောင့်
နွေမှာမြူလာမဆိုင်းနဲ့
လွမ်းစိတ်ကိုချဲ့ကြည့်ရင်
ငါ့သူငယ်ချင်းတွေ
ရှစ်ခွင်တိုင်းမှိုင်းတယ်
အသက်ပေးလို့
အသက်ပြန်မရသေးဘူး ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar