Breaking News

စဝ်သုဝဏ္ဏသျှန် - ပင်လုံထိပ်ထားဦး

စဝ်သုဝဏ္ဏသျှန် - ပင်လုံထိပ်ထားဦး

(မိုးမခ) မတ် ၁၉၊ ၂၀၂၅

 

အမှာငယ် - ပင်လုံထိပ်ထားဦး၏ မူလအမည်ပိုင်ရှင် (ဦး)မြတ်လေး(အဆိုတော်၊ တေးရေးဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာကြီးနှင့် ဗန်းမော်တင်အောင် ‘စဝ်သုနန္ဒာ’ ကို ဖတ်ညွှန်းပေးခဲ့သော (ကိုတင့်ဆွေ၊ ၈၈ ပြည်ပ) တို့၏ ကျေးဇူးအား မှတ်တမ်းတင်ပါသည်။

ဝန်ခံချက် : ‘ပင်လုံထိပ်ထားဦး’ ဆောင်းပါးသည် (၁) ၊ (၂) ၊ (၃) ၊ (၄) စသည်ဖြင့် အခန်းဆက် ရေးမည့် ဆောင်းပါးဖြစ်သည်။ ဤဆောင်းပါးသည် လူပုဂ္ဂိုလ်အပေါ် အခြေခံရေးသော ဆောင်းပါးများ မဟုတ်ပါ။ အသိကို အသိအတိုင်း၊ အရှိကို အရှိအတိုင်း၊ ဖြစ်စဉ်၊ အချက်အလက်၊ အခြေအနေတို့အပေါ်၌သာ တည်မှီ၍ ရေးသားပါသည်။

 

( ၁ )

‘သပိတ်သွတ်ခဲ့တဲ့ မီးနဲ့ မွေးနေ့ဆီမီးကို ဘယ်သူမှ လာပြီး မထွန်းညှိကြနဲ့’

၁၉၄၁ ၊ ဒီဇင်ဘာ ၂၇ ရက်နေ့က သွေးဖောက်ပြီး သောက်ခဲ့ကြတဲ့ အင်စတီကျူးရှင်း (Institution) ကြီး တစ်ခုဟာ ၁၉၄၈ လွတ်လပ်ရေးရယူနိုင်ခဲ့တဲ့နှစ်ကစပြီး အခြားအင်စတီကျူးရှင်းတွေရဲ့ သွေးတွေကို ဖောက်၊ ဖောက်ပြီး သောက်လာလိုက်တာ ၁၉၅၈ ၊ အောက်တိုဘာ ၂၉ (သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၁၃၂၀ ပြည့်နှစ်)မှာ ပါလီမန်ဒီမိုကရေစီစနစ်ရော၊ ပါလီမန်ဒီမိုကရေစီခေတ်ရော၊ လူပုဂ္ဂိုလ်နဲ့ တိုင်းပြည်ပါ ရေတိမ်စနစ်တော့တာပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံစာချုပ်နဲ့ ပင်လုံဝိညာဉ်တွေလည်း တစစီ စုတ်ပြဲသွားခဲ့တယ်။ ခုထက်ထိ မသေမရှင် ဖြစ်နေတဲ့ လေးရှစ်နှစ်ရှစ် Institution ကြီးလည်း မသေမရှင်ပဲ။ နောက်ဆုံး အသံထွက်လာတာကလည်း မှတ်သားစရာ၊ ကဗျာတစ်ပုဒ် ထွက်လာတယ်။

ဖောက်ပြန်သူအပေါင်း

တီးတဲ့စောင်းမှာ

ခွပ်ဒေါင်း ဘယ်ခါမကပါ... တဲ့။

ခေတ်က NLD ခေတ်၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ကောက်ရိုးခြေထောက်၊ မြက်ခြေထောက်... လို့ BIA ခေတ်ကလို ချီတက်ခဲ့ကြရချိန်မှာ။

မောင်လူမှိန်ရဲ့ ကဗျာ ‘ဖောက်ပြန်လူထု၊ ကြေးစည်ထုလဲ၊ သာဓု မခေါ်မိစေနဲ့’ ကို ဗားရှင်းချိန်းပြီး ထွက်ပေါ်လာတယ်။ ၂၀၂၀ ဒီဇင်ဘာ၊ သိပ္ပံကင်တင်းန်၊ ရန်ကုန်တက္ကသိုလ်ထဲမှာပေါ့။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေနဲ့ အမေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ဆိုတာတို့ လူတွေ တခါတလေမှာ မေ့သွားကြတယ်။ Institution တွေ ဆိုတာလည်း ဘာသားနဲ့ထုထားတာမို့လဲဗျာ၊ မေ့လောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဦးဆရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သီလ၊ သမာဓိ၊ ပညာနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ သမိုင်းကို သင်ပေးခဲ့တာကို ပိုလို့၊ ပိုလို့တောင် မေ့။

လူ့သမိုင်း၊ နောက်ခံယဉ်ကျေးမှု၊ ဘာသာ၊ စကား၊ စာပေ၊ ဓလေ့ထုံးတမ်းကောင်းတွေ တိမ်ကော ပျောက်ဆုံးသွားတာ ဒီနှစ် ၈၀ ကျော် အင်စတီကျူးရှင်း (သက်ကြားအို၊ သံချေးတက်ကြီး) အဟောင်းအမြင်းကြီးရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အစွန်းရောက်မျိုးချစ်ဝါဒ (Facis) ကြောင့်ပါ။ သူ့ရဲ့ ပြည်တွင်းစစ်ဝါဒ၊ ကိုယ်ကျိုးစီးပွားဝါဒ၊ ဖက်ဆစ်ဝါဒဟာ ပင်လုံညီလာခံကြီး နှစ်ခုစလုံးကိုပါ အာဏာသိမ်းခဲ့တဲ့ စရိုက်ဆိုးအဖြစ် ကမ္ဘာ့အလယ်မှာ အကြမ်းဖက်စစ်တပ်ကြီးအဖြစ်နဲ့သာ ကိုယ့်အခေါင်းကိုယ် ထမ်းခဲ့ရရှာတယ်။ ကိုယ့်ရက်လည် ကိုယ် သပိတ်သွတ်ရမယ့် မီးနဲ့ တိုင်းသစ်ပြည်သစ်ကြီးရဲ့ မွေးနေ့မှာ ထွန်းညှိတဲ့ ဆီမီး (ဖက်ဒရယ်မူ ၅ ချက်) ကို ဘယ်သူကမှ လာထွန်းညှိပေးစရာ မလို။

အင်စတီကျူးရှင်း သက်ကြားအိုနဲ့ အချို့သော EAOs သံချေးတက်တွေကို တစ်ခွန်းပဲ ပြောမယ်။ ဖက်ဒရယ်မူကို ခွေးဆွဲသွားတာ ၃ ကြိမ် ရှိပါပြီ။ 

ပထမတစ်ကြိမ်က ၁၉၅၈ အောက်တိုဘာ ၂၉။

ဒုတိယအကြိမ်က ၁၉၆၂ မတ် ၂ (ဦးချန်ထွန်းနဲ့ ဒေါက်တာအေးမောင်)

တတိယအကြိမ်က ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ။

အဲဒီသမိုင်းကို ကျွန်တော်တို့ရဲ့ ပင်လုံထိပ်ထားဦးက သိတယ်။ (၁) အကွဲအပြဲဇာတ်လမ်း၊ (၂) စဝ်ရွှေသိုက်၊ (၃) National Accord - (ပြည်ထောင်စုသဘောတူညီချက် အပိုင်း ၃ ပဋိညာဉ်) + ပြည်ထောင်စုလွှတ်တော်၊ ဩဂုတ် ၂၆ ၊ ၂၀၂၀ ပြည့်နှစ်မှာ ချာတာ(စာချုပ်)။

ဒီပင်လုံသမိုင်းနဲ့ ဖက်ဒရယ်လှိုင်းကြီး လေထန်ဇာတ်လမ်းတွေကို အင်စတီကျူးရှင်းတို့နဲ့ သံချေးတက် EAOs တွေက ကိုယ့်ရင်ငွေ့ ကိုယ်သွင်းပြီး၊ သရဲမွေးပြီး ကိုယ့်တိုင်းပြည်ကို ကိုယ် ပြန်ခြောက်ပြတာ၊ ကိုယ့်လူမျိုး ကိုယ်ပြန်ခြောက်ပြတာတွေက အခုခေတ်ကုန်သွားပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ စဝ်ခွန်ပန်းစိန် (တောင်ပိုင်စော်ဘွားကြီး၊ တအောင်းပလောင်လူမျိုး စော်ဘွားကြီး) တို့ကမှ၊ ယနေ့ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉/၂၀/၂၁ (ပဋိညာဉ်)၊ ဩဂုတ် ၂၆၊ ချာတာ (ပြည်ထောင်စုအဆင့်စာချုပ်)ဟာ ပင်လုံမြေပေါ်က သူ့အဖေ စာဖတ်ခဲ့တဲ့ ပင်လုံသစ်ပင်အိုကြီးအောက်မှာ ပင်လုံထိပ်ထားဦးလည်း စာထိုင်ဖတ်ခဲ့တာ။ ဒါ ပင်လုံဝိညာဉ်၊ ဒါ ပင်လုံအငွေ့အသက်၊ ဒါ ပင်လုံရင်ငွေ့။ သမိုင်းကို တမြည့်မြည့် တရွေ့ရွေ့ ထုဆစ်သွားနိုင်ခဲ့တဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။

ဒါကြောင့် အင်စတီကျူးရှင်းအိုကြီး အခြားသော အင်စတီကျူးရှင်း မသေမရှင်ကြီးတွေရဲ့ (၁၉၅၆-၅၇) ခုနှစ်က စကားတစ်ခွန်းကို မသုံးမဖြစ် သုံးလိုက်ရတယ်။

‘ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား ရောင်းတာ’

နာနာကျင်ကျင်ကို ထအော်လိုက်တာ။ နိုင်ငံရေးဟာ ဦးသန့်လို သီလ၊ သမာဓိ၊ ပညာ ခိုင်မာရသလိုပဲ၊ ဗိုလ်ချုပ်အောင်ဆန်းလိုပဲ စာဂကြီးဘို့၊ အထက်တန်းစားအကျင့် ကျင့်ဖို့ လိုတယ်။

NLD ဆိုတဲ့ ၁၉၈၈ အရေးတော်ပုံကြီးရဲ့ ခေါင်းဆောင်တစ်ဦးဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင် ပဲ့ကိုင်ရှင်တစ်ဦးအဖြစ်နဲ့— 

၁။ ဖက်ဒရယ်မူ ၅ ချက် (ပဒိုစောတာဒိုမူးနှင့်အဖွဲ့)

၂။ ပဋိညာဏ် (၂၁ ရာစု စတုတ္ထအကြိမ် ပင်လုံညီလာခံ ၁၉/၂၀/၂၁ ဩဂုတ်)

၃။ ပြည်ထောင်စုစာချုပ် (၂၀၂၀၊ ဩဂုတ် ၂၆)

ဒီတိုင်းပြည်ကို ချစ်ခဲ့တယ်၊ ပြုစုခဲ့တယ်၊ ပျိုးထောင်ခဲ့တယ်။ ဘယ်သူ သူ့လောက် ဒီတိုင်းပြည်ကို ချစ်နိုင်လဲ။ ဖြေချင်တဲ့လူရှိရင် ဖြေပါ။ သူမရဲ့ မေတ္တာတရားဟာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ်အထိ ကြီးမားတယ်။ 

ဒီမယ် စဝ်သုဝဏ္ဏသျှန်မှာ— Nomination တစ်ခု ရေးပြီး ပါရီ (UNESCO) ကို တင်ဖြစ်ရင်... အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ထိကို ထိခိုက်အောင် လုပ်ချင်တဲ့စိတ်ရှိတယ်။ (ကျုပ်တို့နိုင်ငံကို အနိုင်ကျင့်လို့) ။ အဲဒီစိတ်ထားမျိုး ရှိတယ်။

သူမ (ပင်လုံထိပ်ထားဦး)မှာ အဲဒီစိတ်ထားမျိုး လုံးဝ မရှိ။

ပြည်တွင်းစစ်ကြီးပြီးဖို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကြီးနဲ့အတူ အားလုံးသော Institution တွေ ရှင်သန်နိုးထ တည်ဆောက်ကြဖို့ပါ။ သူမမှာ ကိုယ်ကျိုးစွန့်တဲ့ဝါဒနဲ့ တိုင်းပြည်ကို လမ်းညွှန်ပြချင်တဲ့ စိတ်ဆန္ဒကလွဲရင် အကျဉ်းစံခဲ့တဲ့ နှစ်ပရိစ္ဆေဒတွေပဲ ရှိတယ်။

ဒါကြောင့်လည်း ဖအေ အောင်ဆန်း၊ သမီးအောင်ဆန်း ဖြစ်လာတာပါပဲ။ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် ညီလာခံကြီးကလည်း တကယ် အသက်ဝင်လာခဲ့တာပဲ။

‘ရွေးကောက်ပွဲမှာ NLD ဟာ မဲလိမ်၊ မဲခိုးတယ်’ လို့ တိုင်းပြည်ကို လိမ်တယ်။ ကွန်မြူနစ်(ဘော်လ်ရှီဗစ်)ကို နှိပ်ကွပ်ဖို့ စစ်ကို စတင်ခဲ့တဲ့ အဒေါ့ဖ်ဟစ်တလာ (ဩစတြီးယား၊ ဂျာမန်)ကြီးရဲ့ ဘဝကို အင်စတီကျူးရှင်းအိုကြီးတွေက အားလုံးက အတုခိုးကြတယ်။

‘မုသာဝါဒ ဆိုတာ ထပ်ကာထပ်ကာ ပြောရင် လူတွေက အမှန်လို့ ထင်မြင်ယုံကြည်လာလိမ့်မယ်’ လို လွန်မြောက်ပြီး အကြမ်းဖက်ဝါဒီတွေ အဆင့်အထိ နိုင်ငံရေးအဆင့်အတန်း နိမ့်ကျသွားတယ်။

ပိုဆိုးတာက အကြမ်းဖက်ဝါဒီချင်း တူတာတောင်မှ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ တရားဝင်သမ္မတ ဖြစ်တယ်။ သူ့(ပွတ်တလာ) မာရီယာ(သမ္မတယဲ့လ်ဆင်ရဲ့သမီး)က နိုင်ငံရေး မျက်စိကျတယ်။ ယဲ့လင်ဆ်နဲ့ လူအချို့က ယာယီသမ္မတအဖြစ် နန်းတင်ပြီး ရွေးကောက်ပွဲလုပ်တယ်။ ပူတင်သမ္မတ၊ သမ္မတပူတင်။

ခု ဒီမှာ ဖြစ်တည်နေတဲ့ အကြမ်းဖက်ဝါဒီ ယာယီဝန်ကြီးချုပ်၊ ဒုသမ္မတမြင့်ဆွေက NLD အစိုးရကို အာဏာသိမ်းပြီး စစ်တပ်ကို ယာယီဝန်ကြီးချုပ် ခန့်ထားတာ၊ အာဏာသိမ်းတာပဲ (၂၀၂၁ ဖေဖော်ဝါရီ - ၂၀၂၅ မတ်လ) ရောက်နေပြီ။ ဘဝ ရွေးကောက်ပွဲကိုမှ ဦးတည်လို့မရ။ ခြေဆန့်လို့မရ၊ တရားမဝင် Defaeto အစိုးရ။ (သူ ပြောနေကျက အိမ်စောင့်အစိုးရ)၊ ပင်လုံထိပ်ထားဦးရဲ့ ယာယီအစိုးရ (NUG)၊ လွှတ်တော် (CRPH) နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ကြီးတွေ (1994 estd.) နဲ့ ၆) နဲ့ ဖက်ဒရယ်တပ်မတော်တွေကို အထိပါ အဆင့်ဆင့် လုပ်ကိုင်နေတာကို ကြည့်ရင်—

တော်လှန်ရေးကို ဗိုလ်ချုပ်ကျော်ဇော ပြောသလို မောင်တင်သစ်က ပြောမှာပေါ့။

1.     Strategy

2.     Tatics

3.     Logistic လို့။

နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကိုတော့ ပင်လုံထိပ်ထားဦးလို မဇင်မာအောင်က ဆိုမှာပေါ့။ အထူးသဖြင့် ပြန်လည်ထူထောင်ရေး။

1.     System

2.     Institution

3.     Human Resource

4.     ICT (Information and Communication for Technology)

ကျွန်တော်တို့ မုန်းဖို့လိုတဲ့ ရန်သူတွေဟာ ရှေ့မှာ အများကြီးပဲ။ ပင်လုံထိပ်ထားဦးလောက် မစွန့်လွှတ်၊ အနစ်နာမခံနိုင်ရင်လည်း အစာကောက်ချိန်၊ အိပ်တန်းဝင်ချိန်ကလေးမှာ နွေဦးတော်လှန်ရေးကို လေးစားဖို့ လိုပါတယ်။

(မှတ်ချက်)

လူမွဲတို့ရဲ့ ယဉ်ကျေးမှုမှာ နီးရာဓားကို ကြောက်ရတယ်ဆိုတာ ခေတ်စားတယ်။

ကိုယ် ကိုယ်တိုင်က ဉာဏ်ရည်ဉာဏ်သွေးကို ထက်မြအောင် သွေးမထားရင်  …

ခေတ်နဲ့ ဝေးမယ်။ 

တော်လှန်ရေးနဲ့ ဝေးမယ်။

 ခေါင်းဆောင်ကောင်းတွေနဲ့ ဝေးမယ်။

Know thy self. (ဂရိ)

Build thy self. (မင်္ဂလသုတ်)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar