ဇင်လင်း - ဘီဘီစီဝါရင့် သတင်းထောက် ဂျွန် ဆင်မ်ဆန် ရဲ့ ၂၀၂၅-၂၆ ကမ္ဘာ့ နိုင်ငံရေး ဆန်းစစ်ချက်

(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၆
စစ်ပွဲပေါင်း ၄၀ သတင်းထောက်အတွေ့အကြုံရှိသူအနေနဲ့ ပြောရရင် ၂၀၂၅ ခုနှစ်စစ်ပွဲတွေဟာ အဆိုးဆုံးပါပဲ။ (John Simpson)
ကျွန်တော်ဟာ ၁၉၆၀ ခုနှစ်များကစတင်ပြီး သတင်းထောက်အဖြစ် စစ်ပွဲပေါင်း(၄၀)ကျော်ရဲ့ စစ်မြေပြင်တွေဆီ သွားရောက်ပြီး သတင်းတွေရယူ ပေးပို့ခဲ့သူ ဖြစ်ပါတယ်။ စစ်အေးခေတ်ရဲ့ ပဋိပက္ခတွေ အမြင့်မားဆုံး ဖြစ်ပွားနေချိန်တုံးက လည်း ကျွန်တော် စောင့်ကြည့်သတင်းယူခဲ့ဖူးပါတယ်။ စစ်အေးခေတ်တိုက်ပွဲတွေဟာ ထင်သလောက်မဆိုးခဲ့ပါဘူး။ နောက် ဆုံးကျတော့ တင်းမာမှုတွေ လျော့ကျပြီးပျောက်ကွယ်သွားခဲ့တာ များပါတယ်။ ဒါပေမယ့်အခု ၂၀၂၅ ခုနှစ်ရဲ့ အခြေအနေတွေ ကတော့ ကျွန်တော် ကြုံခဲ့ဖူးသမျှ နှစ်တွေအနက်မှာ စိုးရိမ်ပူပန်စရာ အကောင်းဆုံးနှစ်ပါပဲ။ အဓိကကျတဲ့ စစ်ပွဲကြီးတွေ အများအပြား ပြင်းပြင်းထန်ထန် စစ်ရှိန်မြင့်နေတာကြောင့်ချည်း မဟုတ်ပါဘူး။ အဲဒီစစ်ပွဲတွေအနက်က တခုမဟုတ် တခု ဟာ ပထဝီနိုင်ငံရေးအရ နက်နဲရှုပ်ထွေးရုံမက နှိုင်းယှဉ်ပြစရာမရှိအောင် အရေးကြီးတဲ့အခြေအနေမျိုး ဖြစ်လာနေကြောင်း ထင်ရှားသည်ထက် ထင်ရှား လာနေလို့ဖြစ်တယ်။
ယူကရိန်း သမ္မတ ‘ဗိုလိုဒီမြာ ဇလန်းစကီး’ က လက်ရှိ ရုရှား-ယူကရိန်းစစ်ပွဲဟာ ကမ္ဘာ့စစ်ပွဲကြီးတခုအဖြစ် ကျယ် ပြန့်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ကျွန်တော်ရဲ့ နှစ်ပေါင်း ၆၀ သတင်းထောက်အတွေ့အကြုံအရ ‘ဇလန်းစကီး’ ပြောတာ မှန်တယ်လို့ စိုးရိမ်ထိတ်လန့်တဲ့ ခံစားမှုတခု ဖြစ်မိပါတယ်။
‘နေတိုးမဟာမိတ်’ အဖွဲ့ဝင်နိုင်ငံ အစိုးရတွေအကြားမှာ ပင်လယ်ရေအောက် ဆက်သွယ်ရေးကြိုးတွေကို ရုရှားနိုင်ငံ က ဖြတ်တောက်ပစ်နိုင်တဲ့အတွက် အထူးဂရုစိုက် စောင့်ကြည့်ကြဖို့ တပ်လှန့်နှိုးဆော်ထားတယ်။ အဲဒီ ပင်လယ် ရေအောက် အီလက်ထရောနစ်ဆက်သွယ်ရေးကွန်ရက်ကြိုးတွေဟာ အနောက်ဥရောပနိုင်ငံများအဖို့ အရေးကြီးတဲ့ သတင်း ချိတ်ဆက် ရေးလမ်းကြောင်းတွေဖြစ်ပါတယ်။ ရုရှားဒရုန်းတွေကလည်း ‘နေတိုးမဟာမိတ်’ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေး စွမ်းရည် ကို ကြိမ်ဖန်များစွာ ချဉ်းကပ် စမ်းသပ်နေတယ်။ ‘နေတိုး’နိုင်ငံတွေရဲ့ ဝန်ကြီးရုံးတွေ၊ လောင်စာစွမ်းအင်ဆိုင်ရာ လုပ်ငန်ကြီး တွေနဲ့ ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ အရေးကြီးလုပ်ငန်းအဖွဲ့အစည်းကြီးတွေကို ရုရှားဟက်ကာတွေကလည်း ထိုးဖေါက် ဝင်ရောက်ဖို့ ကြိုးပမ်းနေတာလည်း ရှိနေတယ်။
ဒီ့အပြင် အနောက်ဥရေပနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေထိုင်သူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ရုရှားက စေလွှတ်ထားတဲ့ လျှို့ဝှက်သူလျှိုတွေလည်း ရှိနေကြောင်း ဥရောပအစိုးရတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ၂၀၁၈ ခုနှစ်က ‘ဆာလစ်ဘူရီ’ မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားထောက်လှမ်းရေးအေးဂျင့် ‘ဆာဂေ စကရစ်ပယ်’ (Sergei Skrypal)ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုနဲ့ ဒေသခံ အမျိုးသမီး ‘ဒေါင်စတားဂက်စ်’(Dawn Sturgess) အဆိပ်ခတ်သတ်ဖြတ်ခံရမှုတွေဟာ ရုရှားအဆင့်မြင့်အာရှိကြီးတွေရဲ့ ခိုင်းစေချက်ဖြစ်တယ်လို့ဆိုတယ်။ ပူတင်ကိုယ်တိုင်ရဲ့ အတည်ပြုချက်အရလို့ဆိုတယ်။
မတူခြားနားတဲ့ အခြေအနေနဲ့ အချိန်ကာလ
၂၀၂၅ ခုနှစ်မှာ မတူကွဲပြားတဲ့ စစ်ပွဲ (၃)ပွဲ ဖြစ်ပွားနေပါတယ်။ ယူကရိန်းစစ်ပွဲလည်း အပါအဝင်ပေါ့။ ကုလသမဂ္ဂ အဆိုအရ ယူကရိန်းစစ်မှာ အရပ်သူ အရပ်သား (၁၄,၀၀၀) သေဆုံးပြီဖြစ်တယ်။
၂၀၂၃ အောက်တိုဘာ (၇)ရက်နေ့က ‘ဟားမတ်စ်အဖွဲ့’ က အစ္စရေးလ်ကို တိုက်ခိုက်ခဲ့ ရာမှာ ၁,၂၀၀ လောက် သေ ဆုံးခဲ့ရပြီး (၂၅၁) ဒါးစာခံအဖြစ်ဖမ်းဆီးခံခဲ့ရတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် ‘နေတန်ယာဟု’ က အကြီးအကျယ် လက်စားချေ သတ်ဖြတ်မယ်လို့ ပြောခဲ့ပြီး အစ္စရေးလ်စစ်တပ်က ဂါဇာမှာ ပါလက်စတိုင်းလူမျိုး (၇၀,၀၀၀)ကျော်ကို သတ်ဖြတ်ခဲ့တယ်။ သတ်ဖြတ်ခံရသူတွေအတက်က (၃၀,၀၀၀)လောက်က အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်တယ်လို့ ဂါဇာဒေသ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုတယ်။ အဲဒီ အချက်အလက်ကို ကုလသမဂ္ဂကလည်း အတည်ပြုထားတယ်။
တချိန်တည်းမှာ ဆူဒန်နိုင်ငံအတွင်း အကြမ်းဖက် စစ်အုပ်စု ၂-ခုအကြား ပြည်တွင်းစစ်ဖြစ်ပွာနေတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း ဆူဒန်ပြည်သူ (၁၅၀,၀၀၀) ကျော် သေဆုံးခဲ့ကြရပြီဖြစ်တယ်။ ဆူဒန်ပြည်သူ (၁၂ သန်း) ခန့်ဟာ မိမိတို့ အိမ်ယာတွေကို စွန့်လွှတ်ထွက်ပြေး စစ်ရှောင်နေကြရတယ်။ ၂၀၂၅ မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲက ဆူဒန်စစ်တခုထဲဆိုရင်တော့ နိုင်ငံတကာက ဝိုင်ဝန်းဖြေရှင်းပေးခဲ့ကြရင် စစ်ရပ်စဲသွားဖို့ ဖြစ်နိုင်စရာတော့ရှိတာပေါ့။ ဒါပေမယ့် ပြဿနာက တခုထဲ မဟုတ်ဘူးဆိုတော့ ဖြေရှင်းလို့ မရဘူးပေါ့။
“စစ်ပွဲတွေရပ်အောင် လုပ်တဲ့နေရာမှာ ကျွန်တော်က ကျွမ်းကျင်ပါတယ်။” လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ဆိုတယ်။ ထရမ့်က သူ့လေယာဉ်နဲ့ အစ္စရေးလ်ကို ရောက်သွားတယ်။ ဂါဇာစစ်ပွဲ ရပ်သွားအောင် သမ္မတ ထရမ့် ညှိနှိုင်းခဲ့ တာလည်း ဟုတ်ပါတယ်။ သူ့ညှိနှိုင်းပေးမှုကြောင့် ဂါဇာမှာ လူအသေအပျောက်တော့ နည်းသွားပါတယ်။ ဒါပေမယ့် ဂါဇာ ပြဿနာကို လုံးဝဖြေရှင်းပေနိုင်တာတော့ မဟုတ်ပါဘူး။
ဂါဇာစစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှာ တုန်လှုပ်ခြောက်ခြား ဒုက္ခခံစားခဲ့ကြရတယ်။ သို့ပေမယ့် ယူကရိန်းစစ်ပွဲ ကရော ဂါဇာနဲ့မတူ ခြားနားသလားလို့ ပြောလို့ရသလားဆိုတော့ မရပါဘူး။ တုန်လှုပ်ခြောက်ခြားစရာ ဒုက္ခခံစားခဲ့ကြရ တာချင်း အတူတူပါပဲ။ “စစ်အေးခေတ်”တုံးက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတော်များများ ကျွန်တော် သတင်းယူခဲ့ရဖူးပါတယ်။ အကန့်အသတ်နဲ့ဖြစ်တဲ့ စစ်ပွဲကလေးတွေပါ။ ကြောက်စရာကောင်းတယ်၊ အန္တရာယ်များတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးတခုလုံးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့အထိတော့ မပြင်းထန်ခဲ့ပါဘူး။ ဗီယက်နမ်စစ်၊ ပင်လယ်ကွေ့ စစ်၊ ကိုဆိုဗိုစစ် အစရှိတဲ့စစ်ပွဲတွေဟာ အတိုင်းအတာတခုအထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာမှန်ပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့အထိတော့ မဖြစ်ခဲ့ကြပါဘူး။
အင်အားကြီးနိုင်ငံတွေအနေနဲ့ ဒေသဆိုင်ရာ သမားရိုးကျ ကန့်သတ်စစ်ပွဲတွေကနေတဆင့် နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာမယ့်အရေးကို အလွန်စိုးရိမ်ပူပန်မှုရှိခဲ့ကြတယ်။
“ကျွန်တော့်အနေနဲ့ တတိယကမ္ဘာစစ်ကြီးဖြစ်ပွားအောင် စတင်လုပ်ဆောင်သူ အဖြစ်မခံနိုင်ပါဘူး။” လို့ ဗြတိသျှ ဗိုလ်ချုပ်ကြီး ‘ဆာ မိုက်ဂျက်ဆန်’ က ၁၉၉၉ ကိုဆိုဗိုစစ်ပွဲအတွင်းတုံးမှာ သူ့ရေဒီယိုစကားပြောစက်ကနေ အော်ဟစ်ပြီး ပြောခဲ့ဖူးတယ်။ အဲဒီတုံးက ရုရှားတပ်တွေက ပရစ္စတီနာမြို့ (Pristina) လေယာဉ်ကွင်းကို လက်ဦးမှုယူ သိမ်းပိုက်ထားတယ်။ နေတိုးအဖွဲ့စစ်ဦးစီးအရာရှိက ဗြိတိသျှနဲ့ ပြင်သစ်တပ်တွေအနေနဲ့ ပရစ္စတီနာမြို့ လေယာဉ်ကွင်းကို ရုရှးထံကနေ တိုက်ခိုက် သိမ်းယူဖို့ အမိန့်ပေးခဲ့တယ်။ ဒါကို ဗြတိသျှဗိုလ်ချုပ်ကြီးက ငြင်းပယ်ခဲ့တာဖြစ်တယ်။
အခုလာမယ့် ၂၀၂၆ မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ဥရောပအရေးကိစ္စတွေအပေါ် သိပ်စိတ်ဝင်စားမှု မပြတဲ့အနေအထားကို ရုရှားက အခွင့်ကောင်းယူပြီး သူ့သြဇာနယ်ပယ်ကို ချဲ့ထွင်ဖို့ ကြံစည်နေတာ တွေ့ရတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်တုံးက ရုရှားအနေနဲ့ ဥရောပနိုင်င့တွေနဲ့ စစ်ခင်းဖို့ ပြင်ဆင်ထားတာမျိုးမရှိဘူးလို့ သမ္မတပူတင်က ပြောဖူးတယ်။ ဒါပေမယ့် အခုကျတော့ အကယ်၍ ဥရောပက ရုရှားကို စစ်တိုက်လိုတဲ့သဘောရှိခဲ့ရင် ရုရှားအနေနဲ့လည်း တိုက်ဖို့ အသင့်ပဲလို့ ပြောလာပြန်တယ်။
“ဥရောပအနေနဲ့ ရုရှားကို လေးလေးစားစား ဆက်ဆံမယ်ဆိုရင် ရုရှားအနေနဲ့ ဥရောပကို တိုက်ခိုက်တာမျိုး ရှိမလာနိုင်ပါဘူး။ ကျွန်တော်တို့က ဥရောပရဲ့ အကျိုးစီးပွားတွေကို အစဉ်အမြဲ လေးစားသလို၊ ကျွန်တော်တို့ရဲ့ အကျိုး စီးပွားကိုလည်း ဥရောပက လေးစားမယ်ဆိုရင် စစ်ပွဲတွေ ဖြစ်မလာနိုင်ပါဘူး” လို့ ရုပ်မြင်သံကြားကနေ သမ္မတပူတင်က ပြောခဲ့ဖူးတာ ရှိပါတယ်။
အဲဒီလို ပြောခဲ့ဖူးပေမယ့် ကမ္ဘာ့အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှားဟာ ဥရောပရဲ့ လွတ်လပ်တဲ့နိုင်ငံတခုကို ကျူးကျော်တိုက်ခိုက်နေပါပြီ။ အကျိုးဆက်အနေနဲ့ အလွန်ကြီးမားတဲ့ အရပ်ဖက် စစ်ဖက်က အသက်ပေါင်းများစွာ သေဆုံး ခဲ့ကြရပြီဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံက ကလေးသူငယ်ပေါင်း (၂၀,၀၀၀) ခန့်ကိုလည်း ရုရှားက အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ယူကရိန်ဘက်က စွပ်စွဲပြောဆိုထားတာလည်းတွေ့ရတယ်။ အဲဒီကိစ္စနဲ့ ဆက်စပ်ပတ်သက်မှုအတွက် နိုင်ငံတကာရာဇဝတ်တရား ရုံး (ICC) က ရုရှားသမ္မတပူတင်ကို ဖမ်းဆီးဖို့အမိန့်ထုတ်ထားခဲ့တာဖြစ်တယ်။ ရုရှားဘက်က တော့ ထုံးစံအတိုင်း မပတ်သက်ဘူးလို့ ငြင်းဆိုနေတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရတာဟာ နေတိုးရဲ့ သြဇာနယ်ပယ် ချဲ့ထွင်လာမှုကို ကာကွယ်ဖို့ဖြစ် တယ်လို့ ဆင်ခြေပေးခဲ့တယ်။ တဖက်မှာတော့ ရုရှားသမ္မတပူတင်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဒေသအတွင်း ရုရှားရဲ့ သြဇာ လွှမ်းမိုးမှု နယ်နိမိတ်ကို တည်တန့်ခိုင်မြဲစေဖို့ ယူကရိန်းကိုကျူးကျော်ခဲ့တာဖြစ်တယ်လို့ဆိုတယ်။
ရုရှားအတွက် အခွင့်အရေးဖြစ်လာနေသလား
သမ္မတပူတင်ရဲ့ စဉ်းစားချက်က အမေရိကန်အနေနဲ့ ဥရောပအရေးကိစ္စနဲ့ ပတ်သက်လို့ စဉ်းစားခြင်းဟာ ဒီ ၂၀၂၅ ခုနှစ်ဟာ နောက်ဆုံးနှစ်ပဲလို့ ဆိုတယ်။ အမေရိကန် သမ္မတ တဦးအနေနဲ့ ဥရောပနိုင်ငံတခုအတွက် မဟာဗျူးဟာကျကျ စဉ်းစားပေးတယ်ဆိုတာမျိုး ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ မရှိသလောပ်ပဲလို့ ပူတင်ကဆိုတယ်။
လက်ရှိအခြေအနေမှာ ဝါရှင်တန်အစိုးရအနေနဲ့ ဥရောပကို ကာကွယ်စောင့်ရှောက်ဖို့ သင့်/မသင့် ဆုံးဖြတ်ချက် ချဖို့ ဇဝေဇဝါ ဖြစ်နေပုံရပါတယ်။ ဥရောပအနေနဲ့ ‘လူ့အဖွဲ့အစည်းယဉ်ကျေးမှုဆိုင်ရာအမြင် ဖျက်သိမ်းရေး’ ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း သမ္မတ ထရမ့်အစိုးရရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာအသစ် အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရတယ်။ ရုရှားကရင်မလင်အစိုးရက အဆိုပါ အစီရင်ခံစာပါ အယူအဆဟာ ရုရှားနိုင်ငံရဲ့ အမြင်နဲ့ သဟဇာတဖြစ်တဲ့ အတွက် ကြိုဆိုတယ်လို့ ဆိုတယ်။
ရုရှားနိုင်ငံအတွင်းမှာတော့ သမ္မတပူတင်ဟာ ပြည်တွင်းအတိုက်အခံတွေနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်တယ်။ ယူကရိန်းစစ်ပွဲအကြောင်းလည်း ဖွင့်မပြောဘဲ နှုတ်ဆိတ်နေတယ်လို့ ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး စောင့် ကြည့်တဲ့ ကိုယ်စားလှယ်က ဆိုတယ်။ ဒါပေမယ့် သူ့မှာလည်း သူ့ပြဿနာတွေနဲ့ သူ ရင်ဆိုင်နေရတာပါပဲ။ ငွေကြေးဖေါင်းပွမှု နှုန်းက ထိုးတက်နေဆဲဖြစ်တယ်။ ရေနန်ထုတ်လုပ်မှုက ရရှိတဲ့ အခွန်ငွေက ကျဆင်းလာနေတယ်။ စစ်စရိတ် ကာမိဖို့အတွက် ပြည်သူတွေအပေါ်မှာ အခွန်အကောက်တွေ တိုးကောက်နေရတယ်။
ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးအင်အားက ရုရှားထက် (၁၀)ဆ သာတယ်။ ဗြိတိန်ကို ထည့်တွက်လိုက်ရင် ဆယ်ဆ ထက်မက စီးပွားရေးအင်အား ပိုကောင်းတယ်။ ဥရောပတခုလုံးရဲ့ လူဦးရေက သန်း၄၅၀ ရှိတယ်။ ရုရှားလူဦးရေက ၁၄၅ သန်း ပဲ ရှိတယ်။ အချိုးအစားအရ သုံးဆကွာတယ်။ လက်ရှိအနေအထားအထိ ဥရောပရဲ့ ကာကွယ်ရေးစရိတ်တချို့ကို အမေရိကန်က ကျခံပေးနေတယ်။ ဒါကြောင့် အမေရိကန်ရဲ့ အထောက်အပံ့ ရပ်သွားမှာကို ၌ရောပက စိုးရိမ်နေရတယ်။ အခုအထိတော့ အမေရိကန်က ကာကွယ်ရေးအသုံးစရိတ်တချို့ကျခံပေးနေဆဲဖြစ်ပြီး အဲဒီအခြေအနေ ဆက်ပြီးတည်မြဲနေ အောင် ဥရောပက ကာကွယ်ရေးစရိတ်အတွက် အမေရိကန်ကို ချော့ပေါင်းနေရတယ်။
ကျွန်တော့် သတင်းထောက် သက်တမ်းတလျောက်လုံး အတွေ့အကြုံအရ အရင်တုံးကအမေရိကန်နဲ့ အခု သမ္မတ ထရမ့်ခေတ် အမေရိကန်တို့ရဲ့ အခြေအနေဟာ သိသိသာသာကြီးကို ကွာခြားသွားတာတွေ့ရတယ်။ ၁၉၂၀ နဲ့ ၁၉၃၀ နှစ်တွေ တုံးက အမေရိကန်အစိုးရတွေနဲ့ သိပ်တူနေတယ်။ ကိုယ့်နိုင်ငံအရေးပဲ ကိုယ် အာရုံစိုက်မယ်၊ ကိုယ့် အမျိုးသားအကျိုးစီးပွား ပဲ ကိုယ်အလေးထား မယ် ဆိုတဲ့ အခြေအနေမျိုးဖြစ်နေတယ်။
လာမယ့်နှစ်လယ်ပိုင်း ရွေးကောက်ပွဲတွေ ကျင်းပချိန်ကျရင် သမ္မတ ထရမ့်အနေနဲ့ နိုင်ငံရေးသြဇာအတော်ကျဆင်း သွားတာမျိုးနဲ့ ကြုံရမယ်ဆိုရင် သူ့အနေနဲ့ နိုင်င့ရေး ဧကစာရီကျင့်တာမျိုးအထိတောင် လုပ်လာနိုင်ပါတယ်။ ဥရောပပြဿနာ မှန်သမျှ နေတိုးအဖွဲ့အပေါ် တာဝန်လွှဲချတာမျိုးလုပ်လာနိုင်ပြီး အမေရိကန်အနေနဲ့ ဥရောပကို အကူအညီပေးဖို့ ခက်ခဲလာ တာမျိုး ကြုံရနိုင်ပါတယ်။
အမေရိကန် ဘယ်လဲ ဘာလဲ
လာမယ့် ၂၀၂၆ ခုနစ်ဟာ အတော်အရေးကြီးတဲ့ နှစ်ဖြစ်လာမယ့်ပုံ တွေ့ရပါတယ်။ ယူကရိန်း သမ္မတ ‘ဗိုလိုဒီမြာ ဇလန်းစကီး’ အနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးအတွက် သူ့မှာတာဝန်ရှိတယ်လို့ ခံစားသိမြင်လာနိုင်ပါတယ်။ ယူကရိန်းနယ်မြေတချို့ကို စွန့်လွှတ်လာဖွယ်ရှိပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ‘သမ္မတပူတင်’ ဘက်ကရော စစ်ရပ်ဖို့ ဘယ်၍ ဘယ်မျှ ယုံကြည်လောက်တဲ့ အာမခံချက်ပေးမှာလဲ။ နှစ်အနည်းငယ်အတွင်း ရုရှားက ယူကရိန်းကို ပြန်မတိုက်ဘူးဆိုရုံ လောက်ပဲလား။
ယူကရိန်းနဲ့ သူ့ကို ထောက်ခံအားပေးသူ ဥရောပနိုင်ငံတွေအနေနဲ့ကတော့ သူတို့ဟာ ရုရှားနိုင်ငံနဲ့ စစ်ဖြစ်နေပြီလို့ ခံစားနေကြရတယ်။ အဲဒါဟာ အတော်အရေးကြီးတဲ့ ပြဿနာလို့ ပြောရမှာပါပဲ။ ယူကရိန်းရှင်သန်ရပ်တည်ရေးအတွက် ဥရောပနိုင်ငံတွေအနေနဲ့ အတော်ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းရွက်ကြရတာဖြစ်တယ်။ ဒါပေမယ့် တကယ်လို့ များ အမေရိကန်ပြည်ထောင်စုက ယူကရိန်းအရေးကို ကျောခိုင်းပြီး မျက်နှာလွှဲခဲပစ်လုပ်သွားခဲ့မယ်ဆိုရင် ဥရောပအတွက် တော့ ဧရာမ ကြီးလေးလွန်းတဲ့ ဝန်ထုပ်ဝန်ပိုးကို ဆက်ထမ်းရမယ့်သဘောဖြစ်လာနေတယ်။
နောက်တခု စဉ်းစားစရာဖြစ်လာတာက ယူကရိန်းစစ်ကနေ နျူကလီးယားစစ်ပွဲအထိ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိ သလားဆိုတာ ပါပဲ။
ကျွန်တော်တို့ သိတဲ့ ‘ရုရှားသမ္မတပူတင်’ ဟာ လောင်းကစားသမားဖြစ်ပါတယ်။ နည်းနည်းလောက် စဉ်းစားဉာဏ် ရှိတဲ့ ခေါင်းဆောင်မျိုးဆိုရင် ၂၀၂၂ ဖေဖေါ်ဝါရီ ယူကရိန်းကျူးကျော်စစ်ပွဲကို ရှောင်ရှားကြမှာဖြစ်ပါတယ်။ ‘သမ္မတပူတင်’ကို ဝန်းရံနေတဲ့ ရာဇဝတ်မှု ကျူးလွန်ဖော်ကျူးလွန်ဖက် နောက်လိုက်တွေက ရုရှားရဲ့ အဆင့်မြင့်လက်နက်တွေကို သုံးပြီး ဗြတိန် နဲ့ ဥရောပနိုင်ငံတချို့ကို မြေပုံပေါ်ကနေ ဖျောက်ဖျက် ဖယ်ရှားပစ်ဖို့ ဆိုတာမျိုးတောင် ခြိမ်းခြောက်နေကြတယ်။ ဒါပေမယ့် ‘သမ္မတပူတင်’ကိုယ်တိုင်ကတော့ ယေဘုယျအားဖြင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပုံရပါတယ်။
လက်ရှိအချိန်အထိတော့ အမေရိကန်ပြည်ထောင်စုဟာ ‘နေတိုးအဖွဲ့’ရဲ့ တက်ကြွတဲ့ အဖွဲ့ဝင်ဖြစ်နေဆဲပါပဲ။ အခုအထိတော့ အမေရိကန်အနေနဲ့ သူပိုင်တဲ့ ဖျက်အားပြင်း နျူကလီးယားလက်နက်ကို ထုတ်သုံးဖို့ဆိုတာမျိုးအထိ လုပ်ဖို့တော့ အနေအထား မရှိသေးပါဘူး။
တရုတ်နိုင်ငံအနေအထား
တရုတ်နိုင်ငံအနေအထားကို ကြည့်ရင်တော့ ‘သမ္မတ ရှီကျင့်ဖျင်’ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ‘ထိုင်ဝမ်’ကျွန်းကို အတေိအလင်း ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတာတွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက ၂၀၂၇ ခုနှစ်မှာ ‘ထိုင်ဝမ်’ကို ဝင်ရောက်သိမ်းပိုက်ဖို့ တရုတ်ပြည်သူ့တပ်မတော်အနေနဲ့ အသင့်ပြင်ထားဖို့ ‘ရှီကျင့်ဖျင်’ က အမိန့်ပေးထား ကြောင်း အဲဒီအချိန်က စီအိုင်အေညွှန်ကြားရေးမှူး ‘ဝီလီယံ ဘန်းစ်’ က ပြောခဲ့ဖူးတယ်။ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို သိမ်း ယူဖို့ ယတိပြတ်ဆုံးဖြတ်ချက်ချတာမျိုး လုပ်မထားခဲ့ဘူးဆိုရင် ‘ရှီကျင့်ဖျင်’အနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို ပြန်ပြီ သုံးသပ် ဆင်ခြင်နိုင်ဖွယ်ရှိတယ်။ ထိုင်ဝမ်ကို စစ်ရေးအရ ဝင်ရောက်ကျူးကျော်ဖို့ သူကိုယ်တိုင်လည်း လိုလားဟန်မရှိပါဘူး။
တချို့က ထင်ကောင်းထင်ကြပါလိမ့်မယ်။ တရုတ်နိုင်ငဟာ ဒီနေ့အခါမှာ စစ်အင်အားတောင့်တင်းနေပြီ၊ အတော် လည်းချမ်းသာကြွယ်ဝနေပြီ၊ ဒါကြောင့် ပြည်တွင်းပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကျမှုကို ထည့်တွက်စရာမလိုဘူးလို့ ထင်နိုင် ပါတယ်။ အခုအချိန်မှာ အဲဒီလို စဉ်းစားလို့မရတော့ပါဘူး။ ၁၉၈၉ တန်ရှောက်ပင်ခေတ် တီယင်မိန်အရေးအခင်းဖြစ်ပွားခဲ့တုံး က အာဏာပိုင်တွေရဲ့ အလွန်အကျွံ တုန့်ပြန်ဆောင်ရွက်ခဲ့ပုံကို တရုတ်ခေါင်းဆောင်တွေ စောင့်ကြည့်ခဲ့ကြဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီတုံးက တီယင်မိန်ရင်ပြင်မှာ ဖြစ်စဉ်တွေကို စောင့်ကြည့်သတင်းယူခဲ့ဖူးပါတယ်။
၁၉၈၉ ဇွန်လ ၄ ရက်နေ့ ဖြစ်ရပ်ဟာ အဲဒီအချိန်က ကျွန်တော်တို့ ထင်သလို လွယ်ကူလှတဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။ လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ကျောင်းသားတွေကို စစ်သားတွေက ပစ်ခတ်သတ်ဖြတ်နေခဲ့တာဖြစ်ပါတယ်။ အဲဒါ အမှန်တကယ်ဖြစ်ခဲ့တာပါ။ ဒါတင်မက အခြားတဖက်မှာ နောက်ထပ်တိုက်ပွဲတခုကလည်း ဘေဂျင်းနဲ့ အခြားမြို့အတော် များများမှာ ဆက်ဖြစ်နေခဲ့ပါတယ်။ ကျောင်းသားတွေ တိုက်ခိုက်ခံရတာကို အခွင့်ကောင်းယူပြီး တရုတ်အလုပ်သမား ထောင်နဲ့ချီပြီး လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်တွန်းလှန်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အလုပ်သမားတွေ အတူတကွ လမ်းတွေပေါ်တက်လာခဲ့ကြတာပါ။
နှစ်ရက်ကြာပြီးနောက် ကျွန်တော် ကားမောင်ပြီး လမ်းတွေထဲလိုက်ကြည့်တဲ့အခါ ရဲစခန်း ၅ ခုထက်မနည်း ဖျက်ဆီးခံထားရတယ်။ လုံခြုံရေးရဲဌာနချုပ် ၃ ခု မီးရှို့ခံထားရတယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရဲသားတယောက် ကို မီးရှို့သတ်ဖြတ်ပြီး အလောင်းကို နံရံတခုမှာ ချိတ်ဆွဲထားတာတွေ့ရတယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် တရုတ်စစ်တပ်အနေနဲ့ ဆန္ဒပြတဲ့ ကျောင်းသားတွေကိုသာ နှိမ်နင်းရတာမဟုတ်ဘဲ သာမန်တရုတ်ပြည်သူလူထုကြီးရဲ့ ဆူပူအုံကြွမှုနဲ့ပါ ရင်ဆိုင်ခဲ့ ကြရတာဖြစ်တယ်။
တရုတ်နိုင်ငံရေးခေါင်းဆောင်မှုအပိုင်း တာဝန်ရှိသူတွေဟာ ၃၆ နှစ်ကြာခဲ့ပြီဖြစ်တဲ့ တီယင်မိန်အရေးအခင်းကို အခုထက်တိုင် မေ့ဖျောက်ပစ်လို့ မရနိုင်သေးဘဲ ရှိနေတယ်။ ဒါကြောင့် ဆန်ုကျင်ဘက် အတိုက်အခံတွေရဲ့ အရိပ် လက္ခဏာ ကိုလည်း အမြဲသတိထားစောင့်ကြည့်နေကြရတယ်။ ဖာလန်ဂေါင်းလို အဖွဲ့မျိုးပဲဖြစ်ဖြစ်, လွတ်လပ်တဲ့ ခရစ်ယန်ဘာသာရေး အဖွဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟောင်ကောင်က ဒီမိုကရေစီလှုပ်ရှားမှုမျိုးပဲဖြစ်ဖြစ်၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေရဲ့ လာဘ်စားမှုကို မကျေနပ်လို့ ဆန္ဒပြတာပဲ ဖြစ်ဖြစ်၊ တရုတ်အစိုးရက အင်အားသုံး ဖိနှိပ်ရှင်းလင်းပစ်တာပါပဲ။
ကျွန်တော် ၁၉၈၉ ခုနှစ်ကစပြီး တရုတ်နိုင်ငံမှာ အချိန်အတော်ကြာကြာ နေထိုင်ပြီး သတင်းပေးပို့ခွင့် ရခဲ့ပါတယ်။ တရုတ်ပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပုံကနေ နိုင်ငံရေးအရ သြဇာကြီးလာပုံတွေအထိ သတင်းတွေ ရေးခဲဖူးပါတယ်။ ကျွန်တော် ‘ရှီကျင့်ဖျင်’ရဲ့ နိုင်ငံရေးအရ အဓိကပြိုင်ဘက်ြဖစ်တဲ့ ‘ဘိုဇီလိုင်’ နဲ့တောင် သိကျွမ်းခဲ့ဖူးပါတယ်။ ‘ဘိုဇီလိုင်’က အင်္ဂလိပ်တွေကို အတော်အထင်ကြီးလေးစားတဲ့သူဖြစ်တာတွေ့ရတယ်။ တရုတ်နိုင်ငံရေးအကြောင်း ပြောတဲ့အခါ အံ့သြ လောက်အောင် ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူဖြစ်ပါတယ်။
တခါက သူ ကျွန်တော့်ကို ပြောဖူးတာရှိတယ်။ “ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရမဟုတ်တဲ့အတွက်ကြောင့် ဘယ်လောက်တောင် လုံခြုံမှု စိတ်မချရသလဲဆိုတဲ့ ခံစားချက်မျိုးကို ခင်ဗျားနားလည်နိုင်လိမ့်မယ် မထင်ပါဘူးဗျာ။” လို့ သူပြောခဲ့ဖူးပါတယ်။
‘ဘိုဇီလိုင်’ ကို ၂၀၁၃ ခုနှစ်က လာဘ်စားမှု၊ ငွေကြေးအလွဲသုံးမှုနဲ့ အာဏာ အလွဲသုံးမှု စွဲချက်တွေနဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့တယ်။
အခြေအနေတေါကို ပေါင်းရုံးသုံးသပ်ရရင် ၂၀၂၆ ခုနှစ်ဟာ အတော်အရေးကြီးတဲ့နှစ် ဖြစ်လာမယ့် သဘောရှိပါ တယ်။ တရုတ်နိုင်ငံဟာ အတော်အင်အားကြီးလာနေတယ်။ ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ဖို့လည်း မဟာဗျူဟာ ချထားပြီး ဖြစ်တာတွေ့ရတယ်။ ‘ရှီကျင့်ဖျင်’ ကလည်း အတော် ရည်မှန်းချက်ကြီးမားလာတာလည်း ထင်ထင်ရှားရှားတွေ့လာရတယ်။
ယူကရိန်းစစ်ပွဲက ဆွေးနွေး ဖြေရှင်းလို့ ပြေလည်ကောင်း ပြေလည်သွားနိုင်ပါတယ်။ ဒါကလည်း ‘ရုရှားသမ္မတ ပူတင်’ စိတ်တိုင်းကျမှ ဖြစ်မှာပါ။ ယူကရိန်းပိုင်နယ်မြေတွေကို ပိုမို စိတ်တိုင်းကျရယူဖို့ သူအဆင်သင့်ဖြစ်ပြီလို့ ယူဆတဲ့ အချိန်မှာ ပူတင် ပြန်ပြီးလှုပ်ရှားလာနိုင်ပါတယ်။
အမေရိကန်‘သမ္မတ ထရမ့်’ အနေနဲ့ကတော့ နိုဝင်ဘာလ ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ နိုင်ငံရေးအားအင်ဖြစ်တဲ့ တောင်ပံတွေ အဖြတ်အညှပ်ခံရနိုင်ဖွယ် ရှိနေတယ်။ အဲဒီလိုဖြစ်ခဲ့ရင် ‘သမ္မတ ထရမ့်’ အစိုးရအနေနဲ့ ဥရောပနိုင်ငံတွေနဲ့ ပိုပြီး ခပ်ခွာခွာနေသွားပါလိမ့်မယ်။
ဥရောပနိုင်ငံတွေရဲ့ ရှုထောင့်ကကြည့်ရင်တော့ မြင်ကွင်းဟာ ပိုမိုအုံ့မှိုင်းပြီး စိတ်မကြည်လင်ဖွယ်တွေ့ရနိုင်ပါတယ်။
တကယ်လို့များ သက်ဆိုင်ရာ ခေါင်းဆောင်များအနေနဲ့ တတိယ ကမ္ဘာစစ်မှာ နျူကလီးယားလက်နက် သုံးမှ ဖြစ်မယ်လို့ ယူဆရင်တော့ အသေအချာ ပြန်စဉ်းစားကြပါလို့ ပြောပါရစေ။ သံခင်းတမန်ခင်းတွေ စစ်ရေးအင်အားပြမှုတွေနဲ့ ထပ်တလဲလဲ လုပ်နေကြတာကလည်း လိုတာထက်ပိုများနေတဲ့အတွက် လူနည်းစုအာဏာရှင်တွေပဲ ထင်ပေါ်လာမယ့်ပုံ တွေ့ရပါတယ်။ ဒီအတိုင်ဆက်လုပ်နေကြမယ်ဆိုရင်တော့ အနောက်နိုင်ငံမဟာမိတ်အင်အားစု ပြိုကွဲသွားပါလိမ့်မယ်။ အခြေအနေကလည်း ဒီအတိုင်းစတင် ရွေ့ရှားနေပြီဖြစ်ပါတယ်။
Reference:
John Simpson: 'I've reported on 40 wars but I've never seen a year like 2025' https://www.bbc.com/news/articles/cj4qp17e1lqo
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar