ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူတို့ဖျင်ယားချိန်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူတို့ဖျင်ယားချိန်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၄
အီရန်တို့ ရုရှားတို့ ဖျင်ယားနေချိန် ဆီးရီးယား အာဆတ်ကို သူပုန်တွေ အပြတ်ဗျင်းပစ်တာ။ ဒီနှစ်ကောင်အပြင် သူများကို လိုက်ဒုက္ခပေးတဲ့အထဲမှာ ရှီကျင့်ဖျင်ရယ် မြောက်ဝက်ရယ် ကျန်သေးတယ်။ ခုအဲဒီထဲက ရှီကျင့်ဖျင်နဲ့ ပူတင်က ကိုယ့်တိုင်းပြည်ကို မီးတင်နေတုန်း။ ခိုမေနီက လောင်စာထည့်ပေးနေတုန်း။ မြောက်ဝက်လဲ ထည့်မတွက်လို့ မရ၊ အာဏာရှင် သက်တမ်းရှည်ရေးဆို မနှေးပါတဲ့ကောင်။ နေပူတော်မှာ သူတို့ လိုဏ်ခေါင်းတွေရှိ ဆိုဘဲ။
စကားမစပ် ဒိုက်ဦးတပ်တော့ သင်္ချိုင်းကုန်းမှာ ယတြာချေနေဆိုဘဲ။ အကျအဆုံးများလွန်းလို့တဲ့။ တပ်မှာတောင် ဂိတ်စောင့်ကျန်သေးရဲ့လား မသိ။ အဲဒီဒိုက်ဦးမှာ ထောင်ပိုင်က အတော်ကိုင်သူ။ နိုင်ကျဉ်းတွေ ဗျင်းတဲ့ သတင်းတွေ တက်တက်လာတာကို ခနခန။ သူလဲ အဲဒီတပ် အားကိုးနဲ့ ဆိုးသွမ်းနေတာလေ။ ခုဆို သူ့ခမျာတောင် လိမ္မာနေရော့မယ်။ ဇော်ဖုန်းဟိန်းလိုပေါ့၊ မင်းမင်း အလောင်း မြင်တော့ ကျနော် နောက်ဆို ဒီလို လိုင်းပေါ်တက် အာမချောင်တော့ပါဘူး၊ လိမ်မာပါပြီတွေ ဖြစ်လို့။ သူတို့လောက်က ဘယ်ချိန်ရှင်းရှင်း ဖျောက်ဖျောက် ရတယ်ဆိုတာ သေချာသဘောပေါက်သွားတာကိုး။ တချို့တွေ ဒိုက်ဦးထောင်ပိုင်လို သခင်အားရ ကျွန်ပါးဝအလုပ်ကို မသိသား ဆိုးရွားလုပ်နေကြတာ။ သူတို့ကို ဘယ်သူမှ ထိမရဘူး ထင်နေတာ။ AA ပရိတ်ရွတ်တာနဲ့ ဒိုက်ဦးတပ် သင်္ချိုင်းကုန်းပြေးရမယ်လို့ ဘယ်တွေးထားမိမှာလဲ။ အေးလေ ပူတင်နဲ့ ခိုမေနီလို ကောင်တွေရှိတာနဲ့ အာဆတ်က စစ်ရှုံးမယ်လို့ မတွက်ထားသလိုပေါ့။
ဟိုနှစ်ကောင် ဖျင်ယားတာ အာမခံ မရမှန်း သိသွားပြီလေ။ သူ့ဖျင်သူတောင် မကုတ်အားတော့တာမဟုတ်လား။ ယူကရိန်းနဲ့ ငပူတိန်းသလို အစ္စရေးနဲ့ စစ်ရေးမှာ ခိုမေပြာလာပြီလေ။ မြောက်ဝက်လဲ ရှရှားစစ်မြေပြင်မှာ ကွီးယားလေးတွေ ကင်ချီနဲ့အမြည်းခံနေရ။ ရှီကျင့်ဖျင်လဲ သူ့လောဘနဲ့သူ ကျောမချနိုင်ဖြစ်လာပြီ မဟုတ်လား။ အင်း ရှရှားတို့ မြောက်ကိုရီးယားတို့ တရုတ်တို့ဆိုတာ တချိန်ကတော့ တော်လှန်ရေးမှာ စံပြုစရာတွေအဖြစ်ရှိခဲ့ကြ၊ ကိုယ့်လမ်းကြောင်းကို သစ္စာဖောက်ကြ ခုတော့ သဘောက်မသားတွေချည်းဖြစ်လို့။
ဒီရက်ပိုင်း ဘာမှားပြည်မှာ အဆိုးဆုံးနဲ့ အသိသာဆုံး ဖြစ်နေတာကတော့ တွေ့သမျှ လူငယ်တွေကိုဖမ်းပြီး စစ်သင်တန်းကျောင်း ဇွတ်ပို့နေတဲ့ကိစ္စဘဲ။ တော်လှန်ရေးထဲ ပါမနေရင် သူ့ဘက်ထဲ ဆွဲသွင်းပြီး အချင်းချင်းစစ်တိုက်ခိုင်းတာ။ တရုတ်အကူအညီတွေ အပြုံလိုက်မလာခင် အချိန်ဆွဲဖို့ကြိုးစားတာပေါ့လေ။ တပိုင်းက ကြည့်ရင်လဲ သူတို့ တရက် ပိုနေရနေရ လုပ်တာမျိုးပေါ့။ ဒီဘက်မှာလဲ ဆိုးကျိုးအဆက်ဆက်ပေါ်လာနိုင်တာမဟုတ်လား။ ထောက်ပို့ပေးနေသူတွေလျော့သွားမယ်၊ မသိမသာ ရန်သူဖြစ်လာမယ်၊ လူတွေ စားဝတ်နေရေး ပိုကျပ်တည်းလာမယ်၊ ကူကယ်ရာ မဲ့လာမယ်၊ ရှုပ်ထွေးလာမယ်၊ ရာဇဝတ်မှု များလာမယ်၊ သည်းမခံနိုင်ကြတော့ဘူး၊ အချင်းချင်း မဖေးမချင်တော့ဘူး၊ တော်လှန်ရေးအပေါ် စိတ်ကုန်လာမယ်။
ဒါကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ တားဆီးကြမလဲ၊ မြို့ပေါ်ကျန်သူတွေဟာ စစ်အုပ်စု လက်ခုပ်ထဲက စက္ကူစုတ်ဖြစ်နေလို့ မရ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar