စောဝေ - ခံတုတ်ကျင်း
စောဝေ - ခံတုတ်ကျင်း
(မိုးမခ) ဇူလိုင် ၁၄ ၊ ၂၀၂၄
ဗုံးကြဲခံနေရတဲ့ မြို့
သမီးနဲ့ရွယ်တူ
စာရေးဆရာမလေးဟာ
"ဒါပြီးမှ ပြီးမှာ" ဆိုတော့
တောင့်ခံရမှာပဲ အစ်မရယ်
ကလေးတွေတောင်
မိုးထဲ လေထဲ နေထဲ
အငတ်ခံ အသေခံပြီး တိုက်နေကြတာ
ကိုယ်က အိမ်ထဲမှာပဲလေ... တဲ့။
ကဗျာဆရာ ယောက်ျား
ဝရမ်းထုတ်ခံရထားရလို့
သားလေးလက်ဆွဲပြီး
နယ်စပ်ပြေးလာတဲ့
စီနီယာ စာရေးဆရာမက
"ငါတို့ မသေရင် နိုင်ရမယ်လေ
ဒါ ပြီးမှ ပြီးမှာ ဆိုတော့"
အိမ်မှာ
မိသားစု ထားခဲ့ရပြီး
ပြေးရင်း တိုက်နေရတာ
ဖြေ ပြေလိုက်တာ
အနုပညာသမားဆိုတာ။
စောဝေ (မိုးကုတ်၊ ပုသိမ်၊ လားရှိုးသို့)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar