ဝဇီရာဒီဖိုး - ဗုဒ္ဓစာတိုက်မှ တဆင့်
ဗုဒ္ဓစာတိုက်မှ တဆင့်
ဝဇီရာဒီဖိုး
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၃
လိပ်စာမူမမှန်တဲ့ ခဏခဏအမှားတွေနဲ့
ဗုဒ္ဓနဲ့ မလွဲချင်ဘူး။
ပန်းတိုင်ကို ချပြတဲ့ ထုတ်ဖော်ခြင်း
ဆန္ဒကို ခင်းကျင်းပြတဲ့ ဆုတောင်းခန်း
မိမိထံသို့သာ လိပ်မူပါ။
ဘယ်သူမပြု မိမိအမူ
မိမိကိုယ်သာ အားကိုးရာတဲ့
လမ်းပြပေးသူ ဗုဒ္ဓ
ကြည်ညိုလို့ မဆုံးဘူး။
ဒီလိုပါပဲ
ရုပ်တုက တရားမဟောနိုင်ဘူး။ ။
08:41, 16-8-2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar