Breaking News

စိုးရိမ် - အလေအလွင့်


အလေအလွင့်
စိုးရိမ်
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၃

အနာဂတ်လမ်းကို
ပေါက်တူးလေးတချက်တောင်ဝင်မပေါက်ဘဲ
ဒီမိုကရေစီပျော့ပျော့
ဒီမိုကရေစီမာမာမျှော်လင့်မနေနဲ့
မရဘူး
အဆုံးအထိမရူးပဲ
ဝင်မက်နေတဲ့အိပ်မက်တွေအတွက်
ရွှေလင်ဗန်းလဲမရှိဘူး
ထမင်းဆီဆမ်းလဲမရှိဘူး
ရေသာမှာအနေကြာချင်တဲ့စိတ်က
ကျွန်စိတ်ပဲ
ဆန်ထဲကကြွက်ချေးဖြစ်နေတာ
ရှက်ဖို့ကောင်းပါတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar