ကိုအောင်မှိုင်း - စံပယ်တမ်းချင်း
ကိုအောင်မှိုင်း - စံပယ်တမ်းချင်း
မိုးမခ ၊ အောက်တိုဘာ ၁၃ ၊ ၂၀၂၅
ကဗျာဆရာ
စံပယ်တပင် စိုက်တယ်။
စံပယ်ပန်းလေးပွင့်လာ
မွှေးလိုက်တာ သင်းကြူလို့
သေချာကြည့်လိုက်တော့
စံပယ်ပွင့်လေးမှာ
မျက်ရည်စတွေနဲ့
ကဗျာဆရာမှာလည်း
မျက်ရည်စတွေနဲ့ပေါ့။
မေတ္တာတရားဟာ
ကဗျာဆရာနဲ့ဝေးကွာ
စံပယ်ပွင့်လေးနဲ့ဝေးလာ
စံပယ် ဆိုတာ ပန်းတို့သခင်ပါ။
တကယ်တော့
ကမ္ဘာကြီးဆိုတာ
ချစ်ခြင်းသင်္ကေတပါ ကဗျာဆရာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar