ကျော်မင်းထွန်း(NEW YORK) - နှင်း
နှင်း
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၄
လွမ်းလွန်းလို့ လှမ်းကြည့်တဲ့အခါ
အာရုံထဲမှာပေါ်လာတာ
နှင်းမျက်နှာ..
ချစ်လွန်းလို့ နမ်းကြည့်တဲ့အခါ
ရေခဲပမာ အရည်ပျော်သွားတာ
နှင်းမျက်နှာ..
သတိရလို့ ဖုန်းခေါ်တဲ့အခါ
အသံထဲမှာ မြင်နေရတာ
နှင်းမျက်နှာ..
အိမ်ပြန်ဖို့ လမ်းပျောက်တဲ့အခါ
အိပ်မက်ပမာ စောင့်လိုက်ရတာ
နှင်းမျက်နှာ..
အရုဏ်လင်းလို့ နေထွက်တဲ့အခါ
ဖုတ်ဖက်ခါ ထွက်ခွါသွားတာ
နှင်းမျက်နှာ..
အာဏာရှင်ခေတ်ထဲကျမှ
အသည်းကွဲရတယ်လို့ မကြေကွဲလိုပါ
နွေဦးတော်လှန်ရေးမှာ
ရက်စက်ပါနှင်းရယ်.. ရက်စက်ပါ..
မကြာခင် နွေရောက်တော့မှာပါ။ ။
January 7th, 2024.
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar