Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ (၃)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ (၃)

မိုးမခ ၊ ဒီဇင်ဘာ ၂၇ ၊ ၂၀၂၅


သဒင်းဇာရှုပ်မှောင်ပွဲအလယ် ‌ငကျွဲလုံး တဖြည်းဖြည်းနဲ့ မျက်လုံးကြီးပြူးသထက် ပြူးလာပြီး မထွေးနိုင်မအန်နိုင် ဖြစ်နေသည်။ လည်ဇလုပ်ကြီး ဖောင်းလာလိုက်၊ ခေါင်းကြီး ယမ်းခါလိုက်၊ ဖင်ကြီးကောက်သွားလိုက်၊ ရင်ကြီး မောက်လာလိုက်နဲ့ အလုံးကြီးက လည်ချောင်းဝမှာ ဒစ်လည်နေပုံရသည်။

အဲသလိုမျိုး သုံးခါလောက် ဒစ်လည်ပြီးနောက် ငေါက်ခနဲ ထွက်လာခဲ့တဲ့အလုံးမှာ "၁၀၂၇" ဟူသတတ်။

ယင်းနောက် ဖာတကာလန်အောင် ဖာဆန်တော့သည်။ ကျားဖြန့်ဟာ မြန်မာက စတာမဟုတ်ဖူး။ (တရုတ်ကလို့ မပြောရဲ) 

မြန်မာလူမျိုးက စတာမဟုတ်ဖူး။ (တရုတ်တွေလို့ မဟရဲ) 

နယ်စပ် အကြမ်းဖက်တပ်‌တွေမှာ အခြေချ။ (သူတို့စစ်တပ် လက်အောက်ခံတပ်က သဒ္ဓမ္မဇောတိကတွေလို့ မဟ) 

သူတို့ ခွင့်ပြု လက်ခံထားတာ မရှိပါတဲ့။ (စစ်တပ်က ကျောပေး၊ ခွင့်ပြု၊ ကော်မရှင်ခယူထားတယ်လို့ မေဒိကန်လွှတ်တော်ရဲ့ပြောကြားချက်ကို မခို့တရို့လေး ဖာကြည့်ကြည့်) 

မဲမသမာမှုကြောင့် အာဏာသိမ်းသတဲ့။(မဲမသမာတာနဲ့ အာဏာသိမ်းတာက ဘုန်းကြီးနဲ့ဘီး၊ ချီးနဲ့နံ့သာ ဘာမှမဆိုင်) 

အဲဒီနောက် EROတွေက ဥပဒေစိုးမိုးရေးပျက်အောင် ဝိုင်းလုပ်တယ်တဲ့။ (သူတို့ မတရားအာဏာသိမ်း၊ မဆိုင်တဲ့နယ်တွေကို အုပ်ချုပ်ပြီး ပြည်သူကို သတ်ဖြတ်ထောင်ချလို့ တော်လှန်ကြတယ် မပြော) 

ကျားဖြန့်မှန်သမျှ နိုင်ဂံခြားသားများလို့ဘဲပြောပြီး ကျားဖြန့်နှိမ်နင်းတယ်ဆိုရင်တော့ တရုတ်နိုင်ဂံ တရုတ်နိုင်ဂံလို့ တရုတ်လုံးကို ခနခနထငုံ။ (လူမဲသလောက် တရုတ်ကြောက်) 

အမယ် ကျားဖြန့်မှာ သူတို့အစိုးရအဖွဲ့ရယ်၊ ပြည်နယ်အစိုးရအဖွဲ့ရယ်၊ ပြည်နယ်စစ်ဗိုလ်တွေရယ် ပါဝင်ပတ်သက်မှုရှိလို့ အရေးယူထားတယ်ပြောပြီးကာမှ ကျားဖြန့်လုပ်ငန်းတွေရှိနေတာ ဘယ်တုန်းကမှ မသိခဲ့သယောင်ကလဲ သူ့မျက်နှာကြီးနဲ့ ဘယ်လိုဟန်ဆောင်ဖာဆန်လို့ ဖာဆန်တတ်မှန်းမသိ၊ ဖာသက်ရင့်တာကို ပီဘိအသစ်ကလေးလို ဖြစ်ပြတတ်သေးတာ။

ငကျွဲလုံးက ကရင်အတွက် စိုင်းကျော်လှနာမည်ကိုထုတ်သုံး။ (အဲကောင် မဲပေါက်မယ့်ကောင်၊ ဒေတာတွေ မေဒိကန်ဆီ ပို့ထားလိုက်တော့ငစိုင်း၊ မဟုတ်ရင် မင်း ကျော်တော့ကျော်မယ်၊ လှမှာတော့မဟုတ်)(KNUကို ဆွဲစိနေတော့ ကွယ်ထူးဝင်းတို့ ရှင်းရမယ့်ဟာလဲရှိ) 

မတောက်တခေါက် ပြန်လွှဲတာတောင် ကျားကောင် ခုနစ်သောင်းကျော်လို့ ပြောတော့ ခုလို မြဝတီကျားဖြန့်ဆိုက်တခုလုံးဆို သုံးသိန်းအထက်ရှိနိုင်။ ရေသောက်မြစ်မကျန်အောင် ဖြုတ်မယ်ဆိုတာကတော့ ကျွဲကုန်း မဲလုံး မျိုနေကျအလုံး။ (တုန်တုန်ဆတ်ဆတ် ဂတ်ဂတ်မြည်အောင် မျိုမျိုချ) 

ငကျွဲလုံးက တရုတ်ငကျားတွေကို တရက်တသောင်းခွဲနှုံးနဲ့ကျွေးထားတယ်ဆိုပြီး တရုတ်ကြီးကို ပလီချွဲ။ (အရည်ရွှဲ) 

အစိုးရအပေါ် (စောရအပေါ်) လူထုရဲ့ ယုံကြည်မှု (အဟိ) ထိခိုက်စေပါတယ်။(များဘီ) 

နိုင်ငံရဲ့ တည်ငြိမ်မှု၊ ဂုဏ်သဒင်းဒဲ့။ (ဂုဏ်နဲ့ တပ်နဲ့ မဆိုင်တာ ငမြိုင်ရာ) 

နိုး စက်ကင်း ချန့်တဲ့၊ (ပထမဟာကတော့ ဘယ်သူမှ မသိလိုက်လို့ ကြိုက်သလိုကစ်လို့ရတယ်ပေါ့) 

လူမိသွားတဲ့နောက်တော့ ဖျောက်ဖျက်ကြပေါ့။(ကာကွယ်ရေးလုပ်လို့ မရတော့ဘူးယေ) 

တရုတ်နဲ့ ပူးပေါင်းပြီး ဘူးတောင်းလွယ်မယ်တဲ့။ အမှုန့်ချေပစ်ပြီး သက်သေမဖျောက်ဘူးပြော။ သူခိုးအုပ်စုကမြန်း ဖာပါးစပ်နဲ့ နည်းနည်းလိမ်လိမ် များများလိမ်လိမ် ဇီးရိုးတောလရင့်ပေါ်လစီဆိုလား။ (ခွေးသား ဝက်စကား ပြောသွား)


ဖာချွဲချွဲ

ကျားဖြန့်နဲ့ပတ်သက်ပြီး KNU ကို ထိုင်းနိုင်ငံက ဆက်ဆံခြင်းမပြုရေး ဖိအားပေးဖို့ ပေပေတရုတ်ကြီးကို မိနွဲ့လှိုင် ချွဲ။

(ကိုယ့်ဘာသာ ပက်ပုန်းသွား ဖျင်လေးလှုပ်လိုက်၊ ပြီးတာဘဲကို၊ ထိုင်းက KNUဆီကရတဲ့သက်သေတွေ သီးသန့်လက်ခံလို့မရအောင် ထိုင်း တရုတ် မြန်မာတာ့ဖို့စ် ဖွဲ့ခိုင်းနေတယ်၊ ဟိုက မေဒိကန်ဒါရိုက်အပ်လိုက်မှ)


ဖာကြာပစ်

KNU က ထိုင်းကို လက်နက်ကြီးတွေနဲ့ တမင်ပစ်တယ်လို့ မိကျွဲလုံး ဖင်လေး လှုပ်ခါကြာပစ်။

(မိကျွဲဖင် ခွေးနမ်း သေးပန်းသွား)


ဆယ်ပြားလို

သဒင်းဇာရှုပ်ထုတ်ပွဲမှာ သူတို့ကို ပေမမှီ ဒေါက််မမှီ ကျပ်မပြည့်အဖွဲ့ ထင်‌နေလားလို့ မေးသလိုလိုနဲ့ ငကျွဲလုံးဂ နိုင်ဂံဒဂါကို အလွတ်ကြီး ထကြော်ညာ။

(ဖာပုဂို သက်သက်ထည့်ဒါဆိုပြီး ကြူမ တင်း၊ ဟင် ဟင်း)


ဖာလမ်း

မြဝတီ၊ မယ်ထော်သလေးဒေသ KK Park ထဲကွန်ကရစ်လမ်းမကြီးဖောက်လုပ်ပေးမယ်လို့ မာမီဂိတ်ကျော် ကျောက်ဖြာရွာမှ မင်းလက်ပံကျေးရွာထိ မယ်ထော်သလေး၊ အင်ကြင်းမြိုင်ကျေးရွာများကိုဖြတ်ကာ ဆောက်လုပ်ပေးမယ် ပြောဆိုထားပြီး KK Park စီနင်းမခံရမီ တလခန့်အလို ဆောက်လုပ်ပေးနေခဲ့ရာမှ ကျားဖြန့်ဆိုက်များ စီးနင်းခံရပြီးနောက် ဆက်မလုပ်တော့။ လမ်းတဖက်တည်းကို တဆက်တည်းခင်းပေးခြင်းမဟုတ်ဘဲ လမ်းဝဲ ယာ တဖက်တချက်ကို ၁ ဖာလုံ၊ ၂ ဖာလုံအရှည်စသဖြင့် အပိုင်းပိုင်း ခင်းထားရာ ခြေတဖက်ထောက် ဖန်ခုန်သလို တဖက်စီခုန်နေရလို့ အဆင်မပြေတော့။

''BGF က ပြန်ခင်းပေးမှာလား၊ ပြည်သူတွေက ကိုယ့်ဘာသာ ကိုယ်ခင်းရမှာလား၊ ဒါမှမဟုတ်ရွေးကောက်ပွဲက ပါတီတွေ အမတ်တွေကို အားကိုးရမှာလား'' လို့ မယ်ထော်သလေး ဒေသခံတဦးက မေးခွန်းထုတ်။

အဲဒီလမ်းပိုင်းပြီးစီးမှု ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး လမ်းဖောက်လုပ်နေတဲ့အဖွဲ့တွေ၊ စက်ယန္တရားတွေရော ကျောက်ပုံ၊ သဲပုံတွေရော ကျားဖြန့်လုပ်မယ့်နေရာသစ် သာ သစ်ကတေဘက်ရွှေ့ပြောင်း လုပ်ဆောင်နေ။

(ကွန်ကရစ်လမ်းမှ ကျားဘိသို့)


တရုတ် စစ်တပ်နဲ့ DKBA တို့ သရီးဆန်းတမျိုး

ဘုရားသုံးဆူမှာ ကျားဖြန့်တရုတ် ထောင်ချီ ရောက်လာပြီး DKBA စခန်းတွေမှာ ခိုလှုံ၊ နယ်မြေခံစစ်တပ်က လိုင်းကြေးနဲ့ ဂိတ်ကြေး ကောက်ယူပြီး ကျားဖြန့် တရုတ်များကို ကူညီပေး။ တရုတ် ၁ ဦးကို ထိုင်းဘတ် ၅ သောင်းခွဲအထိ သယ်ယူပို့ဆောင်ခ စျေးပေါက်။

"မြ၀တီဘက်က ကျားဖြန့် တရုတ်တွေ ပြေးလာကြတာ။ ပြေးတာဆိုတာက စစ်တပ်နဲ့ DKBA ပေါင်းသယ်ကြတာ။ ခန့်မှန်းခြေဆိုရင် ကျားဖြန့် တရုတ် ၄ ထောင်လောက်ရှိမယ် ထင်တယ်။ အခုတော့ DKBA ဗိုလ်အေဝမ်းရဲ့ ရေတံခွန် စခန်းဗျူဟာရုံးနဲ့  စခန်း ၉ ခုမှာ ထားထားတယ်။ နောက်ပြီး ဗိုလ်အေဝမ်း တပည့် နေလတို့အဖွဲ့ကလည်း ကျားဖြန့်တရုတ် ၁၀၀၀ လောက်ကို ခေါ်သွင်းလာတယ်" လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြ။

(တပ်ရယ် အငတ်ရယ် အပြတ်ရယ်၊ မတော်ရယ် လအော်ရယ်)


စိုးစမာနဉာဏ်

အရိုးအရင်း သမတဲ့ စိုးဝင်းက မင်္ဂလာဒုံ စစ်သူနာပြုသင်တန်းဆင်းပွဲ တက်ရောက်ပြီး မင်္ဂလာဒုံ ခုတင် ၅၀၀ အရိုးစစ်ဆေးရုံ၊ ခုတင် ၁၀၀၀ အထူးစစ်ဆေးရုံနဲ့ လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာတို့ကို သွားရောက်စစ်ဆေးပြီး သိပ်ဖာမဆန်ကြဖို့ ညွှန်ကြား။

စိုးဝင်း စစ်သူနာပြုသင်တန်းဆင်းပွဲလာတက်၊ ဆေးရုံ‌တွေဘက်လှည့်ချိန် မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာ Anti Drone-Guard နဲ့ Jammer စက်ကြီးတွေချပြီး ဖုန်းနဲ့အင်တာနက် လိုင်းပိတ်။

(ပိုင်းရိတ်စိုးဝင်း ဂိုမသွင်း ရိုးရင်းလေသာ ကိုက်တတ်သူ၊ ဒီလဒူကြောက်ချီးပမ်း လေယဉ်အတက်အဆင်း အကုန်ဂျမ်းဖြစ်)


သရီးအင်ဝမ်းမှသည် သရီဆန်းသို့

ယာယီသမ္မတ၊ ကာချုပ်၊ စောက်ကောင်မအုက်ကြီးလို့  ရာထူးကြီး ၃ ခုကို ရယူထားပေမယ့်လဲ လစာတမျိုးထဲသာ ယူတယ်လို့ မအလက တပ်တွင်းမှာ ကပ်သွင်း။

လက်ရှိ နိုင်ငံတော်အတွက် တာဝန်တွေ ဆက်ယူဖို့လဲ  ဆန္ဒရှိလို့ ဟောင်သံပေး။

သားအောင်ပြည့်စုံက ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf၊ Aung Myint Mo Min Insurance Company ၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited ဆိုပြီး အမည်ပေါင်းစုံနဲ့ အထူးလုပ်ပိုင်ခွင့်ရ ကုမ္ပဏီတွေထောင်ထား။ သမီးလှည့်ဖန်သမျှတွေ မမှတ်နိုင်အောင်များနေလို့ မထည့်တော့။ ကြူမသားတွေက သတ်သတ်။

(ကြူမသားနဲ့ သမီကြီးမောင်လေး သားလေးရဲ့အဆင်တို့ တယောက်ထဲဖြစ် )


လိင်တူ

သူရိယနေဝန်းဂျာနယ် မိုးဟိန်းက ရွေးကောက်ပွဲအလွန် သရေကြိုးရဲ့ နိုင်ငံရေးအကန်းကန်ချ အဲလေ အခန်းကဏ္ဍ ဘယ်လိုရှိမလဲအတိုင်လုပ်တော့ ဖြူလုံးက မင်သားလုပ်ချင်လို့ ဇာတ်ထောင်ပါတယ်လို့ဆိုကာ  ဖောက်။

(အဲသမှာ မအလက တဆတ်ဆတ်နဲ့၊ တုန်နေတာပြောပါတယ်)

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ (၂) 


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar