Breaking News

ရတနာပုံဆရာမှတ်ကြီး - သောက်ပေါ၊ စောက်ခေါနဲ့ လျှောက်ပြော ပြဇာတ်


ရတနာပုံဆရာမှတ်ကြီး - သောက်ပေါ၊ စောက်ခေါနဲ့ လျှောက်ပြော ပြဇာတ်

(မိုးမခ) ဇန်နဝါရီ ၃ ၊ ၂၀၂၄


ဖယ်ခုံသတင်း တက်လာကတည်းက ဒင်း(သင်း)မျက်နှာ ပျက်နေတာ ပြင်လို့တောင် မရတော့ဘူး။ တခြားမြို့ကြီးတွေ ကျတုန်းကတောင် ဒီလောက် မျက်နှာမပျက်၊ လောက်ကိုင်ပါတော့မယ်ဆိုတာသိလဲ ခုလောက် မျက်နှာမသိုး။ ခု မျက်နှာပျက်ပုံက ဆန်ပြုတ်အိုးထဲမှောက်ရက်လဲတဲ့ လက်ပဒိုစီမျက်နှာလိုကို ပျက်တာ။

အော ခုမှ ပေါ်တော့တယ်၊ တမနက်လုံး စဉ်းစားနေတာ အဖြေမပေါ်ဘူး။ အူး ဟုသား၊ ဖယ်ခုံ-ခုံဖယ်။ အယ် သလိုဂိုး။ ဖယ်ခုံ- ခုံဖယ်။ အင်း ခုံဖယ်ရတော့မယ်၊ ခုံဖယ် အင်... စုံကွယ်ချိန်တန်ပါပေါ့လား ကိုကိုပုရဲ့။

(အမမင်းရယ်တဲ့မှ ဆဒေါ်ဖယား၊ တပဲ့ဒေါ်မဒို့အသံကို ကြားပါသေးလားဖယား။ 

တိတ်တိတ်ကယ်အော် 

ပိတ်ပိတ်ရယ် ဆဒေါ်ရဲ့ 

ခေါ်ပါအုံးလား၊ 

နတ်ထီးကယ်လန်

မပြတ်ညီးတယ် သည်မီးလျှံမှ

အပြန်ပြန် ထပ်ထပ်တိုးတယ်

ဒိုးတော့မှာလား။)

မြန်မာစာဆရာမပီပီ ရုတ်ခနဲ ဓာတ်ဘဲကြီးကို သတိရပြီး ကဗျာခေါခေါ စာခေါခေါနဲ့ ကြူမ ဗီကောခေါ်  ငိုချင်းချနေစဉ် ဖယ်ခုံသောကနဲ့ ပြောမပြတတ်အောင် ခံစားနေရ​တဲ့ ဖုထစ်ရွတ်တွမျက်နှာနဲ့ သယ် ဒီကောင်မ ငါတွယ်လိုက်ရဆိုပြီး ဒယိုင်ဒရွဲ ဖုန်းကိုလှမ်းဆွဲကာ “လှိုင်ပါဖလား၊ လှိုင်ပါဖလား” လို့ မပီကလာပြောရင်း ကြူကြူပါအောင် ငိုတော့ရာ ကြူကြူလဲ အဲနားတင် ပါလေတော့သည်။ 

ကြူ့ရဲ့ချီးနဲ့သေး၊ လှိုင်ရဲ့နှပ်ချေးနဲ့မျက်ရည်၊ စီးလေသည့်တံတွေးတို့ကြား အားပါးတရ မျက်နှာအပ်ကာ ပဋာမြေလူးငိုလေရာ နဂိုဆန်ပြုတ်အိုးထဲမှောက်ကျထားသည့် လက်ပဒိုစီမျက်နှာပေါ်တွင် မစင်သေးနှပ် ဗျစ်ထူကပ်လျက် အဖတ်လိုက်အချပ်လိုက် တွဲစပ်နေတော့ရာ ကြူ့ခမျာ ပုလနာကိုအလန့်ကြီးလန့်လျက်ရှိစဉ်ကြိုက်။

“မျက်နှာတခွင် မစင်ပေပွ နှပ်တွဲကျ ဘယ်ကပြိတ္တာစုတ်ပေနည်း” ဟု ဗီကောမှ ဝစီပေါ၏အသံထွက်လာပေသည်။ သူသည်လည်း ကဗျာသင်္ချုင်းတည်ထားသည့် ကဗျာခေသူမဟုတ်တပါး၏ မျက်နှာထားနှင့်ဖြစ်သည်။

လင်ကောင်ကို ပြိတ္တာစုတ်အထင်နှင့်ဟောင်လိုက်တော့ အကြောထန် ခေါမန်တွေထလာကာ “ဝစီပျက်ကြောင် ငနက်ခေါင် ဟောင်သံတယ်ပျင်း ဘယ် အမဲရိုးဗျင်းလာသဒုံး” ဟု ဟန့်လိုက်ပြီး “သခင် မသိ သေချာကြည့်၊ ငပိနံ့မညှီ နံ့သာဆီသင်း ငါ့လင်တော် ကျော်တဲ့မင်း” လို့ ဟောက်လိုက်သည်။

“အော် ပုလိကွနဲ့ ကြူ့စိမွ၊ ဒါကဘယ်လို ရှမ်းမြောက်ဘဲ ပြိုတာကို ငိုချင်းအပြိုင် ချီးသေးဖြိုင်တဲ့အထိ သတိလက်လွတ် သောင်ပြင်လွှတ်ဖြစ်ရသလား၊ ငါတပါးလုံးရှိနေမင့်”

သူသည် အခြားသူများနှင့်ဆိုလျှင် ဝစီပိတ်၊ ပုလိကွနဲ့ ကြူ့စိမွဆိုလျှင် ဝစီပေါဖြစ်ချေသည်တမုံ့။

“ချီးသေးဖြိုင်ဖြိုင် မျက်ရည်လှိုင်မြစ် မဖြစ်ခံနိုင်ရိုးလား၊ ဖယ်ခုံကျသွားဘီဖလား၊ ဖယ်ခုံကျသွားဘီဖလား အားဟား”

“အို လှိုင်ဂလေး လှိုင်ဂလေး သေးပေချီးလူး ပဋာရူးဖြစ်နေတာ ဒါ့ကြောင့်ကိုး၊ ကြူက ဆူလို့လားလို့”

“ဒီကာလ ဆူလဲ မဆူရဲပါဖုရား ကြူလဲ မကြူရဲပါဖုရား မူလဲ မမူရဲပါဖုရား၊ သူ့စိတ်နဲ့ သူ့ကိုယ် တခုစီလိုဖြစ်နေတာပါဘုရား။ ဆူပုတ်တာက နဂိုရုပ်ပါဘုရား၊ အပူရုပ်နဲ့ လူလုပ်နေရတာပါဖုရား”

“ကဲကဲ လှိုင်ဂလေး တဆူဘုန်းရှေ့ရောက်မှတော့ ငါးခူပြုံးလေးနဲ့လျှောက်”

“တင်းပါး ဒီအချိန် ငါးခူပြုံး ပြုံးလိုက်ရင် ငါးမန်းသွားကိုလဖြဲတည်းဖြစ်သွားမှာပါဖလား။ ဆဒေါ်လဲ ဖွဘွတ်ကို ခွပွတ်နေတော့ တမြို့ပြီးတမြို့ကျ၊ တစခန်းပြီး တစခန်းဒိုး၊ တကုန်းပြီးတကုန်းလစ်နေတာတွေ တွေ့မှာပါဖလား။ ဘယ်မြို့ကြီးတွေကျကျ ရင်ဝကို ကြက်ပေါင်ကွင်းမှန်သလောက် နာတာပါဖလား။ ဖယ်ခုံကျတယ်လဲ ပြောရော ရင်ဝကို RPG မှန်သလိုဖြစ်ပြီး လက်နဲ့ ထောက်ရမလား ခေါင်းနဲ့ ထောက်ရမလား ဖြစ်နေတာဖလား။ ခြေထောက်နဲ့ ထောက်ရမယ် ဆိုတာ လုံးလုံးကို မေ့သွားတာဖလား။ အဲဒါကြောင့် မြေလူးသလို ဖြစ်သွားတာပါဖလား”

“ဖယ်ခုံကျတိုင်း ခုံဖယ်ရစတမ်းလား လှိုင်ဂလေးရဲ့”

“တင်းပါး၊ ခုမှဘဲ မချိပြုံးလေး ပြုံးနိုင်တော့တာပါဖလား”

“ကြူပလီလေး သေချာဝိုင်းမှတ်၊ ခုံဆိုတာ ကုလားထိုင်မဟုတ်လား”

“တင်းပါး”

“ကုလားထိုင် အဖယ်မခံရအောင် ခုံမှန်သမျှ ဒီနေ့ကစ ကုလားထိုင်လို့ မခေါ်ရဘဲ တရုတ်ထိုင်လို့ခေါ်ရမယ်လို့ အမိန့်တော်မှတ်လိုက်။ ဒါဆို ကုလားထိုင်လဲ ဖယ်စရာ မလို၊ တရုတ်လဲ ထိုင်သွားပြီး ခု သူတက်တက်ဖိနေတဲ့ ကျားဖြန့်ဖိအားလဲ တန်ပြန်ဖြိုဖျက်ပြီးသားဖြစ်ရော”

“ဟာ တင်းပါး၊ ဝမ်းသာလိုက်တာဖလား” ဟု ဆိုကာ မူလငါးခူပြုံးကြီးဖြင့် ဦးချ၍ ဗီကောပိတ်သွားကြတော့သည်။

ဆဒေါ်လည်း တပြုံးပြုံးဖြင့် “အင်း သောက်ပေါနဲ့ စောက်ခေါ၊ ငါ ပြောသမျှလုပ်လို့ ပြုတ်တော့မယ့်ဟာကို မမှတ်တာ” လို့ပြောရင်း နောက်ဗီကောတကောခေါ်ဖို့ပြင်လေတော့သည်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar