သီအိုဇော် - အိမ်နီးချင်း တရုတ်နိုင်ငံ၏ သဘောထားနှင့် နွေဦးတော်လှန်ရေး

(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၅
‘ရွေးကောက်ပွဲမတိုင်မီလာရောက်သည့် တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတက မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပြီး မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်းကိစ္စများလည်း ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။’
ရုတ်တရက်တော့ ဒီစာပိုဒ်ကို မြင်လိုက်တာနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် သွား ရောက်နေတဲ့ တရုတ်ခရီးစဉ်အကြောင်းလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ရည်ညွှန်းလိုတာက နိုဝင်ဘာလ ၇ ရက်မှာကျင်းပမယ့် ၂၀၁၀ ရွေး ကောက်ပွဲမတိုင်မီ၊၂၀၁၀ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ ထိုစဉ်က တရုတ်သမ္မတ ဟူဂျင်တောင်းနဲ့ မြန်မာ စစ်ခေါင်းဆောင်ဟောင်းတို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီတုန်းက မြို့တော် ‘ပေကျင်း’မှာရှိတဲ့ ပြည်သူ့ခန်းမကြီးမှာ အခမ်းအနားနဲ့ သီးသန့်ကြိုဆိုခဲ့တာပါ။ ကနဦး သတင်းတွေအရဆိုရင် လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုတော့ သမ္မတ ရှီကျင့်ဖျင်က ‘ထျန်းကျင်း’(TIANJIN)မြို့ဧည့်ဂေဟာမှာပဲ လက်ခံတွေ့ဆုံခဲ့တာလို့ သိထားရပါတယ်။
တရုတ်နိုင်ငံရဲ့ တစထက်တစ ပေါ်ပေါ်ထင်ထင် စွက်ဖက်လာမှုကို တွေ့မြင်လာနေရတဲ့ ကာလမှာ၊ အစဉ်အဆက် တရုတ်အစိုးရများက အိမ်နိီးချင်း မြန်မာနိုင်ငံအပေါ် ဘယ်လိုသဘောထားကြတယ်ဆိုတာကို ပြန်စဉ်းစားကြည့်လိုပါတယ်။ ဒီကနေ့ မြန်မာ့နိုင်ငံရေး အရေးကိစ္စမှာ တရုတ်ဘက်က ရွေးကောက်ပွဲ ဖြစ်မြောက်စေချင်တဲ့ ဆန္ဒရှိတာ ထင်ရှားပါတယ်။ အလားတူပါပဲ ၂၀၁၀ ရွေးကောက်ပွဲတုန်းက NLD လို အဓိကနိုင်ငံရေးပါတီကြီး ဝင်ရောက်မယှဉ်ပြိုင်ခဲ့လည်း တရုတ်နိုင်ငံဘက်က ရွေး ကောက်ပွဲကို လိုလိုလားလားပဲ သဘောထားခဲ့တာ သိသာပါတယ်။
တကယ်ကတော့ တရုတ်အစိုးရရဲ့ မူဝါဒက တသမတ်တည်း ရှိခဲ့တယ်လို့ ဆိုရမယ် ထင်ပါတယ်။ ဒီနှစ်ကာလတွေထဲ ကြားမှာသမာသမတ်ကျကျ နေပြီးမှ၊ အခု စစ်အုပ်စုဘက် ပြောင်ပြောင်တင်းတင်း ပြန်ရပ်တည်သွားခဲ့တာလို့ ပြောနိုင်ဖို့ မလွယ်ကူပါဘူး။ ပြန်ကြည့်ကြမယ်ဆိုရင် ၂၀၀၈ ခြေဥအောက်ကနေ နိုင်ငံရေးအရ ရင်ကြားစေ့ကြစေလိုတဲ့ အာသီသကို အာဏာစသိမ်းစဉ်ကတည်းက တစိုက်မတ်မတ် ထုတ် ဖေါ်ပြောဆိုနေခဲ့တာပါ။ အာဏာသိမ်းပြီး မကြာမီ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin ရဲ့ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ စာနယ် ဇင်း ရှင်းလင်းပွဲနဲ့ နောက်ပိုင်း သူ့နေရာကို ရောက်လာတဲ့ Zhao Lijian ရဲ့ ၂၀၂၁ခုနှစ် ဧပြီလ ၉ရက်နေ့ စာနယ်ဇင်းရှင်းလင်းပွဲတို့ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ထဲကနေ ဖြေရှင်းဖို့ကိုပဲ အတိအလင်း ပြောခဲ့တာပါ။
ဒါဟာ ဝမ်ယိ နိုင်ငံခြားရေးဝန်ကြီး ပထမအကြိမ် လုပ်ခဲ့စဉ်က မူဝါဒမျှသာမဟုတ်ပဲ၊ သူ့နောက် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ၂၀၂၃ခုနှစ် မေလ ၁ ရက်နေ့မှာ အဲဒီတုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် နိုလင်းဟေဇာတို့ တွေ့စဉ်တုန်းကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်ကနေ ဆွေးနွေးညှိနှုင်းကြဖို့ ပြောခဲ့တာပါပဲ။နောက်တကြိမ် ဝမ်ယိနိုင်ငံခြားရေးဝန်ကြီး ပြန်ဖြစ်တော့လည်း အခါအခွင့်သင့် သလို ဒီသဘောထားကိုပဲ ထပ်ခါတလဲ ပြောခဲ့ပါတယ်။
ဒီတော့ မြန်မာပြည်သူ လုံးဝလက်မခံတဲ့ ၂၀၀၈ ခြေဥ အထိုင်ကနေပဲ တစိုက်မတ်မတ် ရပ်တည်စဉ်းစားပေးနေတာ ပေါ်လွင်ပါတယ်။ ၂၀၀၈ ခြေဥ စွဲကိုင်သူတွေ ဆိုတာက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူအများစုကြီးရဲ့ ဆန့်ကျင်ဘက်ခြမ်းမှာ လို့ပဲ ခိုင်ခိုင်မာမာ ပြောရမှာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က နွေဦးတော်လှန်ရေးဘက်ကို ငဲ့စောင်းကြည့်တဲ့မူဝါဒကို စဉ်းစားခဲ့ဖူးတယ်လို့တောင် မပြောနိုင်ပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် စစ်တပ်ကို ဖယ်ထုတ်စဉ်းစားဖို့ အသင့်မဖြစ်တဲ့ တရုတ်အစိုးရကလည်း ၂၀၀၈ ခြေဥအောက်က သွားဖို့ တိုက်တွန်းနေတဲ့ သူတို့ဟာ တော် လှန်ရေးဘက်ခြမ်းက ရည်မှန်းချက်တွေနဲ့ သဟဇာတ ဖြစ်မနေမှန်း ကောင်းကောင်း သဘောပေါက်ပါတယ်။
နွေဦးတော်လှန်ရေးအစမှာ အခုလိုစွက်ဖက်မှုတွေမပြသသေးပဲ၊ သတိထားစောင့်ကြည့်နေတဲ့အချိန်တွေ ရှိခဲ့တယ်လို့ ယူဆစရာတွေရှိတာ မှန်ပါတယ်။ ပထဝီနိုင်ငံရေးအရအချက်အချာကျတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ရုံမက ထိပ်တန်း ဦးစားပေး BRI စီ မံကိန်းတွေအတွက်လည်း အရေးကြီးတဲ့ မြန်မာလိုနိုင်ငံမျိုးကို ပုံမှန်အခြေအနေမျိုးမှာလည်း အမြဲတမ်းစောင့်ကြည့် လေ့လာနေမှာပါ။
ဒီတော့ စစ်တပ်ရဲ့ စစ်အင်အားကို အချက်အလက် အတိကျနိုင်ဆုံး သိနိုင်မယ့် နိုင်ငံတွေထဲမှာ ထိပ်ဆုံးနေရာမှာ ရှိနိုင်တဲ့တရုတ်တို့အနေနဲ့ ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ အနှေးနဲ့အမြန် လက်လျှော့သွားကြရလိမ့်မယ်လို့ အဲဒီအချိန်က နိုင်ငံတကာ စစ်ရေးသုံးသပ်သူများအကဲခတ်ကြသလိုပဲ မြင်မိကြပါလိမ့်မယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေထဲမှာ စစ်လက်နက်အင်အားအပြည့်စုံဆုံးလို့သတ်မှတ်နိုင်တဲ့ UWSA ရဲ့ အင်အားကိုလည်း အတိအကျနီးပါး သိထားနိုင်တဲ့ တရုတ်နိုင်ငံအနေနဲ့ သက်တမ်းနုနယ်တဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေအပေါ် လျှော့တွက်ပြီး စစ်တပ်နိုင်မယ့် အချိန်ကို စောင့်ကြည့်နေတာကလည်း ဖြစ်နိုင်ချေတခုပါ။
နောက်တချက်ကတော့ EROs တွေနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ပေါင်း စည်း ညီညွတ်နိုင်မှုအပေါ် သံသယ ဝင်နေမိတာလည်း ပါပါလိမ့်မယ်။ ဒီနေရာမှာ သူတို့မြင်တာ တစိတ်တပိုင်း မှန်တယ်လို့ပဲ ပြောရမှာပါ။ တကယ်တော့ အဲဒီစောင့်ကြည့်ကာလတွေဆိုတာက စစ်တပ်ဘယ်တော့လောက်မှာ နိုင်မလဲဆိုတာကို စောင့်ကြည့်တာလို့ ကောက်ချက်ချရမှာပါ။ အခုက သူတို့မထင်မှတ်ပဲ တော်လှန်ရေးဘက်က အသာစီး ဆက်တိုက်ရသွားတာနဲ့ သူ့လူဘက်က ကြားဝင်ပါရသလိုပါပဲ။
လိုအပ်ရင် ပေါ်လစီပြောင်းဖို့ စောင့်ကြည့်ခဲ့တယ်ဆိုရင်၊ NUGနဲ့ အတန်အသင့် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ထားရမှာပါ။ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က အခါအားလျော်စွာ ထုတ်ဖေါ်ပြောကြားချက်တွေအရ ဆိုရင်တော့ ဆက်ဆံရေးလမ်းကြောင်း ဆိုတာက တလမ်းသွားသာသာလို့ပဲ၊ မှတ်ယူရပါလိမ့်မယ်။ဖွင့်ဟပြောဆိုလို့မရတဲ့အရာတွေ ရှိကောင်းရှိနိုင်ပေမယ့်၊ နွေဦးတော်လှန်ရေးအပေါ် အားပေးထောက်ခံတဲ့ ပေါ်လစီအပြောင်းအလဲအရိပ်အယောင်တွေမဟုတ်နိုင်ပဲ၊ သံခင်းတမန်ခင်းဆန်ဆန် အဆင့်နိမ့်ဆက်သွယ်ရေးလမ်းကြောင်း တွေလို့ပဲ ယူဆရပါတယ်။ တကယ်လို့သာ နီးနီးကပ်ကပ် ဆက်ဆံလိုစိတ် ရှိရင်တော့ NUG အမည်ကို ‘အလားဂျစ်’ ဖြစ်တဲ့ တားမြစ်ကန့်သတ်မှုတွေ၊ အခု EROs တွေအပေါ် ပေးနေတဲ့ ဖိအားတွေ တွေ့မြင်လာစရာအ ကြောင်းမရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့သဘောထားတွေဟာ အသစ်အဆန်းတွေမဟုတ်ပါဘူး။ ဥပမာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိပြောကြားခဲ့တဲ့ စည်းသုံးစည်းထဲမှာပါတဲ့ အနောက်နိုင်ငံတွေကို ရည်ညွှန်းတဲ့ ပြင်ပအင်အားစုတွေ ဝင်ရောက်စိမ့်ဝင်စွက်ဖက်မှုကို ခွင့်မပြုဆိုတဲ့အ ချက်ကလည်း ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံခြားရေး ပေါ်လစီရဲ့ အစိတ်အပိုင်းလို့ ပြောလို့ရပါတယ်။

၂၀၁၄ ခုနှစ် မေလ (၂၁-၂၂) ရက်နေ့ ရှန်ဟိုင်းမှာ ပြုလုပ်တဲ့ ‘ The Conference on Interaction and Confidence-Building Measures in Asia’ အစည်းအဝေးမှာ ‘Asia for Asians’ဆိုတဲ့ တရုတ်နိုင်ငံခြားရေးမူဝါဒအတွက် အရေးကြီးတဲ့ အယူအဆကို ‘ရှီကျင့်ဖျင်’က ပထမဆုံး အသုံးပြုပြီး သတင်းစကား ပေးထားခဲ့တာပါ။ဒီအ
ချက်ကို အခြေခံပြီး အဲဒီနှစ် နိုဝင်ဘာလ (၂၀-၂၂)ရက်က ပေကျင်းတွင် ကျင်းပတဲ့ Xiangshan Forum မှာ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Liu Zhenminက အာရှနိုင်ငံများကသာ အာရှဒေသတွင်းလုံခြုံရေးအတွက် အဓိကတာဝန် ရှိတယ်လို့ထပ်လောင်း ပြောကြားထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အနောက်နိုင်ငံတွေကို အာရှမှာ ဝင်မစွက်ဖက်ဖို့ သတိပေးထားတဲ့ တရုတ်နိုင်ငံခြားရေးပေါ်လစီပါ။
ဆယ်စုနှစ်များစွာ ပေါ်ပေါ်ထင်ထင်ရော အတွင်းကျိတ်ပါ ဆက်ဆံလာခဲ့တဲ့ စစ်တပ်ကို ဗဟိုမပြုတော့ပဲ ဖယ်ထုတ်ပြီးစဉ်းစားမလား၊ အနောက်အုပ်စုရဲ့ စံနှုန်းစံထားများကို ပိုတိမ်းညွတ်တဲ့ တော်လှန်ရေးအင်အားစုများနဲ့ ခပ်ဝေးဝေးနေမလား ဆိုတဲ့မေးခွန်းအတွက် တရုတ်နိုင်ငံအနေနဲ့ အစကတည်းက အဖြေရှိပြီးသားလို့ ဆိုနိုင်ပါတယ်။ ဒီနွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် အတွေးအမြင် ပိုမို ရှင်း လင်းပြတ်သားလာမှုတွေ နွေဦးအင်အားစုများထဲမှာ တွေ့မြင်လာရတာကလည်း တရုတ်အစိုးရအတွက် စဉ်းစားစရာ ဖြစ်ခဲ့မယ်လို့လည်း တွေးမိပါတယ်။
ဥပမာ ၂၀၁၉ခုနှစ်နဲ့ ၂၀၂၀ခုနှစ်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အ စည်းအဝေးတွေမှာ အနောက်အုပ်စုက ‘ရှင်းဂျန်’ဒေသရှိ ‘ဝီဂါ’လူမျိုးများ အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ဝေဖန်ရှုတ်ချတဲ့ အဆိုတင်သွင်းရာမှာ NLD အစိုးရက တရုတ်ဘက်က ထောက်ခံပေးခဲ့ပေမယ့်၊ နွေဦးကာလလွန် ဖက်ဒရယ်ပြည်ထောင်စု အစိုးရအနေ နဲ့ NLD အစိုးရလိုတောင် ရပ်တည်ပေးနိုင်ပါ့မလားလို့လည်း တွေးကြနိုင်ပါတယ်။
အာဏာရှင်နိုင်ငံ (သို့မဟုတ်) ဗဟိုအစိုးရထိန်းချုပ်မှု အားကောင်းတဲ့နိုင်ငံတွေနဲ့ ဆက်ဆံရတာ ပိုသဘောကျတဲ့ တရုတ်အစိုးရအနေနဲ့ ၊ သူ့အကျိုးစီးပွါးအတွက် ပြည်ထောင်စုအစိုးရအပြင် အားကောင်းတဲ့ ဖက်ဒရယ်ပြည်နယ်အစိုးရများနဲ့ပါ ဆက်ဆံလာရမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အသွင်အပြင်ကို အားသန်မှာ မဟုတ်ပါဘူး။
ဒီလိုအချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ပုံရပါတယ်။ ဒါ့ကြောင့် NUG အနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံပြောဆိုတာမျိုး အပါအဝင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွါးကို အာမခံမယ့်အကြောင်း သတင်းစကားတွေ နဲ့ နည်းလမ်းရှာ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တာတွေက အရာမထင်ခဲ့ဘူးလို့ ပြောရပါလိမ့်မယ်။
ဧရာဝတီသတင်းဌာနရဲ့ Editorial Talk (၃၀.၈.၂၅)ထဲ ပန်ဆန်းမှာ NUG ရုံးပုံစံမျိုးနဲ့ ဆောင်ရွက်လှုပ်ရှားနိုင်တဲ့ အခြေအနေ ရရှိဖူးတယ်လို့ ပြောကြားတာကို သတိပြုမိပါတယ်။ အဲဒီလိုနေရာကနေ ကြားခံအဆက်အသွယ်တွေကတဆင့် ’ပေကျင်း’ကို အ တတ်နိုင်ဆုံး ချဉ်းကပ်ခဲ့ကြပါလိမ့်မယ်။ ဒါကဥပမာတခု အနေနဲ့ပေးရတာပါ၊ ဘယ် နေရာဒေသကနေပဲ ဖြစ်ဖြစ်၊ ရှိသမျှ အရင်းအမြစ် အဆက်အသွယ်တွေနဲ့ ကြိုးစား ခဲ့ကြမှာပါ။ဒါပေမဲ့ ‘ပေကျင်း’ရဲ့ ထောက်ခံအားပေးမှု ဘယ်သူ့ဘက်မှာဆိုတာအခု စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်မှာ ပိုထင်ရှားလာတာကတော့ အငြင်းပွါးဖို့ မလိုပါဘူး။
လက်တွေ့မှာ အထက်ကဖေါ်ပြခဲ့သလို တရုတ်အစိုးရ အဆက်ဆက်ရဲ့ မြန်မာ့အရေး မူဝါဒက တသမတ်တည်း နှစ်ပေါင်းကြာမြင့်စွာ ရှိခဲ့ပြီးသား ဖြစ်နေတဲ့အပြင်၊ လက် ရှိအနေအထားမှာက ကိုယ်တန်ဖိုးထားတဲ့ ‘စံ’တွေမတူတဲ့ တရုတ်အစိုးရကို စစ်အုပ်စုနဲ့အပြိုင် လိုက်အလျှော့ပေး စည်းရုံးသိမ်းသွင်းဖို့ ဆိုတာက မလွယ်ကူနိုင်သလို၊ လက်တွေ့လည်းမကျဘူးလို့ ယူဆရမှာပါ။
အဆိုးထဲက အကောင်းဆိုသလို ဖြစ်လာနိုင်တာက စစ်ကော်မရှင် အသက်ရှုပေါက် ပိုရ လာတာနဲ့အမျှ၊ လက်စားချေ တုန့်ပြန်မှုတွေ များပြားလာနိုင်တဲ့ အန္တရာယ်ကို EROs တွေဘက်ကလည်း စစ်ရေးအတွေ့အကြုံ ရင့်ကျက်သူများပီပီ တွက်ချက်မိကြမှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းများက KIA , KNU တို့ဘက်က စုစည်းညီညွတ်ဖို့ သတင်းစကားတွေက လက်တွေ့ဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူက မကြာမီ ထွက်ပေါ်လာဖို့ရှိတဲ့ ဖက်ဒရယ် အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အခြေခံဥပဒေ ( Articles of Federal Transitional Arrangement -AFTA)နဲ့ ညီညွတ်ရေး တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ပြောကြားခဲ့တာကိုလည်း သတိထားမိပါတယ်။
တရုတ်အစိုးရ နဲ့ စစ်ကော်မရှင်ကြား ပိုမိုနီးကပ်လာခြင်းဟာ တော်လှန်ပြည်သူများအပေါ် စိတ်ဓါတ်ပိုင်းဆိုင်ရာ သက်ရောက်မှု အနည်းနဲ့အများ ရှိပါတယ်။ ဒီအတွက် နိုင်ငံရေးသဘောတူညီချက်၊စစ်ရေးသဘောတူညီချက်တွေ လျင်လျင်မြန်မြန်ရယူကြပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့က ပိုလိုအပ်လာပြီလို့ ဆိုရမှာပါ။
ထိုနည်းတူစွာပါပဲ၊ NUG ဘက်က အသိပေးထားတဲ့ ပြုပြင်ပြောင်းလဲမှု ဆိုတာကလည်း အရေးကြီးသထက် ပိုအရေးကြီးလာပြီလို့ ယူဆမိပါတယ်။ တွေ့မြင်လာရမယ့် ပြောင်းလဲမှုအသစ်တွေက ပြည်သူလူထု စိတ်အားတက်စရာ ဖြစ်ဖို့လိုသလို၊ ကျစ်လစ်ခိုင်မာစွာနဲ့ ပိုမိုထိရောက်စွာ အကောင်အထည် ဖေါ်ပေးနိုင်မယ့် စုဖွဲ့မှုလို့မြင်နိုင်လက်ခံနိုင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ ပေးထားချက် အကန့်အသတ်တွေအ တွင်းကသာ လုပ်ဆောင်နေရတာ ဆိုပေမယ့်၊ အကောင်းဆုံး စုစည်းပေါ်ထွက်လာနိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။
တဘက်ကလည်း မကြာမီအချိန်များမှာ ကြားသိရမယ့် အိုင်စီစီ ဖမ်းဝရမ်း အလား အလာ၊ အိုင်အယ်လ်အိုရဲ့ Article 33 အရေးယူ ဆုံးဖြတ် ချက်၊ အမေရိကန်နိုင်ငံအောက်လွှတ်တော်မှာ တင်သွင်းထားတဲ့ ဘဏ္ဍာငွေကြေးပိတ်ဆို့ အရေးယူမှု ဥပဒေကြမ်းများ အစရှိတာတွေကလည်း စစ်ကော်မရှင်ဘက်ခြမ်းကို အကျပ်အတည်း တွေ့စေမယ့်အရာတွေဖြစ်ပြီး၊ တော်လှန်ပြည်သူများအတွက်တော့ စိတ်ခွန်အားဖြစ်စရာတွေအနေနဲ့ တွေ့မြင်ကြရမှာပါ။
ချုပ်ပြောရရင် လတ်တလော တရုတ်နိုင်ငံရဲ့ သဘောထား ပိုထင်ရှားလာတဲ့ အပြုအမူတွေက ရှော့ခ် ရလောက်မတတ် အံ့အားသင့်စရာတွေတော့ မဟုတ်ပါဘူး။ ဒီဘူတာကို တနေ့နေ့ တချိန်ချိန် ဆိုက်မှာပဲဆိုတာ မျှော်လင့်ခဲ့ကြပြီးသားလို့ ပြောနိုင်ပါတယ်။တကယ်လို့သာ အာဏာစသိမ်းခဲ့တဲ့ ပထမနေ့မှာပဲ တရုတ်နိုင်ငံဘက်က အာဏာသိမ်းမှုကို လုံးဝထောက်ခံတယ်လို့ ပြောခဲ့စေဦးတော့၊ ဒီနွေဦးတော်လှန်ရေးကြီးက မုချဖြစ်ကိုဖြစ်လာမှာပဲ ဆိုတဲ့အချက်ကို အားလုံးလက်ခံကြမယ်လို့ ယုံကြည်ပါတယ်။ ပြည်သူကသာလျှင် တော်လှန်ရေးကြီးရဲ့ အဓိကမောင်းနှင်အားပါ။
အဲဒီရှုထောင့်ဘက်ကကြည့်ရင် နွေဦးတော်လှန်ရေးကို တရုတ်နိုင်ငံရဲ့ သဘောထားလောက်နဲ့ မဆုံးဖြတ်နိုင်ပဲ၊ စစ်ကျွန်ဘဝကို ဘယ်တော့မှ ပြန်အရောက်မခံချင်ကြတဲ့ ညီညွတ်တဲ့ တော်လှန်ပြည်သူတွေရဲ့ ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ထားမှုများနဲ့သာ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ တထစ်ချမှတ်ယူ နိုင်ကြပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar