သီအိုဇော် - အာဆီယံပေါင်ပေါ် ချပေးရမည့် မီးပွား ( ၄ )
၂၀၀၀ ပြည့်နှစ်လွန်များဆီက မြန်မာနိုင်ငံဘက်က စိတ်ဝင်တစားရှိတဲ့ နျူကလီးယားနည်းပညာ ရယူနိုင်ဖို့ ကြိုးစားမှုနဲ့ ပတ်သက်ရင်၊ သတင်းထွက်တဲ့အထဲမှာ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေက ထိပ်ဆုံးကပါ။
နျူကလီးယားဓာတ်ပေါင်းဖို အတွက် ရုရှားနဲ့သဘောတူညီချက်တွေ ၂၀၀၂ခုနှစ်နဲ့ ၂၀၀၇ခုနှစ်တုန်းက သတင်းထုတ်ပြန်ခဲ့တာတွေ ရှိပေမယ့် နောက်ပိုင်းပျက်ပြယ်သွား ကြတာပါပဲ။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဆက်ဆံရေးတွေရှိတဲ့ ရုရှားတို့ တရုတ်တို့ဆိုတာက ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်၊ နောက်ပြီး IAEA အဖွဲ့ဝင်တွေဖြစ်ကြတော့ စည်းမျဉ်းစည်းကမ်း လိုအပ်ချက် သတ်မှတ်ချက်
ဆိုင်ရာတွေမှာ မြောက်ကိုရီးယားထက် ပိုလိုက်နာကြရပါတယ်။
ဒီတော့ ရုရှားနိုင်ငံကို ထည့်ပြောတယ်ဆိုပေမယ့်၊ အဓိကကျတဲ့ နျူကလီးယား နည်းပညာ၊ စက်ကိရိယာ အစိတ်အပိုင်းလွှဲပြောင်းမှုတွေ
ဒီတော့ဒီကာလအတွင်းမှာ မြောက်ကိုရီးယားနဲ့ရော ဘယ်လောက်ခရီးရောက်ခဲ့သလဲလို့ ပြန်ကြည့်ရပါမယ်။ စီးပွါးရေးအကျပ်အတည်း ရင်ဆိုင်ရလေ့ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ငွေ ကြေးမြိုးမြိုးမျက်မျက် ရနိုင်မယ်ဆိုရင် နိုင်ငံတကာ စည်း မျဉ်းစည်းကမ်းတွေ ချိုးဖေါက် လုပ်ကိုင်တတ်တာ သတင်းအထူးအဆန်းလို့ မဆိုနိုင်ပါဘူး။
မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြား တရားဝင်ဆက်ဆံရေးကို ၂၀၀၇ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကတည်းကလည်း တ ရားမဝင် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ စောင့်ကြည့်သူများက ယုံကြည်ထားကြပါတယ်။ အဲဒီအချိန်တဝိုက်က မြောက်ကိုရီးယားရဲ့ စီးပွါးရေး အခြေအနေကို အကဲခတ်ကြည့်ကြပါမယ်။
The Bank of Korea (BOK)က မြောက်ကိုရီးယားနိုင်ငံရဲ့ ဂျီဒီပီကို နှစ်စဉ်စောင့်ကြည့် တွက်ချက်လေ့ ရှိပါတယ်။ ဒီအချက်အလက် တွေအရဆိုရင် ၂၀၀၆ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်အတွက် ဂျီဒီပီ တိုးတက်မှုနှုန်းက (-၁.၀၀, -၁.၂) ၂နှစ်ဆက်တိုက် အနုတ်ပြခဲ့သလို ၊ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်များ အတွက်လည်း (-၀.၉, -၀.၅) အနုတ်ချည့်ပါပဲ။ ၁၉၉၀ခုနှစ်ကနေ ၁၉၉၈ခုနှစ်အထိဆိုရင် နှစ်စဉ်ဆက်တိုက် အနုတ်ပြခဲ့တာပါ။ ဒါဆိုရင် ရုန်းကန်နေရတဲ့ မြောက်ကိုရီးယားရဲ့ စီးပွါးရေးကို ပိုမြင်သာသွားပါပြီ။
ငွေကြေးအကျပ်အတည်း ကြုံနေရတဲ့ မြောက်ကိုရီးယားက EarthRights International အစီရင်ခံစာအရ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ ရတနာစီမံကိန်းတခုတည်းကနေ အမေရိကန်ဒေါ် လာ ၈ဘီလီယံခန့်အထိ ဝင်ငွေရှိခဲ့တဲ့ (ဒီငွေကြေးပမာဏက အစိုးရဘတ်ဂျက်မှာ တရားဝင် ထုတ်ပြန်ခဲ့တာနဲ့ တော့ ကွာခြားပါတယ်) မြန်မာစစ်အစိုးရနဲ့ မြိုးမြိုးမျက်မျက်ရနိုင်တဲ့ နျူကလီးယားနည်းပညာ မှောင်ခိုစီးပွါးရေး လုပ်ကိုင်ချင်မှာ သေချာပါတယ်။
စောင့်ကြည့်လေ့လာသူများ မှတ်ချက်ပြုကြသလို မြောက်ကိုရီးယားနဲ့ နျူကလီးယား ပရောဂျက်တွေ ဒီကာလမှာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကနဦးကာလ ဖြစ်တဲ့အတွက် သိပ်ခရီးပေါက်ခဲ့ဟန် မတူပါဘူး။ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက သိုသိပ်လျှို့ဝှက်မှုများနဲ့ ပြည့်နှက်နေမှာ သေချာပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်က သတင်းမီဒီယာတွေ တင်ပြခဲ့တာတွေကနေ နျူကလီးယား ခရီးလမ်းအခြေအနေကို ယှဉ်ထိုးဆုံးဖြတ်ကြည့်ရပါမယ်။ ပေါက်ကြားသိရှိခဲ့ရတဲ့ နည်းပညာအဆင့်အတန်းကနေ ၂၀၀၀-၂၀၁၀ ကာလမှာ ဘာတွေလုပ်နိုင်မလဲဆိုတာကို အကဲဖြတ်ကြည့်လိုပါတယ်။
မီဒီယာသတင်းများထဲကမှ DVBအစီအစဉ်နဲ့ အယ်လ်ဂျာဇီးယားရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ သတင်းရုပ်သံမှတ်တမ်း (၄.၆.၂၀၁၀)ဆိုရင် အမေရိကန် အထက်လွှတ်တော်ရဲ့ အာရှ- ပစိဖိတ်ဒေသ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ ဆီနိတ်တာ ဂျင်မ်ဝက်ဘ် (Jim Webb) ကြိုတင်ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သီမ်းခဲ့ရတဲ့အထိတောင်၊ ရိုက်ခတ်မှု ရှိခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်အတွက် အရေးကြီးတဲ့ သတင်းအချက်အလက် ဓါတ်ပုံတွေကို ဖွင့်ချပေးခဲ့သူ၊ ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလက နိုင်ငံပြင်ပတိမ်းရှောင် လာခဲ့သူ တပ်မ တော်အင်ဂျင်နီယာ တက္ကသိုလ်လို့ အရင်ကသိခဲ့ကြတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်( Defence Services Technological Academy- DSTA) အပတ်စဉ်(၁) ဆင်း ဗိုလ်မှူးစိုင်းသိန်းဝင်း အကြောင်းကို ထည့်ပြောရပါလိမ့်မယ်။ သူပြောကြားခဲ့တဲ့ နျူကလီးယားနည်းပညာနဲ့ ပတ်သက်တာတွေအကြောင်း ဆက်စပ်ပြောရမှာ ဖြစ်လို့ပါ။
ရုရှားကို ပထမသုတ် စေလွှတ်ပညာသင်ကြားခံရသူတွေထဲမှာ သူဟာ တဦးအပါဝင်ဖြစ်ပြီး ရုရှားနိုင်ငံ Bauman Moscow State Technical University ကနေ ဒုံး ကျည် တည်ဆောက်ရေး စက်မှုဘာသာရပ်နဲ့ မဟာဘွဲ့ယူခဲ့ပါတယ်။သိပ္ပံနဲ့နည်
စစ်ခေါင်းဆောင်တွေရဲ့ နျူကလီးယားစီမံကိန်းအကြောင်းကို ပြောတဲ့အခါ အရေး ကြီးတဲ့ ကြွယ်ဝယူရေနီယမ်(Enriched uranium) အဖြစ် အဆင့်မြှင့်တင်ပေးရတဲ့ ကဏ္ဍနဲ့ နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရေး ကဏ္ဍဆိုပြီး ခွဲပြောရပါလိမ့်မယ်။
DVBက ရရှိတဲ့အချက်အလက်တွေနဲ့ ရောဘတ်ကယ်လီ(Robert Kelley)က အစီရင်ခံ
စာပြုစုခဲ့ဖူးပါတယ်။ ဆောင်းပါးအစမှာ ပြောခဲ့သလို သူဟာ IAEA မှာ ညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နျူကလီးယားလက်နက် စစ်ဆေးရေးကျွမ်းကျင်သူ တဦးဖြစ်ပါတယ်။
သူက ဗိုလ်မှူးစိုင်းသိန်းဝင်း ပြောခဲ့တဲ့ သူတို့သုတေသနပြု ကြံဆနေတဲ့ Enriched uraniumအဖြစ် အဆင့်မြှင့်တင်တဲ့နည်းလမ်းကို ဖေါ်ပြထားပါတယ်။ Laser Isotope Separation နည်းကို သုံးဖို့ စိတ်ကူးထားကြတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ uranium enrichment အကြောင်း ထပ်မံဖြည့်စွက်ပြောလိုပါတယ် ။ ဒါမှလည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား လက်နက်ရယူဖို့ ကြိုးစားနေကြတာကို ဖြစ်နိုင်ချေ မရှိဘူးလို့ ၂၀၁၀ တဝိုက်က နိုင်ငံတကာက ဘာ့ကြောင့်ရှုမြင်ခဲ့ကြတာလဲ ဆိုကို ပိုပေါ် လွင်စေမှာ ဖြစ်တဲ့အတွက်ပါ။
သဘာဝ ယူရေနီယမ်မှာ U-235 နဲ့ U-238 isotope ၂ခု ပါပါတယ်။ ၀.၇% လောက်ပဲပါတဲ့ U-235ကို ရာခိုင်နှုန်းမြှင့် ကြွယ်ဝအောင် ပြုလုပ်တဲ့ အဆင့်က အရေးကြီးသ လို၊ ဒီလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်အနေနဲ့ပြောရရင် နျူကလီးယားလောင် စာရရှိဖို့အတွက် သုံးရတဲ့စရိတ်ရဲ့(၃၀)ရာခိုင်နှု
Uranium Enrichment လုပ်ကြတဲ့နေရာမှာ အကြမ်းဖျင်း နည်းပညာ မျိုးဆက် (၃)ခု ရှိပြီး ဒီကနေ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာက ဒုတိယမျိုးဆက် Gas Centrifuge method ပါ။ မြောက်ကိုရီးယားလည်း ဒီနည်းကိုပဲ သုံးနေဆဲပါ။ ပထမမျိုးဆက် Gas diffusion ကို အခုတော့ မသုံးကြတော့ပါဘူး။ သူ့အရင်က Electromagnetic Isotope Separation (EMIS)ကို ခဏတာ သုံးခဲ့လိုက်ကြပါသေးတယ်။ အဲဒီနည်းလမ်းဟောင်းကိုပဲ ၁၉၈၇ခုနှစ် လောက်က အီရတ်နိုင်ငံမှာ ပြန်သုံးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ပြောရရင် Uranium Enrichment နည်းပညာက လွယ်လွယ်ကူကူ ဝယ်ယူ အသုံးပြုလို့ မရနိုင်ပါဘူး၊ ပြောခဲ့ဖူးတဲ့ ပါကစ္စတန်က ဒေါက်တာခန်းရဲ့ မှောင်ခိုကွန်ယက်ကနေ ဒီနည်းပညာနဲ့ ပစ္စည်းတွေ ရောင်းချခဲ့ပြီး မြောက်ကိုရီးယား ဒီကနေ့ အသုံးပြုနေတာ အဲဒီ့မှောင်ခိုစျေးကွက်ကလို့ ဆိုကြပါတယ်။
အခုသုံးနေကြတဲ့ Gas Centrifuge နည်းလမ်းက အလွယ်ပြောရရင် နည်းနည်းပိုလေးတဲ့ Uranium-238နဲ့ ပေါ့တဲ့ Uranium-235ကို centrifuge နည်းနဲ့ မွှေ့ပြီး၊ ခွဲထုတ်တဲ့နည်းလို့ ဆိုနိုင်ပါလိမ့်မယ်။
ဗိုလ်မှူးစိုင်းသိန်းဝင်း ဖွင့်ချခဲ့တဲ့ Laser Isotope Separation က တကယ့်ကို ခေတ် ရှေပြေးတဲ့ နည်းလမ်းပါ။ ပြောရရင်တော့ ဒီနေ့ဒီအချိန်အထိ စမ်းသပ်သုတေသန လုပ်နေဆဲဖြစ်ပြီး၊ လုပ်ငန်းသုံး စျေးကွက်ထဲ ရောက်တဲ့အဆင့်အထိ ဖြစ်မလာသေး ပါဘူး။
၂၀၀၆/၀၇ ခုနှစ်တဝိုက်က ဒီရှေ့ပြေးနည်းပညာသစ် သုတေသန နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှု ဖို့ General Electric (GE)နဲ့ Hitachi လို ကုမ္ပဏီကြီးတွေ ဝင်ရောက်ခဲ့ပါသေးတယ်။ အခုတော့ ပြန်ထွက်သွား ကြပါပြီ။
DVB ရုပ်သံမှတ်တမ်းက ၂၀၁၀ခုနှစ် ဇွန်လဆန်း ဆိုတော့ မြန်မာလို နိုင်ငံမျိုးက အလားတူ နည်းပညာကို တိုးတိုးတိတ်တိတ် ကြံစည်နေ တာက စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ပဲ ကမ္ဘာက တွေးခဲ့ကြမှာပါ။ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ပရောဂျက်တခုက supersonic carbon monoxide laser နဲ့ သုံးဖို့အတွက် အလွန်သေးငယ်တိကျတဲ့ ရှေ့ပြေးပုံစံငယ် prototype precision nozzles တွေ ထုတ်လုပ်ပေးဖို့ပါ။
လေဆာရောင်ခြည်သုံးပြီး uranium enrichment လုပ်ရမယ့် နည်းလမ်းအတွက် လိုအပ်တဲ့ကိရိယာလည်း မရှိလို့ ကိုယ်တိုင်တီထွင်ရပါဦး မယ်။ ရောဘတ်ကယ်လီ ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ဒီနည်းပညာသစ် အသုံးပြုနိုင်ဖို့ သံသယရှိတဲ့ပုံ မှတ်ချက်ပေးထားပါတယ်။
ဒီတော့ မြန်မာနိုင်ငံလို မဖွံ့ဖြိုးမတိုးတက်သေးတဲ့ တိုင်းပြည်တခုက ခေတ်ရှေ့ပြေး နည်းပညာသစ်တခုအတွက် ပစ္စည်းကိရိယာလည်း မရှိ၊ နည်းပညာလည်း မလုံလောက် ဆိုတော့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ နျူကလီးယား အိပ်မက်ဟာ လက်တွေ့ဖြစ် လာဖို့ အလှမ်းဝေးလွန်းတယ်လို့ အကဲဖြတ်ခဲ့ကြဟန် တူပါတယ်။
၂၀၀၉ ခုနှစ် ဇွန်လ(၁၂)ရက်နေ့က ချမှတ်လိုက်တဲ့ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ဆုံးဖြတ်ချက် S/RES/1874 (2009) က အဖွဲ့ဝင်နိုင်ငံ တွေရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေကို အရင်ဆုံးဖြတ်ချက်တွေနဲ့ ထပ်ပေါင်းပြီး ပိုမိုကန့်သတ်မှုတွေ ပြု လုပ်ခဲ့ပါတယ်။ ဒီအတွက် ကုလသမဂ္ဂအဖွဲ့ဝင် တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ရှိန်သတ်ခဲ့ရပါလိမ့်မယ်။
ဒီအတွက် မြန်မာနိုင်ငံအနေနဲ့ ၂၀၁၀ ခုနှစ်တဝိုက်အထိ မြောက်ကိုရီးယား အပါအဝင် တခြားနိုင်ငံတွေဆီက ကြွယ်ဝယူရေနီယမ် အဆင့်မြှင့်တဲ့ နည်းပညာတွေ မရသေးဘူးလို့ပဲ ယူဆရမှာပါ။ ဒါပေမယ့် ၂၀၀၀ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်းမှာ စစ်ခေါင်းဆောင်တွေဘက်က နျူကလီးယားနည်းပညာရရှိဖို့ နည်းမျိုးစုံနဲ့ တစိုက်မတ် မတ် ချဉ်းကပ်အားထုတ်ခဲ့တာကိုတော့ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ IAEA , နိုင်ငံတကာနဲ့ အာဆီယံကို လိမ်လည်ထားခဲ့တယ် ဆိုတာပေါ်လွင်ဖို့ ၊ အရင် နျူကလီးယား ဇာတ်ကြောင်းကနေ ပြန်ပြီးမီးမောင်းထိုး ပြကြရဦးမှာပါ။
(ဆက်လက်ဖေါ်ပြပါဦးမည်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar