ဖင်သီခင်ရီ ဝက်နေဝင်း မင်းကြောင်လှိုင်
ဖင်သီခင်ရီ ဝက်နေဝင်း မင်းကြောင်လှိုင်
ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း (မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅
ဖွတ်လဒ ဘွတ်ကွခင်ရီက NLDဆိုတာ ပုဂါရာမမှာ မရှိတော့ဘူးတဲ့။ သူ့အဖေလူ့အလေရဲ့ဥပဒေအရမရှိတော့ဘူးဆိုတာ အမှန်ကတော့ ခေါင်းကြီးတို့ ဘာဒေမျှော်လင့်နေတာတုန်း၊ ဒို့ကို ဖြဲတဲ့ပြီး မဲထည့်လေကွာလို့ ပြောတာပါဘဲ။ ငတို့မထည့်လို့ ဘယ်တုထည့်မတုန်းဆိုတဲ့ဆောက်ထှာ။
ဒီရက်ပိုင်း ဟိုမြို့ဒီမြို့ပြန်သိမ်းတဲ့သတင်းလေးတွေရယ်၊ နိုင်ဂံခြားက နဲနဲသောက်ဖက်လုပ်လာပြီဆိုတာရယ်ပေါင်းပြီး လက်ခမောင်းလေး ဖတ်ဖတ်ဖတ်ဖတ်ခပ်တာ။
ဟိုငပုက ရွကောက်ပွဲလုပ်မယ်ဆို သက်တမ်းတိုးလို့က မရတော့ဘူး။ အဲတော့ အာဏာလက်လွှတ်ရမယ်ဆို ဘယ်လုပ်ပေးမလဲ။ အဲဒါကိုလဲ ကျယ်ကျယ်မပြောရဲတော့ NLD မရှိတော့ဘူးတွေဘာတွေ ညာသံပေးရတာပေါ့လေ။ တောခြောက်တာထိတော့ ဘယ်စိတ်ကူးရဲမတုန်း။ ဟိုကောင်ကလဲ မအလစကစကနေ သရေကြိုးကာလုံလက်ထဲလွှဲတယ်လုပ်ပြီး သူပြန်အုပ်မှာပါဘဲ။ အထိမ်းတော်လှိုင်လုပ်မယ်ပေါ့။ ခြေနေအရ ရွကောက်ပွဲက လုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူးဘဲ။ အကြောင်းပြစရာကလဲ ပေါမှပေါ။ တရုတ်အစီအစဉ်အတိုင်း သွားနေရပေမယ့် သေချာတာကတော့ ဒီအခြေအနေမှာ သူ့ရဲ့စစ်ရာထူးပြုတ် ဂုတ်ပြတ်မယ့်အလုပ် တခုမှမလုပ်ဘူး။ သူ့မိသားစု ဂိပြားပုမယ့်ဟာ တွေးတောင် မတွေးဘူး။ စစ်တပ်ဆိုတာ ပခုံးပေါ်ဘားမရှိရင် နွားကမှ သူ့ဈေးနဲ့သူ ဦးမော့သေးတယ်မဟုတ်လား။ ခု ကြံ့ဖွတ်က ကင်းတဲမှာ ဇရပ်မှာ ခေါက်ဆွဲကျွေးလူစုပြီး ကြံ့ထဲဝင်ရင် တပ်ထဲမဝင်ရဘူး၊ ကြည့်လေ ငါတို့မိသားစုတွေ ဘယ်သူ စစ်ထဲလိုက်ရလို့လဲဆိုပြီး မဲဂုန်းဆင်းနေတာကို တပ်ထဲကကောင်တွေက ဖြဲဗျုန်းဗျင်းချင်နေပြီ။
နားရွက်ပျောက် ဝက်ဂေါက်အေးနေဝင်းကတော့ ဗိုလ်ချုပ်တွေရဲ့သားသမီးတွေပါ စစ်ထဲဝင်ချင်ကြလွန်းလို့ ဝင်နေကြပြီဆိုပြီး ခင်ရီနဲ့ဆန့်ကျင်ဘက် တက်ကစ်တယ်။ သူ့အမေအေးရီမစန္ဒာဝင်းဆို စစ်ထဲမဝင်ချင်လို့ မဝင်ရအောင်ပြောပေးပါဆိုရင် အဲဒါမျိုးကို ဘယ်တော့မှလုပ်မှာမဟုတ်ဖူးဆိုပြီး သူတို့အသိတွေရဲ့ သားသမီးတွေကို လုပ်မပေးတဲ့အကြောင်း အာတယ်။ သူ့အသိတယောက်ဆို သားကလဲသွားချင် မိဘတွေကလဲထည့်ချင်ဆိုပြီး ဖွာတယ်။ တချို့ဆို မဆုတ်တမ်းခံစစ်မှာ ဒုတ်ထမ်းပြန်ပစ်နေပြီနဲ့ ညာတယ်။ ဒါ မအလကိုဖားရင်း ခင်ရီကို ခါတာ။ ခင်ရီက ရွှေကြီးအုပ်စုလေ။ ဝက်က သူတို့တမိသားစုလုံးထောင်ထဲထည့်ခဲ့တဲ့ရွှေကြီးကို တသက်မကြေ ဝက်ကလေလုပ်နေတာ။ သူမှန်းခဲ့တဲ့မော်ဒယ်လေးတွေ နေရွှေသွေးအောင်လက်ထဲရောက်ကုန်တာကလဲ စိတ်ချဉ်ပေါက်စရာမဟုတ်လား။ ရွှေကြီးအုပ်စုကိုကြိတ်ဖို့ဆို မအလနဲ့ပေါင်းမှရမကိုး။ အဲဒါကြောင့် သန်းရွှေရဲ့ကြံ့အုပ်စုက ကြံ့ဖွတ်ပါတီက စစ်သားလိုသလောက်ရမယ်ဆိုပြီး မပေးဘဲထားရုံမက ခု ကြံ့ထဲဝင်ရင် ဘောထမ်းကင်းလွတ်ခွင့်ရမယ်ပါလုပ်လာတော့ ဝက်က မအလနဲ့ ညှောင့်ပြီပေါ့။ ကြံ့အဖို့ရာကလဲ ပါတီဝင်တိုးရေးနဲ့ မဲရရေးက ဒီတနည်းရှိတာကိုး။ ကြံ့ဆိုတာ စစ်ဘေးသင့်ခိုလှုံရိပ်မြိုင်ပါ။ ဘောမှုမထမ်းချင်ရင် ဟောအခုလှမ်းခဲ့ပါ၊ ဂန့်အာမီကိုသွားမလား၊ ကြံ့ဖာထီကို နားမလား၊ အားကိုးလို့ရပါတယ်ဆိုပြီး ကြော်ညာတွေ စွတ်ထည့်တာပေါ့လေ။ ၂၀၀၈ခြေဥအတည်ပြုဖို့ရယ်နဲ့ ၂၀၁၀ရွေးကောက်ပွဲအတွက်ရယ်ကို ရိုဟင်ဂျာတွေဆီက မဲရော လူရောတင်မက OICဆီက ငွေရောပါရအောင် ဒီနည်းသုံးကြိတ်ခဲ့တာဘဲလေ။ တရက်ရွှေဥတလုံးဥပေးနေတဲ့ရွှေကြီးနည်းပေါ့။ OICကို ရုံးဖွင့်ခွင့်ပေးမလိုလိုနဲ့ ငွေသမပြီးတော့မှ မဘသကိုယ်တော်တွေနဲ့ ပျူလောင်းလျာတွေသုံးပြီး ဝုန်းပစ်လိုက်တာမဟုတ်လား။
ခုက ရွှေကြီးအုပ်စုက မအလသွားနေတဲ့ပုံစံကို မကြိုက်ကြဘူး။ သူတို့လက်နဲ့ရေးထားတာတွေကို သူတို့အသက်နဲ့ စည်းစိမ်နဲ့ပြန်ဖျက်တာလို့မြင်လာတယ်။ ငတုံးလို့တွက်ကြတယ်။ ငအငအူ လဒနူလို့မှတ်ကြတယ်။ ငဝက်သွေးမြှောက်လို့ ချေးခြောက်ကောက်စားတယ်တွက်ကြတယ်။ သူ့ကို ဟားခဲ့တဲ့သူတွေကို ထောင်သွင်းပြထားတယ်။ တချို့ဗိုလ်ချုပ်တွေကို စည်းစိမ်ပါသိမ်းပြထားတယ်။ မအလက ရွှေကြီးအုပ်စုရဲ့ဒေါ်လာဓနတွေကို သမချင်နေတယ်။ ဒီကောင်တွေကို ဖရီးကာကွယ်ပေးထားရတယ်ပေါ့။ ပြီးတော့ သူတို့ဒေါ်လာတွေကလဲ ပြည့်ဘဏ္ဌာတွေဘဲပေါ့။ ဒီကောင်တွေ ထင်သလိုခံစားစံစားဖို့ ပျော်ပါးစော်ကားဖို့ တပ်ရဲ့အသက်တွေ သွေးတွေ ရင်းပေးထားရသလိုဖြစ်နေတယ်။ ဒီလို ဒစ်လည် စစ်ကြွယ်နေတဲ့ကာလမျိုးမှာ အလိုက်တသိထုတ်မယ်ထည့်မယ်မရှိဘဲ နိုင်ဂံခြားပို့ဖို့ လစ်ဖို့ဘဲလုပ်နေတယ်ဆိုပြီး တင်းနေတယ်။ ဒီကောင်ကြီးတွေအကုန်လုံး နိုင်ဂံဂျားမှာ ကုမ္ပနီပိုင် ကွန်ဒိုပိုင် ဝင်းပိုင်ခြံပိုင်နဲ့ချည်းမဟုတ်လား။ အဲဒါကြောင့် ဘယ်ကောင်မှလစ်မရအောင် ထိမ်းထားတာ၊ ဆေးကုတောင် အသွားမခံတော့ဘူးလေ။ ဗိုလ်ချုပ်ပြုတ်မှန်သမျှ အကျယ်ချုပ်။
ဒီရက်ပိုင်း ရွေးကောက်ပွဲ အသံတွေ ပေးနေတာက အာရုံနောက်အောင် လုပ်နေတာပါ။ တိုင်းပြည်ကြီးက ဘာမှဖြစ်မနေ အရာရာအိုကေ နေရာတကာစိုပြည် မအိုမသေ ဗိုလ်တွေ လုပ်နေတာပါ။ အတွင်းက နွားချေးခံကို အပြင်က ရွှေရောင်သုတ်ပြီး ဟန်လုပ်နေတာပါ။ ကြားခံလူထုကို စိတ်ပြောင်းစိတ်လွှဲလုပ်နေတာပါ။ တကယ့်အခြေအနေက တဲတဲကျန်တော့တာလေ။ စစ်ရေးကလည်း လေကြောင်းနဲ့ တရုတ်မကယ် သေဖွယ်ပဲ ရှိတော့တာလေ။ စီးပွားရေး ဆိုတာလည်း ဘာမှမရှိ၊ ရှိအောင်လည်း မလုပ်တတ်၊ စိုက်ရေးပျိုးရေးကလည်း ပျက်၊ ငလျင်ကပါ ထပ်နှက်လိုက်တော့ အက်ရာခဲကျ တောင်ပြေးရမလို မြောက်ပြေးရမလို ခွေးအိုလောက်ကိုက်တဲ့အဖြစ်။ ကျန်းမာရေးစနစ်ပျက် ကွမ်းရွက်နဲ့ ထန်းလျက်ပြုတ်ရည်မှ အနိုင်နိုင်၊ အုပ်ချုပ်ရေးစနစ်ပျက် အမြီးကျက်အမြီးစား ချီးကျက်ချီးစား၊ လုံခြုံရေးစနစ်ကတော့ တပ်ထဲတောင်ပရိတ်ပဌာန်းစီးဖြန်း ရေမန်းပက်ပေးနေရတဲ့ဘဝ၊ မုဆိုးမနဲ့ ဒုက္ခတခြေချင်းလိမ်နေရတဲ့တပ်ထဲမလဲ ဖိအားမျိုးစုံနဲ့ ပေါက်ကွဲလုလုဖြစ်နေတာကို စစ်မှုထမ်းဥပဒေနဲ့ ထုချေနေနိုင်လို့သာ မဟုတ်ရင် ပွဲသိမ်းတာကြာပလေ။ ဒါလဲ မထူးဇာတ်ရဲ့ နောက်ဆုံးအခန်းဆိုပါတော့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
