Breaking News

ကျော်မင်းထွန်း(NEW YORK) - ဇန်နဝါရီ (၁)ရက်

Art- Than Htay Maung

 ဇန်နဝါရီ (၁)ရက်
ကျော်မင်းထွန်း(NEW YORK)

(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၂


အစဉ်အလာမပျက်
မင်္ဂလာမနက်မှာ
Happy New Year လို့ နှုတ်ဆက်
ဇန်နဝါရီ (၁)ရက် ရောက်ပြန်ပြီ။

ခေါက်ရိုးကျ တနှစ်တခါနှုတ်ဆက်ရင်း
လက်ကျန်စာရင်းမှာ တဖြုတ်ဖြုတ်နဲ့
နှုတ်နှုတ်သွားတဲ့ မွေးနေ့တွေလို…

လေအသော့မှာ
တနော့နော့နဲ့ အသေအပျောက်များလာတဲ့
သစ်ရွက်တွေလို…

မောပန်းတကြီးရောက်လာတဲ့ နှင်းတွေ
နောက်ကနေ တကောက်ကောက်
တစက်ပြီးတစက် ခုန်ပေါက်လို့။

ဆောင်းအခါ အေးလွန်းတဲ့အခါ
ရေခဲဖို့ကလွယ်ပြီး နှင်းကျဖို့ကမလွယ်၊
မလွယ်တဲ့ နှင်းအကြောင်းကို
ကဗျာဖွဲ့ဖို့က မလွယ်၊
အဲ့ဒီမလွယ်တဲ့နှင်းရဲ့ ကဗျာဆရာဖြစ်ဖို့က
ပိုမလွယ်ပြန်ဘူး။

နှစ်သစ်မှာ နှင်းကိုကြို
ဟိုလိုလို ဒီလိုလိုနဲ့
လူပိုတယောက်ဖြစ်နေလား
အလဲလဲ အပြိုပြိုနဲ့
လူပြိုတယောက်ဖြစ်နေလား
နှင်းထဲမှာ ခင်ဗျား ...
ကဗျာဆရာတယောက်ရောဖြစ်နေလား။     ။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar