တိုးနှောင်မိုး - အကြောင်းအမျိုးမျိုးကြောင့်
အကြောင်းအမျိုးမျိုးကြောင့်
တိုးနှောင်မိုး
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၄
သို့ မေမေ
ဖုန်းမဆက်ဖြစ်လည်း စိတ်မပူနဲ့
သားအတွက်မဟုတ်ဘူး
အများအတွက် အလုပ်ရှုပ်နေလို့။
စိတ်ပူစရာရှိ
တိုင်းပြည်ကလူငယ်တွေကိုစိတ်ပူပါ။
မေမေရေ
ကြယ်တွေအလင်းအသားမာတက်နေပြီ
ယုံကြည်ချက်ကလက်တကမ်း
မေမေ့ဆီက ရိက္ခာမလိုဘူး
စိတ်ဓာတ်ပဲလိုတယ်။
စံပယ်တွေပွင့်တယ်
နှင်းဆီတွေကြွေတယ္
စိန်ပန်း ပေါက် နဲ့ လက်ပံရာသီ
ပိတောက်တွေရွှေရည်လူးတော့မယ်
အကြောင်းအမျိုးမျိုးကြောင့်
သားဖုန်းမဆက်ဖြစ်ရင် နားလည်ပါ။ ။
16 Mar2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar