Breaking News

ကျော်မင်းထွန်း (NEW YORK) - ပထဝီမြေကြီး တဟီးဟီး

ကျော်မင်းထွန်း (NEW YORK) - ပထဝီမြေကြီး တဟီးဟီး

(မိုးမခ) နိုဝင်ဘာ ၃၀ ၊ ၂၀၂၄


ကျလာတဲ့ လက်နက်ကြီးက

ငါ့လက်သီးထက် ကြီးတယ်။


ဧရာဝတီ၊ သံလွင်၊ စစ်တောင်း

စစ်တကောင်းနယ်စပ်က 

ချင်းတွင်းပါမကျန်

စစ်အတွင်းမှာ 

ခံပြင်းစွာအော်ညည်းလို့။


ဖားအော်လို့ မြွေကိုက်တာလား

မြွေကိုက်လို့ ဖားအော်တာလား

ဘာပဲဖြစ်ဖြစ်..

ဝေနေယျသတ္တဝါမှန်သမျှ

အသက်ရှင်ချင်ကြတာပေါ့။


ကပ်လိုက်ရတဲ့ သက်ပျောက်ဆွမ်းတွေ

ယူလိုက်ရတဲ့ သံဝေဂတွေ

ပွားလိုက်ရတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္ထတွေ

ဒုလ္လဘတရားဟာ

မြန်မာပြည်မှာ ပေါများတယ်။


စစ်တိုက်တမ်း ကစားနေတာ မဟုတ်

နိုင်ငံရေးလုပ်စားနေတာ မဟုတ်

မန်းမှုတ်သလို မှန်းသမ်းမထုတ်တဲ့

အိုင်စီစီ ဖမ်းဝရမ်းလုပ်ဖို့

မဟာပထဝီမြေကြီးဟာ

တဟီးဟီးတုန်ခါလို့။


မင်းအောင်လှိုင်ရေ…

အမျှ - အမျှ - အမျှ -




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar