Breaking News

ဖိုးရွှေညီမှိုင်း - သင်ယူခြင်း

သင်ယူခြင်း
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၃

ရခဲ့တဲ့ဒဏ်ရာတွေကြောင့်
ပိုပြီးသန်မာခဲ့
ဘယ်လိုအသက်ဆက်ရမလဲ
ကြွယ်ကြွယ်ဝဝကို
ပိုပြီးသိမြင်ခဲ့။

အရှေ့မှာ ... 
ရှင်သန်ခြင်းအတွက်
မြင်ကွင်းတွေရှင်းပြတ်
ဖြတ်သန်းနိုင်ဖို့
ကျော်လွှားနိုင်ဖို့
စောင့်စားတတ်ခဲ့ပြီ
ရင်ဆိုင်ရဲခဲ့ပြီ။

ဖီဆန်ခြင်းဆိုတာ
ဖိအားကြီးအောက်က
လှပတဲ့ဂုဏ်သိက္ခာ
လောင်ကျွမ်းခံနေဆဲ
ပြာစတွေထဲက
ကြီးမြတ်တဲ့မာနတွေ ပွင့်ခဲ့ပြီ။

အရှင် မလုပ်ဝံ့သမျှ
ကျွန်ဆက်ခံ နေရမယ်ဆိုတာ
ဒဏ်ရာတွေက သင်ခဲ့ပြီ။

၂၀၂၃ ဩဂတ်စ် ၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar